"အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံနဲ့ မြောက်ပိုင်းဒေသအခြေအနေတွေနဲ့ ပတ်သက်လို့ အထူး စိုးရိမ်ပြီး နိုင်ငံတွင်း စစ်ပွဲတွေဖြစ်ပွားတာကို အခိုင်အမာဆန့်ကျင်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေအမြန်ဆုံး ပုံမှန် ပြန်ပြီး အေးဆေးတည်ငြိမ်လာဖို့ မျှော်လင့်ပါတယ်။" (Mao Ning - တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ)
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာ စစ်အင်အားဖြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို AA အာရက္ခတပ်တော်နဲ့ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာတချို့မီးလောင်ပျက်စီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်အပြင်ဘက်နားမှာ မနေ့ နိုဝင်ဘာ ၂၅ ရက်နေ့နှောင်းပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့နဲ့ အကျဥ်းကျခံထားရတဲ့ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ထောက်ခံသူတွေကြား ထိပ်တိုက်ရင်ဆိုင် အဓိကရုဏ်းဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး၊ ရဲအရာရှိ ၁ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဘက်ကနေ တရားမဝင်သယ်ဆောင်လာတဲ့ မက်သာအက်ဖာတမင်း (methamphetamine) မူးယစ်ဆေး ၅ ဒသမ ၅ တန်ကို အိန္ဒိယကမ်းခြေစောင့်တပ်က အင်္ဂါနေ့က ဖမ်းဆီးမိခဲ့ပါတယ်။ ဒါဟာပမာဏအများဆုံးဖမ်းဆီးမိတာဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်တွေက ထုတ်ဖေါ်ကြေညာပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ Donald Trump နိုင်သွားတဲ့အတွက် နေတိုးမဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်နဲ့ ခက်ခဲကြမ်းတမ်းမယ့် ဆက်ဆံရေး ရှိလာမယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။ ဒီအကြောင်း Henry Ridgwell သတင်းပေးပို့ထားတာကိုငြိမ်းချမ်းတင်ပြမှာပါ။
တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဂိတ်ကနေ တရုတ်စားသောက်ကုန်နဲ့ အဝတ်အထည်တွေကို တနိုင်တပိုင် သယ်ယူခွင့်ကို အခုရက်ပိုင်းထဲ တရုတ်ဘက်က ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က သမ္မတအဖြစ် တာဝန်ယူတဲ့ ပထမဆုံးနေ့မှာ အိမ်နီးချင်း မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ပြီး၊ တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကိုတော့ နောက်ထပ် ၁၀ ရာခိုင်နှုန်းတိုးကောက်မယ်လို့ ပြောလိုက်ပါတယ်။
ထိုင်း- မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မှာအခြေစိုက်တဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ရဲ့ ၁၇၁ စစ်ဒေသက တပ်စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံး ထားဖယ်ရှားဖို့ ထိုင်းနိုင်ငံဘက်က တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာအရေးပြေလည်စေဖို့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ နိုင်ငံတကာအဆင့်မှာ ပူးပေါင်း ဆောင်ရွက်သွား မယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တူရကီသံအမတ်ကြီးက မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ထွေထွေအတွင်းရေးမှူး Mirza Fakhrul Islam Alamgir နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။
ယူကေနိုင်ငံက ဇိမ်ခံသင်္ဘောတွေဆောက်လုပ်တဲ့ နာမည်ကြီးကုမ္ပဏီတခုကို တင်သွင်းခွင့်တားမြစ် ထားတဲ့ မြန်နိုင်ငံကကျွန်းသစ်တွေ ဝယ်ယူအသုံးပြုမှုနဲ့ ပေါင်ငွေ ၃ သိန်းခွဲကျော် ဒဏ်ကြေးနဲ့ သိမ်းဆည်းမှုတွေလုပ်ဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။
ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တဲ့စစ်ပွဲ ၃ နှစ်နီးပါးကြာလာချိန်မှာ လက်နက်မျိုးစုံကို တိုးမြှင့်အသုံးပြုလာနေတဲ့အပေါ် ရွေးကောက်ခံသမ္မတ Donald Trump က အထူးစိုးရိမ်နေကြောင်း သူ့အစိုးရသစ်မှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အဆိုပြုထားတဲ့ Michael Waltz က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံး ဆွေးနွေးဖြေရှင်းကြဖို့ ၊ ရေရှည်တည်မြဲမယ့် ငြိမ်းချမ်းရေးရဖို့ ရိုးရိုးသားသားနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ကြဖို့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါတယ်။
ထိုင်ဝမ်မှာ ကျင်းပတဲ့ ၂၀၂၄ ရွှေမြင်းဆုပေးပွဲမှာတော့ တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ဘေးအကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားနဲ့ လိင်တူချစ်သူတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေက အဓိက ဆုကြီးတွေ ဆွတ်ခူးသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှား မိုင်းလက်နက် ထုတ်လုပ်အသုံးပြုမှုတွေရပ်တန့်ဖို့ ပုပ်ရဟန်း မင်းကြီးနဲ့ ကုလသမဂ္ဂအကြီးအကဲတို့က ဒီကနေ့ပဲ တိုက်တွန်းလိုက်ကြပါတယ်။
ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲတွေမှာအဆုံးအဖြတ်ပေးမယ့် အဆင့်ကိုရောက်လာနေပြီး အမေရိကန်မှာ အစိုးရအပြောင်းအလဲမဖြစ်ခင် သံတမန်ရေးအရဖြေရှင်းဖို့ ဖိအားတွေ တိုးလာနေချိန်မှာပဲ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G-7 နိုင်ငံခြားရေးဝန်ကြီးတွေ အီတလီနိုင်ငံမှာ ဒီကနေ့ တွေ့ဆုံကြပါတယ်။
ရခိုင်ပြည်နယ် ဂွ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ အန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ အသင့်ရှိကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
ကေပေါ့ဂီတဆုပေးပွဲ ၂၀၂၄ ခုနှစ် MAMA ဂီတဆုပေးပွဲကို အိုဆာကာမြို့က ကျိုဆဲရာဒုံးမှာ နိုဝင်ဘာ ၂၃ ရက်နေ့ စနေနေ့က အပြီးသတ်ကျင်းပခဲ့ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံဆိုင်ရာသံရုံးတချို့က ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ကြသလို NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် နိုင်ငံရေးအင်အားစုတွေက အမျိုးသားနေ့ကို ဂုဏ်ပြုကြ- ဖားကန့်အပါအဝင် ဒေသတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြပါတယ်။
အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပထမ မူဝါဒသိပ္ပံ AFPI ရဲ့ ဥက္ကဌဖြစ်သူ Brooke Rollins ကို စိုက်ပျိုးရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သူဟာ အမေရိကန် တောင်သူလယ်သမားတွေကို အကာကွယ်ပေးဖို့ ဦးဆောင်နိုင်မှာဖြစ်ကြောင်း ထရမ့်ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်