မြန်မာနိုင်ငံမှာရှိနေတဲ့ အင်တာနက်နဲ့တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီတွေက နိုင်ငံခြားသားအကြီးတန်းတာဝန်ရှိသူတွေ မြန်မာပြည်ထဲကနေ ခွင့်ပြုချက်မရှိဘဲ ထွက်ခွါခွင့်ပိတ်ပင်ကြောင်း ရိုက်တာသတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ဧပြီလကစပြီး Covid-19 ကပ်ရောဂါ တတိယလှိုင်းနဲ့ရင်ဆိုင်နေရတဲ့ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့တရက်တည်း သေဆုံးသူ ၅၀ နဲ့ ပိုးကူးသူသစ် ၆,၀၀၀ ကျာ်ရှိနေပါတယ်။
မြန်မာနိုင်ငံရောက် (ASEAN) ကိုယ်စားလှယ်ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof ၊ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တနာရီကျော်ကြာတွေ့ဆုံခဲ့ပြီး မြန်မာပြည်တွင်း လတ်တလောအခြေအနေတွေနဲ့ အာဆီယံ၊ ကိုဗစ်ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဂျပန်ရေလက်ကြားမှာ ကုန်တင်သဘောြင်္ကီးတစ်စီးနဲ့ မြန်မာသင်္ဘောသားတွေပါတဲ့ ဓာတုပစ္စည်းတင်သဘောြင်္ကီးတစ်စီး တိုက်မိပြီး ဂျပန်ကုန်တင်သဘောင်္ဘက်က သင်္ဘောသား သုံးဦးပျောက်ဆုံးနေပါတယ်။
နစက စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေကြား တိုက်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ကို သူတို့ပစ်ချခဲ့တာလို့ KIA ကပြောပါတယ်။ရန်ကုန်ကလာတဲ့ မိုးမောက်မြို့နယ်က တိုက်ပွဲသတင်းကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးခုကို ခိုင်မာတဲ့လုပ်ဆောင်မှုနဲ့ အကောင်အထည်ဖော်ရမယ်လို့ SAC-M က တိုက်တွန်းလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
အခု သီတင်းပတ်ထဲ ကျင်းပနေတဲ့ ပြင်သစ်၊ ဩစတြေးလျနဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဒေသဆိုင်ရာ လုံခြုံရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ် နေတဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေအကြောင်း ထုတ်ဖော် ပြောဆိုဝေဖန်ဆွေးနွေးခဲ့ကြတဲ့အကြောင်း IndiaExpress သတင်းဌာနက ရေးထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအနီးမှာ ဒီနေ့မနက်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ကချင်ပြည်နယ် ဖားကန့်၊ တနိုင်းမြို့နယ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ဘက်တွေမှာလည်း တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။
်ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲလို့ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေပါ ပါနေတဲ့အပေါ် အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အပြင်းအထန် ပြစ်တင်ဝေဖန်နေပါတယ်။
အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ သြစတြေးလျနိုင်ငံသား ပါမောက္ခ Sean Turnell ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သြစတြေးလျနိုင်ငံက ထပ်မံတောင်းဆိုလိုက်ပါတယ်။
မတ်လ ၂၇ ရက်ကို တော်လှန်ရေးနေ့အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံတဝှမ်း ချီတက်ဆနပြပွဲ မှတ်တမ်းဓာတ်ပုံများအား AP, AFP, Reuters တို့ကသာမက အရပ်သားသတင်းထောက်များက ခွင့်ပြုချက်ပေးထားတဲ့ ပုံတချို့ကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ပတ်သက်လို့ နိုင်ငံတကာက ကြေညာချက်အသီးသီး ထုတ်ပြန်ကန့်ကွက်ရာမှာ “၇၆ ကြိမ်မြောက် တပ်မတော်နေ့ကို အကြမ်းဖက်နေ့၊ ဂုဏ်ကျက်သရေ ညိုးနွမ်းဖွယ်နေ့အဖြစ် ထာဝရမှတ်ကျောက်တင်ရတော့မှာဖြစ်ကြောင်း” လို့ EU ကြေညာချက်မှာပါရှိပါတယ်။
မတ်လ ၂၁ ရက်၊ ပြည်တွင်းပြည်ပ ဆန္ဒပြပွဲနဲ့ ဖြိုခွဲနှိမ်နင်းခံရတဲ့မြင်ကွင်းတချို့။ မတျလ ၂၁ ရကျ၊ ပွညျတှငျးပွညျပ ဆန်ဒပွပှဲနဲ့ ဖွိုခှဲနှိမျနငျးခံရတဲ့မွငျကှငျးတခြို့
မြန်မာနိုင်ငံမှာ စစ်နဲ့ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ အရှိန်မြင့်နေတဲ့ကြားကပဲ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူတွေကလည်း အာရုံမတက်ခင်ဆန္ဒပြတာ၊ ဆိုင်းဘုတ်တွေချထားတဲ့ လူမဲ့သပိတ်စသဖြင့် အကြမ်းဖက်ဖြိုခွဲမခံရရေး နည်းမျိုးစုံသုံး ရှောင်ရှားပြီး ဆက်လက်ဆန္ဒပြနေကြပါတယ်။
မန္တလေးမြို့မှာ ထိုင်သပိတ်မှောက်နေခဲ့ကြတဲ့ ဆရာ ဆရာမတွေ၊ ဆေးဘက်ဝန်ထမ်းတွေနဲ့အင်ဂျင်နီယာတွေ စတဲ့ထောင်ပေါင်းများစွာကို အကြမ်းဖက်ဖြိုခွဲခဲ့သလို ပခုက္ကူ၊ မုံရွာ၊ လာရှိုး၊ ပုဂံညောင်ဦးတို့မှာလည်း အကြမ်းဖက်ဖြိုခွဲမှုတွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးတွေရှိရာ အဆောက်အဦးရှေ့မှာ ထိုင်းနိုင်ငံရောက်မြန်မာတွေ စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြခဲ့ကြသလို ထိုင်ဝမ်မှာလည်း အလားတူ ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားနေတဲ့ ပုဂ္ဂလိကပိုင်ဘဏ်တွေကို နက်ဖြန် မတ်လ ၈ ရက်နေ့မှာ ပြန်ဖွင့်ဖို့၊ ဘဏ်တွေပြန်မဖွင့်ရင် အရေးယူဆောင်ရွက်သွားဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ဆုံးဖြတ်ထားတဲ့အကြောင်း ဗဟိုဘဏ်က မတ်လ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာ ၁.၉ တြီလျံသုံးစွဲမယ့် ကိုဗစ်ကပ်ရောဂါကလ ထောက်ပံ့ရေး ဥပဒေကြမ်းကို အထက်လွှတ်တော်အမတ် ၁၀၀ ထဲမှာ ရီပတ်ဗလစ်ကန်က်ခံထောက်ခံမဲ မပါဘဲ ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၄၉ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။အထက်လွှတ်တော်က စနေနေ့မှာ အတည်ပြုလိုက်ပါတယ်။
“စစ်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား သားကောင်ဖြစ်ခဲ့ရသူတွေအတွက် ပိုပြီးကျယ်ကျယ်လောင်လောင် ဆုတောင်းပေးရပါမယ်။.... ဘာသာယဉ်ကျေးမှုစုံထွန်းကားရာ၊ ရှေးဟောင်းဝတ်ပြုဆုတောင်းရာ ဒီနေရာကို အခုလို ရက်ရက်စက်စက် ဖိနှိပ်ဖျက်ဆီးခံရတာဟာ သိပ်ကို ရက်စက်ရာကျပါတယ်။” (ပုပ်ရဟန်းမင်း ဖရန်စစ်၊ အီရတ်နိုင်ငံရောက်စဉ်)
နောက်ထပ်ကြည့်ရှုရန်