တရုတ်ရဲ့ ခြိမ်းခြောက်မှု ကြီးမားလာတာကို တန်ပြန်တဲ့အနေနဲ့ ဂျပန်နိုင်ငံက တာဝေးပစ် ခရုဇ်ဒုံးကျည် ၁၀၀၀ ကျော်ကို ချထားဖို့ စဉ်းစားနေကြောင်း Yomiuri Shimbun သတင်းစာက တနင်္ဂနွေနေ့က ဆိုပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းက လယ်သမားတွေဟာ ဒေသတွင်း ကာလရှည်ကြာဖြစ်ပေါ်နေတဲ့ မိုးခေါင် ရေရှားမှုနဲ့ အပူလှိုင်းဒဏ်တွေကြောင့် ကောက်ပဲသီးနှံတွေကို ကာကွယ်နိုင်ဖို့ ကြိုးစား လုပ်ဆောင်နေကြတယ်လို့ အစိုးရပိုင် CCTV သတင်းမှာ ဖော်ပြပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ၆ လပြည့် အထိမ်းအမှတ်ကျင်းပဖို့ ယူကရိန်းက ပြင်ဆင်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ တနေ့ကျရင် မြန်မာပြည်ကို ပြန်ကြရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ကို ဝန်ကြီးချုပ် Sheikh Hasina က ပြောကြားခဲ့တာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
မုတ်သုန်မိုးသည်းပြီး ရေကြီးမြေပြိုတာကြောင့် အိန္ဒိယမြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အနည်းဆုံး လူ ၅၀ သေဆုံးသွားကြတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောကြပါတယ်။
ရုရှားသမ္မတ Vladimir Putin ရဲ့ မဟာမိတ်တစ်ယောက်ရဲ့ သမီးဟာ Toyota Land Cruiser ကားကို မောင်းသွားရင်း ပေါက်ကွဲသွားတာကြောင့် သေဆုံးသွားပါတယ်။
တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ကားမတော်တဆမှုကို ကူညီကယ်ဆယ်ရေး လုပ်နေကြတဲ့ လမ်းပေါ်က လူအုပ်ထဲကို နောက်ထပ် ကားနဲ့ ဝင်တိုက်မိတဲ့အတွက်ကြောင့် အနည်းဆုံး လူ ၃၂ သေဆုံးကုန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘာပေါ်က စားနပ်ရိက္ခာလိုအပ်နေတဲ့ ဒေသတွေကို တင်ပို့ဖို့ ရှေ့လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ယူကရိန်းက ကောက်ပဲသီးနှံ မက်ထရစ်တန်ချိန် ၁သိန်းခွဲလောက် အမေရိကန်က ဝယ်ယူဖို့ စီစဉ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြီးအကဲက ပြောပါတယ်။
ခရိုင်းမီးယားဒေသမှာ ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်က အဝေးထိန်း ဒရုန်းယာဉ်တစင်းကို စနေနေ့က ပစ်ချလိုက်ကြောင်း ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ ပင်လယ်နက်ဒေသ ရုရှားရေတပ်ဌာနချုပ်မှာ အခုလို ကြုံရတာ သီတင်း ၃ ပတ်အတွင်း ဒါဟာ ဒုတိယအကြိမ်ပါ။
ယူကရိန်းမှာ ရုရှားသိမ်းပိုက်ထားတဲ့ ဥရောပတိုက်ရဲ့အကြီးဆုံး နျူကလီယား ဓါတ်အားပေးစက်ရုံ ဇက်ပိုရစ်ရှား - Zaporizhzhia ကို IAEA နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ စစ်ဆေးရေးမှုးတွေ ဝင်ရောက်စစ်ဆေးခွင့်ပေးရေး ရုရှားသမ္မတ Vladimir Putin က ပြန်စဉ်းစားနေတယ်လို့ ပြင်သစ်သမ္မတရုံးက ပြောကြားခဲ့ပါတယ်။
တူရကီနိုင်ငံမှာ ရောက်နေတဲ့ ယူကရိန်းကောက်နှံတင် သင်္ဘောတစီးကို တာဝန်ရှိသူတွေ စစ်ဆေးတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကိုယ်တိုင်လေ့လာခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး မျောက်ကျောက်ရောဂါ အကူးစက်ခံရသူကို တွေ့ရတယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ကြေညာပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကြောင့် ရုရှားရဲ့ထွက်ကုန်တွေကို အနောက်နိုင်ငံတွေက မဝယ်ဘဲ၊ ပစ်ပယ်ထားချိန်မှာ တရုတ်က ရုရှားရဲ့ကျောက်မီးသွေးတွေကို မနှစ်ကထက် ၁၄% တိုးပြီး လျှော့ဈေးနဲ့ ဝယ်ယူခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို တဖက်သတ် ဖော်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ အထူးကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်က နိုင်ငံတကာရဲ့ အထင်အမြင်လွဲမှားစရာ ဖြစ်ရတယ်လို့ဖေါ်ပြပါတယ်။
ရုရှားနိုင်ငံက ရေနံထွက်ပစ္စည်း မက်ထရစ်တန် (၁)သန်း တင်သွင်းဖို့ စကားပြောနေကြောင်း အာဖဂန်တာလီဘန်တွေက ပြောပါတယ်။ အပြန်လှန်အားဖြင့် အာဖဂန်ထွက် စပျစ်သီးခြောက်၊ ဆေးဖက်ဆိုင်ရာသုံး ကုန်ကြမ်းတွေနဲ့ ဓါတ်သတ္တုပစ္စည်းတွေကို ရုရှားနိုင်ငံဆီ တင်ပို့ဖွယ် ရှိနေပါတယ်။
လာမဲ့ နိုဝင်ဘာလ အတွင်း အင်ဒီုနီးရှားနိုင်ငံ၊ ဘာလီကျွန်း မှာ ပြုလုပ်ကြမဲ့ G 20 ခေါ် စက်မှုအင်အားကြီး နိုင်ငံ ၂ဝ ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ရုရှား သမ္မတ Vladimir Putin နဲ့ တရုတ် သမ္မတ Xi Jinping တို့ တက်ရောက်ကြလိမ့်မယ်လို့ အင်ဒိုနီးရှား သမ္မတနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီး စစ်ကောင်စီက နိုင်ငံခြားငွေ လဲလှယ်မှုကို တင်းကြပ်စွာ ထိန်းချုပ်လိုက်တာအပြင် ပို့ကုန် သွင်းကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ လွဲမှားတဲ့ အစီအမံတွေကြောင့် ပြည်သူတွေဟာ တဖြည်းဖြည်း ဆင်းရဲတွင်း နက်လာနေကြပါတယ်။
၂၀၂၂ခုနှစ် သြဂုတ်လ ၁၇ရက်နေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးအထိမ်းအမှတ် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ချောတိုင်တက်ပြိုင်ပွဲ ကျင်းပနေကြတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် မလုပ်ဖြစ်တဲ့ လွတ်လပ်ရေးနေ့အခမ်းအနားတွေကို ၂နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည် ဆင်နွှဲခွင့်ရတာလည်းဖြစ်ပါတယ်။
ယူကရိန်းသမ္မတဇလန်းစကီးဟာ တူရကီသမ္မတအာဒိုဂန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတားရက်စ်တို့ကို သြဂုတ်လ ၁၈ရက်နေ့က ယူကရိန်းနိုင်ငံ လဗိဗ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်