ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲက အမျိုးသမီး အများစု အပါအဝင် ပြစ်ဒဏ်ချခံပြီးသူ ၁၇၀ ကျော်ကို ထိုင်းနိုင်ငံက မြန်မာအာဏာပိုင်တွေထံ လွဲှပေးလိုက်ပါတယ်။
အဓမ္မဖမ်းဆီးသွားပြီး လက်စဖျောက်ပစ်တာ၊ ဥပဒေမဲ့ သတ်ဖြတ်တာ၊ညှဉ်းပန်းနှိပ်စက်တာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဘက်မလိုက်ပဲ၊ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်း စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နဲ့ အကျဉ်းသားလဲလှယ်ရေး အတွက် အီရန်က ပြင်ဆင်ထားကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ တဦးကို ကိုးကားပြီး အီရန် သတင်းက ဖော်ပြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့က ဗလီကျောင်းတခုမှာ ဗုဒ္ဓဟူးနေ့ မူဆလင်တွေ ဝတ်ပြုနေစဉ်အတွင်း အင်အားပြင်း ဗုံးတလုံးပေါက်ကွဲ တာကြောင့် ဒါဇင်နဲ့ချီတဲ့ ဝတ်ပြုဆုတောင်းသူတွေ သေဆုံးခဲ့ရတယ်လို့ တာလီဘန်အာဏာပိုင်တွေနဲ့ ဆေးရုံအသိုင်းအဝိုင်းက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် Noeleen Heyzer မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗုဒ္ဓဟူးနေ့က စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ ပဋိပက္ခတွေ လျော့ပါးရေး အလေးထား ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ယူကရိန်းသမ္မတ၊ တူရကီသမ္မတတို့နဲ့ ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာ ကြာသပတေးနေ့ တွေ့ဆုံမှာဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တဲ့ မြန်မာစစ်ကောင်စီ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်သစ်အစိုးရက အင်္ဂါနေ့က ရှုတ်ချလိုက်ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့လည်း ထပ်လောင်းပြီး တိုက်တွန်းလိုက်ပါတယ်။
ယူကေမှာ အပူလှိုင်းဖြတ်နေတဲ့အတွက် ဒါကိုဖြတ်သန်းဖို့ အကောင်းဆုံးနည်းလမ်းတခုက ရေစိမ်တာပါ။ ဒါပေမယ့် ကိုယ်က အားလပ်ချိန်မှာ စစ်တုရင်ကစားရတာကိုလည်း ကြိုက်တယ်ဆိုရင် အဲဒီနှစ်ခုကို တခါတည်း ပေါင်းလုပ်နိုင်ပါသလား။ လန်ဒန်မှာတော့ ဒီနှစ် ကမ္ဘာ့ရေငုပ်စစ်တုရင်အားကစားပြိုင်ပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ ၊ ကရင်ပြည်နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ဧရာမ လောင်းကစား လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား တဦးကို မကြာသေးခင်က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူကို မူရင်း တရုတ်နိုင်ငံကို ပြန်လည် လွှွဲအပ်မယ်လို့ တနင်္လာနေ့က Reuters သတင်းဌာနကို ပြောပါတယ်။
ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ၁၂ လအတွင်း လူဦးရေကျဆင်းလာတာကို ဒေတာ အချက်အလက်တေတွေမှာ တွေ့ရပါတယ်။ ကမ္ဘာ့အာရှမြို့တော်လို့ သူ့ကိုယ်သူ တင်စားခေါ်ဝေါ်နေတဲ့ ဟောင်ကောင်ရဲ့ပုံရိပ်ဟာလည်း လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ရော တင်းကြပ်တဲ့ ကပ်ရောဂါကန့်သတ်ချက်တွေကြောင့်ပါ ကျဆင်းလာခဲ့ရတာပါ။
အာဖဂန်နစ္စတန်နိုင်ငံမှာ ဆောင်းတွင်းရောက်တော့မယ့်အချိန်မှာပဲ လူသားချင်းစာနာမှု အကူအညီတွေ နည်းပါးလာတဲ့အတွက် သန်းနဲ့ချီတဲ့ပြည်သူတွေ အစာရေစာပြတ်လတ်မှုဘေးနဲ့ ရင်ဆိုင်ရတော့မယ်လို့ အာဖဂန်ဆိုင်ရာ ထိပ်တန်း ကုလသမဂ္ဂအရာရှိတယောက်က ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဒီနှစ်အတွင်း ဒုတိယ အကြိမ်အနေနဲ့ သူမှာ ကိုဗစ်ကပ်ရောဂါ စမ်းသပ်တွေ့ရှိနေပြီး သိပ်မပြင်းထန်ဘူးလို့ တနင်္လာနေ့က ပြောပါတယ်။ အလုပ်တွေကိုတော့ ပုံမှန်အချိန်ဇယားအတိုင်း အိမ်မှာပဲ အွန်လိုင်းကနေ ဆက်လက်လုပ်ကိုင်သွားမယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်ကောင်စီ တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည် ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၆ နှစ် စီရင်ချက် ချမှတ်တာဟာ တရားမျှတမှုမရှိတဲ့အတွက် ရှုတ်ချလိုက်ကြောင်း နဲ့ သူကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ဥရောပ သမဂ္ဂ EU ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ အကြီးအကဲ Josep Borrell တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။
ပီရူးနိုင်ငံ လီမာမြို့တော်က ဘတ်စ်ကားဒရိုင်ဘာတဦးဟာ သြဂုတ်လ ၁၁ရက်နေ့က ရဲအတားခံရပြီး အဖမ်းခံရမယ့်အစား ကားကို ရပ်မပေးဘဲ အတင်းမောင်းပြေးခဲ့ပါတယ်။
စာရေးဆရာ Salman Rushdie ကို ဓားနဲ့ထိုးတိုက်ခိုက်တာ ကန့်ကွက်ရှုတ်ချကြောင်း စာရေးဆရာမ JK Rowling က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီးနောက် သူမကို အွန်လိုင်းကနေ ခြိမ်းခြောက်တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းနေကြောင်း စကော့တလန် ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရာဇဝတ်ကြောင်းအရ စွဲဆိုထားတဲ့အမှု အတော်များများကို ဒီကနေ့ သြဂုတ်လ ၁၅ ရက် တနင်္လာနေ့မှာ မြန်မာစစ်ကောင်စီ တရားရုံးကနေ ဆုံးဖြတ်ချက်ချဖို့ စီစဉ်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ သူအပေါ်ချမှတ်ထားတဲ့ အမှုတခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ထားပါတယ်။
တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ထဲမှာ ရုတ်တရက်ရေကြီးခဲ့တာကြောင့် လူ ၇ ဦးထက်မနည်းသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ကြောင်း တရုတ်အစိုးရပိုင် CCTV သတင်းဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။
ကုလလူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ရှေ့သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလည်အပတ်လာရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတွင်းခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေး နိုင်ငံတကာရဲ့အကူအညီတွေ ဘင်္ဂလားဒေ့ရှ်က ဆက်ပြီးတောင်းဆိုလိုက်တဲ့အချိန်မှာပဲ မဟာမင်းကြီး လာတာဖြစ်ပါတယ်။
ရေနံဈေးတွေတက်တာ၊ ရောင်းရတဲ့ပမာဏ ပိုများခဲ့တာနဲ့ ရေနံသန့်စင်ရေးစက်ရုံတွေကရတဲ့ အမြတ်အစွန်းငွေက ပိုမိုကြီးမားတာတွေကြောင့် ဆော်ဒီအာရေးဗီးယားက နိုင်ငံပိုင် ရေနံကုမ္ပဏီ Aramco က အခုနှစ် ဒုတိယ ၃ လပတ်မှာ ရရှိတဲ့ အမြတ်ငွေဟာ ၉၀% ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ကြိုတင်ခန့်မှန်းထားတာထက် အများကြီးကျော်လွန်နေတာပါ။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်းစ္စီပလိုစီ အလည်အပတ်ရောက်ရှိခဲ့ပြီး ၁၂ ရက်အကြာမှာပဲ၊ တိုင်ဝမ်ကျွန်းကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာပါတယ်။ မ
နောက်ထပ်ကြည့်ရှုရန်