မြန်မာနိုင်ငံ ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုက ရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ အားလုံးက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ် ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၂၂၅ ဦးရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဇွန်လ ၂၈ရက်၊ ည၈နာရီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရက်ထဲ ပိုးတွေ့သူအရေအတွက် အများဆုံးလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေပြီး စစ်တပ်ဘက်ကလည်း အင်အားသုံးဖြိုခွင်းနေတာကြောင့် အရပ်သားပြည်သူတွေ အကြီးအကျယ် ထိခိုက်မယ့် အန္တရယ် ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG က အစီရင်ခံစာ ထုတ်ပြန် သတိပေး
အီရတ်နဲ့ ဆီးရီးယား နယ်စပ်နားက အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုတွေရဲ့ အဆောက်အအုံသုံးခုကို လေကြောင်းကတိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ပင်လယ်နက်အတွင်း ဗြိတိန်စစ်သင်္ဘောနဲ့ ရုရှားတို့ အခင်းဖြစ်ပွားခဲ့မှု အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကန့်သတ်လျှို့ဝှက် အထောက်အထားတွေကို အင်္ဂလန်တောင်ပိုင်း ဘတ်စ်ကားမှတ်တိုင်တခုမှာ တွေ့ရှိခဲ့တယ်လို့ BBC ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက တနင်္ဂနွေနေ့မှာ ရေးသားပါတယ်။
တရုတ်ရဲ့ ခြိမ်းခြောက်မှုအန္တရာယ် သိသိသာသာ တိုးလာနေတဲ့ အိန္ဒိယဟာ သူ့ရဲ့ နိုင်ငံတော်လုံခြုံရေးကို ပူပန်လာပြီး အာကာသမှာပါ စစ်ရေးစွမ်းဆောင်မှု တိုးလာဖို့ လုပ်နေပြီလို့ အိန္ဒိယ လုံခြုံရေး၊ မဟာဗျူဟာနဲ့ နည်းပညာဌာန အကြီးအကဲ Rajeswari Pillai Rajagopalan က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံကနေ အိန္ဒိယကို မကြာခင် သီတင်းပတ်တွေအတွင်း ဝင်ရောက်လာသူ ၇၀၀ ကျော် ရှိနေတယ်လို့ အိန္ဒိယအရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အိန္ဒိယ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံး အခြေအနေမှာ ရှိနေတာကြောင့် တနင်္ဂနွေနေ့က မြို့တော်ဘန်ကောက်နဲ့ အနီးတဝိုက် အသွားအလာ ကန့်သတ်မှုအသစ်တွေ ပြန်ပြီး ချမှတ်လိုက်ပါတယ်။
ဥရောပနိုင်ငံတွေကို ခရီးထွက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒေသစံတော်ချိန် ဒီကနေ့ နေ့လယ်ပိုင်းက အီတလီနိုင်ငံ၊ ရောမမြို့ကို ရောက်ရှိသွားပါပြီ။
ကုလသမဂ္ဂ နျူကလီးယား လေ့လာစောင့်ကြည့်ရေးအဖွဲ့နဲ့ အီရန်အကြား ရရှိထားတဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို စောင့်ကြည့်ရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက် သူတို့ရဲ့ နျူကလီးယားစက်ရုံအတွင်းက ဓာတ်ပုံတွေကို ပို့ပေးတော့မှာ မဟုတ်ဘူးလို့ အီရန်လွှတ်တော်ဥက္ကဋ္ဌက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ် မျိုးဇီဇကွဲအသစ် ကူးစက်ပျံ့နှံ့လာတဲ့ သြစတြေးလျနိုင်ငံ Sydney မြို့မှာ ရောဂါထိန်းချုပ်ရေး ဒီကနေ့ကစလို့ သီတင်းနှစ်ပတ် အသွားအလာတွေ ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။
တိုကျိုမှာကျင်းပတဲ့ အိုလံပစ်ပွဲတော်မှာ အမေရိကန်သမ္မတကတော် Jill Biden တက်ရောက်ဖို့အတွက် ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုအကြား အစီအစဉ်တွေ ချမှတ်နေပြီး သမ္မတ Joe Biden တော့ လိုက်ပါမယ့်ပုံ မရှိဘူးလို့ Yomiuri Shimbun နေ့စဉ်သတင်းစာက တနင်္ဂနွေနေ့မှာ ရေးပါတယ်။
ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock ဟာ သူချမှတ်ထားတဲ့ ကိုဗစ်ကပ်ရောဂါ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး သူ့ရဲ့ရုံးခန်းထဲမှာ လက်ထောက် အမျိုးသမီးဝန်ထမ်းတဦးကို ဖက်နမ်းလိုက်တဲ့အတွက် ဝန်ကြီးတာဝန်ကနေ ဒီကနေ့ နုတ်ထွက်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားလာတာကြောင့် ၁၅ လကြာ ရပ်ဆိုင်းထားရတဲ့ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းကို အမေရိကန်မှာ စနေေနေ့က ပြန်လည်စတင်လိုက်ပါပြီ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီကနေ့ တနင်္ဂနွေနေ့ အီတလီနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး အီတလီအစိုးရ ခေါင်းဆောင်တွေ၊ ပုပ်ရဟန်မင်းကြီးတို့အပြင် ကမ္ဘာ့စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၂ဝ ရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
အိန္ဒိယက ကိုဗစ်မျိုးကွဲသစ် Delta ဟာ ကမ္ဘာပေါ်မှာ ကူးစက်အမြန်ဆုံးအဖြစ် နိုင်ငံပေါင်းများစွာကို ပြန့်သွားပြီး နောက်ထပ်ဆင့်ပွားပုံစံ Delta Plus ပါ စပေါ်လာနေကာ ပိုစိုးရိမ်နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အရာရှိတွေက သတိပေးလိုက်ပါတယ်။
ဒီကနေ့ဟာ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ၄၅ နှစ်မြောက်နေ့ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဒီကနေ့ ဆန္ဒပြပွဲတွေမှာ သူ့ကိုဂုဏ်ပြုပြီး သပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၆၈၀ တန်ဖိုးရှိတဲ့ ဖမ်းမိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ဓာတုပစ္စည်းတွေကို မြန်မာစစ်ကောင်စီက ဒီကနေ့ မီးရှို့ဖျက်ဆီးပါတယ်။
အာဖရိကန်-အမေရိကန်တဦးဖြစ်သူ George Floyd ကို သတ်မှုနဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း Derek Chauvin ကို ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ၆ သန်းကို အာဆီယံ ၅ နိုင်ငံနဲ့ ထိုင်ဝမ်ကျွန်းတို့ကို ပေးမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဂျပန်အတွက်လည်း သံတမန်ရေးသြဇာတက်စေမယ့် အခုလိုကူညီမယ့်အစီအစဉ်ကို ကြေညာတာပါ။
နောက်ထပ်ကြည့်ရှုရန်