မြန်မာနိုင်ငံမှာ မနေ့ COVID – 19 ကူးစက်သူလူနာ နောက်ထပ် ၁,၄၂၆ ယောက် အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်းကူးစက်သူပေါင်း ၄၆,၂၀၀ ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့အတွက် ဓာတ်ခွဲ နမူနာပေါင်း ၁၂,၄၀၀ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ကူးစက်သူ ၁,၄၀၀ ကျော်ကို ထပ်ပြီးတွေ့တာပါ။