အမေရိကန်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက် ကျင်းပတော့မှာမို့ ကျန် ၉ ရက်အတွင်း ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ဖို့ Donald Trump နဲ့ Joe Biden တို့ဟာ သူတို့ရွေးချယ်ထားတဲ့ ဒုသမ္မတလောင်းတွေနဲ့အတူ တနင်္ဂနွေနေ့မှာလည်း အပြိုင်မဲဆွယ်နေကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ကာကွယ်ရေးဝန်ကြီး Mark Esper တို့ဟာ အိန္ဒိယနဲ့ ၂ နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် ကြိုးစားဖို့ တနင်္ဂနွေနေ့မှာ အိန္ဒိယခရီးစဉ် သွားရောက်နေပါတယ်။
စပိန်နိုင်ငံမှာ COVID-19 ကူးစက်မှု တိုးလာနေတဲ့အတွက် ထိန်းချုပ်နိုင်အောင် ကန့်သတ်မှုအသစ်တွေ ချမှတ်လိုက်ပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
၂၀၁၄ မှာ စစ်တပ်နဲ့ အာဏာသိမ်း တက်လာခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-Cha ကို စနေနေ့ည နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေဘက်က ရာဇသံပေးထားပေမယ့် ခုထိ နုတ်မထွက်သေးတဲ့အတွက် ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ လူစည်ကားရာ ဈေးဝယ်စင်တာရပ်ကွက်တဝိုက် စုရုံးဆန္ဒပြကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်ခံရသူ ၉၈၆ ယောက် ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို FBI က အလိုအရှိဆုံး al Qaeda စစ်သွေးကြွ အကြီးတန်းအဖွဲ့ခေါင်းဆောင် Abu Muhsin al-Masri ကို အာဖဂန် လုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်သုတ်သင်ခဲ့တယ်လို့ အာဖဂန် အမျိုးသားလုံခြုံရေးအဖွဲ့ (NDS) က တွစ်တာစာမျက်နှာမှာ စနေနေ့နှောင်းပိုင်းက ရေးသားခဲ့ပါတယ်။
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ ၄၂ သန်းကျော်သွားပြီဖြစ်ပြီး နေ့စဉ်ကူးစက်မှုမှာလည်း စံချိန်တင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။
အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ နာမကျန်းဖြစ်နေသူ Samsung နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌ Lee Kun-hee ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူဟာ Samsung TV ထုတ်လုပ်တဲ့ ကုမ္ပဏီကို နည်းပညာကုမ္ပဏီကြီး တခုအဖြစ် အသွင်ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။
(Zawgyi / Unicode) မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့မှာ ထောင်နဲ့ချီတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူတွေ ဒီနေ့မနက် ၉ နာရီကစပြီး မြို့ထဲလှည့်လည် အင်အားပြခဲ့ကြပါတယ်။ (ဓာတ်ပုံ - ထက်အောင်ခန့် - ဗွီအိုအေ)
အပြည်ပြည်ဆိုင်ရာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး သဘောတူစာချုပ်ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၅၀ က အတည်ပြု လက်မှတ်ရေးထိုးလိုက်တယ်လို့ ကုလသမဂ္ဂက စနေနေ့က ပြောလိုက်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ ရာသီဥတု လွန်လွန်ကဲကဲ ပူပြင်းနေတဲ့အတွက် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တနင်္ဂနွေနေ့မှာ ဓာတ်အားဖြတ်တောက်ထားမှာဖြစ်ကြောင်း ဒေသခံ တသန်းကျော်ကို လျှပ်စစ်ဖြန့်ဖြူးပေးနေတဲ့ Pacific Gas & Electric ကုမ္ပဏီက သောကြာနေ့က ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေပြီး စနေနေ့က အဆိပ်အတောက်ဖြစ်စေတဲ့ အဆင့်ထိ ရောက်လာခဲ့ပေမယ့် အိန္ဒိယ လယ်သမားတွေကတော့ သူတို့တောင်ယာထဲ ရိုးပြတ်တွေ မီးရှို့နေတာကို ရပ်ပစ်ဖို့ ငြင်းဆန်နေကြပါတယ်။
အင်ဒိုနီးရှားသမ္မတ Joko Widodo ကသာ အလုပ်သမားရေး ဥပဒေကြမ်းကို လက်မှတ်ထိုးပြီး နောက်သီတင်းပတ်ထဲ အတည်ပြု ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ဂျကာတာမြို့တော်နဲ့ နိုင်ငံတလွှားမှာ ထောင်ချီတဲ့ အလုပ်သမားတွေပါတဲ့ ဆန္ဒပြပွဲတွေ ပေါ်လာမှာဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂကြီးတွေက စနေနေ့မှာ သတိပေးလိုက်ပါတယ်။
တူရကီနိုင်ငံ Istanbul မြို့တော်နဲ့ နိုင်ငံတွင်း တခြားနေရာတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း တူရကီရောက် အမေရိကန် နိုင်ငံသားတွေအတွက် အမေရိကန်သံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအတွက် သမ္မတ Donald Trump က ဖလော်ရီဒါပြည်နယ်မှာ စနေနေ့က ကြိုတင်မဲပေးနေချိန်မှာပဲ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်အရွေးခံမယ့် Joe Biden ကတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ မဲဆွယ်ပွဲတွေ လုပ်ဖို့ သွားရောက်နေပါတယ်။
ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ သမိုင်းဝင် လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်ကို သောကြာနေ့က လက်မှတ်ထိုးလိုက်ကြပါတယ်။ ဒါဟာ ဥရောပသမဂ္ဂထဲက ဗြိတိန်နိုင်ငံ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး ချုပ်ဆိုလိုက်တဲ့ အရေးပါဆုံးစာချုပ်လည်း ဖြစ်ပါတယ်။
ပိုလန်သမ္မတ Andrzej Duda က သူဟာ COVID-19 ကူးစက်ခံနေရတယ်လို့ စနေနေ့မှာ ပြောပါတယ်။
ကမ္ဘာပေါ်က COVID-19 ကူးစက်မှု အများဆုံးနိုင်ငံပေါင်း ၉၀ စာရင်းထဲမှာ မြန်မာနိုင်ငံက အဆင့် ၇၆ မှာရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုစုတဲ့ စာရင်းကို ကိုးကားပြီး မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စနေနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရနုတ်ထွက်ပေးဖို့ ရက်ပေါင်းများစွာ တောင်းဆိုနေတဲ့ ဆန္ဒပြပွဲတွေကို အိမ်နီးချင်း လာအိုနိုင်ငံမှာ အားကျလာနေကြပြီး လာအိုအစိုးရအပေါ် ဝေဖန်တာတွေ အင်တာနက်အွန်လိုင်းပေါ်မှာ ရှားရှားပါးပါး ဖြစ်ပေါ်လာစေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၄၂၃ ဦး ထပ်တိုးပြီး သေဆုံးသူ ၂၈ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်