ဥရောပတိုက်ဟာ လူထုကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုကြီးတခုနဲ့ ရင်ဆိုင်နေရပြီး ကပ်ရောဂါဆိုင်ရာ အလွန်အမင်း စိုးရိမ်ဖွယ် အခြေအနေတရပ် ရောက်နေပြီလို့ ဥရောပ ရောဂါပိုး တားဆီးထိန်းချုပ်ရေးဌာန (ECDC) ညွှန်ကြားရေးမှူး Andrea Ammon က သတိပေးလိုက်ပါတယ်။
အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့တခုဟာ အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူအားလုံး နှာခေါင်းစည်း အကာအကွယ်တွေ မတပ်ဘူးဆိုရင် နောက်နှစ် ဖေဖော်ဝါရီလရောက်တဲ့အခါ COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၀၀,၀၀၀ ကျော်သွားနိုင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်၊ ကျန်းမာရေးတွက်ချက်ဆန်းစစ်မှုဆိုင်ရာ အင်စတီကျုရဲ့ သောကြာနေ့က ထွက်လာတဲ့ ခန့်မှန်းချက်တခုမှာ ဖော်ပြထားပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေထဲ ကိုဗစ်ရောဂါပိုး ကူးစက်မှု ဆက်ပြီး မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၅၃,၀၀၀ ကျော်ထပ်တိုးပြီး ကူးစက်သူပေါင်း ၇.၈ သန်း ကျော်သွားပါပြီ။ သေဆုံးသူပေါင်းကတော့ ၁၁၈,၀၀၀ နီးပါး ရှိနေပါတယ်။
Nagorno-Karabakh ဒေသ အရေးနဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ တလနီးပါးကြာ တိုက်ပွဲတွေရပ်စဲရေး အကူညီပေးနိုင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ သောကြာနေ့မှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဝါရှင်တန်ဒီစီ မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
“အခုအချိန်ဟာ ကမ္ဘာ့နိုင်ငံအမျာအပြားမှာ အထူးသဖြင့် ကမ္ဘာ့မြောက်ခြမ်းက နိုင်ငံတွေမှာ ဒီကပ်ရောဂါအတွက် အရေးပါဆုံးအနေထားကို ရောက်နေပြီ ဖြစ်ပြီး လာမယ့် လတွေအတွင်း အခြေနေဟာ သိပ်ခက်ခဲလာနိုင်သလို တချို့နိုင်ငံတွေ အတွက်ဆို အန္တရာယ် သိပ်များလာမယ့် အနေထားရှိနေတယ်လို့ ပြောသွားတာပါ။”
ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှု ဟန့်တားရေးသဘောတူစာချုပ်ကို မြန်မာနိုင်ငံက ချိုးဖောက်တယ်လို့ စွပ်စွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံက မနေ့ သောကြာနေ့ အောက်တိုဘာလ ၂၃ ရက်မှာ Memorial လို့ ခေါ်တဲ့ စာမျက်နှာ ၅၀၀ ရှိတဲ့ အချက်အလက် အပြည့် အစုံတင်ပြချက်ကို နိုင်ငံတကာ တရားရုံး ICJ ကို တင်သွင်းလိုက်ပြီဖြစ်ပါတယ်။
တူရကီက ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးစနစ် ကို ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့ကြား နဂိုက တင်းမာမှုတွေ ပိုပြီး တိုးလာတဲ့ ပုံတွေ့နေရပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးပွဲ ဒုတိယအကြိမ် ကျင်းပနိုင်ဖို့အရေး တရုတ် နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာမခံ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး United News of India - UNI သတင်းဌာနက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၃,၆၉၉ စစ်ဆေးခဲ့တဲ့ထဲက ရောဂါပိုးကူးစက်သူတွေ ထပ်တွေ့တာဖြစ်ပြီး ဒီနေ့ထိဆိုရင် ရောဂါပိုးကူးစက်သူပေါင်း ၄၂,၃၆၅ ဦး ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူပေါင်းကတော့ ၁,၀၃၈ ရှိပါပြီ။
အမေရိကန်သမ္မတရွေးကောက်ပွဲပြိုင့်မယ့် သမ္မတလောင်း နှစ်ယောက်ဖြစ်တဲ့ လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်တို့ရဲ့ ဒုတိယနဲ့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲကို Tennessee ပြည်နယ် Nashville မြို့မှာ မနေ့ ကြာသပတေးနေ့ညက ပြုလုပ်ခဲ့ကြပါတယ်။
ဗိုင်းရပ်စ်တွေကို ချေဖျက်ပေးနိုင်ပြီး သွေးကြောထဲကနေ ထိုးပေးရတဲ့ Remdesivir ကို ဆေးရုံတက်ဖို့ လိုအပ်တဲ့ အနည်းဆုံး အသက် ၁၂ နှစ် အထက် နဲ့ အနည်းဆုံး ကိုယ်အလေးချိန် ၈၈ ပေါင်ရှိသူတွေအတွက် ကုသနိုင်ကြောင်း ဆေးထုတ်လုပ်တဲ့ Gilead Sciences Inc., က ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။
ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား ခဏကြာ ပဋိပက္ခဖြစ်ခဲ့ပြီး ဆန္ဒပြတဲ့သူ ၃ ယောက်ကို အနားမှာရှိတဲ့ ရဲကားပေါ် ရဲတပ်ဖွဲ့က ဖမ်းခေါ်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဒေသခံ သတင်းမီဒီယာကဖော်ပြပါတယ်။
ဥရောပတိုက် နိုင်ငံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အခြေအနေ စံချိန်တင် အောင် တိုးများလာနေတာကို ထိန်းချုပ်ထားနိုင်ဖို့ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ကန့်သတ် တားမြစ်ချက်တွေကို တင်းတင်းကြပ်ကြပ် ပြဌာန်းနေကြရပါတယ်။
Nagorno-Karabakh ဒေသအရေးနဲ့ ပတ်သက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ သောကြာနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဝါရှင်တန်ဒီစီမှာ သီးခြားစီတွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ ဒုံးကျည်လက်နက်တွေ ရောင်းချခွင့်ပြုလိုက်တဲ့အပေါ် လိုအပ်တဲ့ လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံက ကြာသပတေးနေ့က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ကမ္ဘာတလွှားမှာ COVID-19 အကူးစက်ခံရသူ တသန်းကျော်ရှိနေတဲ့ နိုင်ငံဟာ အခုဆို ၇ နိုင်ငံ ဖြစ်သွားပါပြီ။ အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာပါ ကူးစက်သူ တသန်းကျော်ရှိလာတာကို အခု နောက်ဆုံး တွေ့ရှိခဲ့ရတာပါ။
လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာအတွက် သမ္မတဒေါ်နယ်ထရမ့် အမည်စာရင်းတင်သွင်းထားတဲ့ Amy Coney Barrett ကို ရီပတ်ဘလစ်ကင်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်တရားရေးကော်မတီက ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပြီဖြစ်ပြီး ဒါကို အထက်လွှတ်တော် တရပ်လုံးအနေနဲ့ ဆက်လက်စဉ်းစားဆုံးဖြတ် ရတော့မှာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ ရန်ပုံငွေတွေ ဖြည်ဆည်းပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ သန်း ၆၀၀ နီးပါး လှူဒါန်းမှာ ဖြစ်ကြောင်း နိုင်ငံတကာက အလှူရှင်နိုင်ငံတွေက ကတိပြုလိုက်ကြပါတယ်။
ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် စစ်ဌာနချုပ် တပ်မှူးကြီး Phil Davidson နဲ့ တိုကျို မြို့မှာ တွေ့ဆုံပြီးတဲ့နောက် သူ့ရဲ့ ဒေသတွင်း နိုင်ငံရပ်ခြား ခရီးစဉ်ကို ကြာသပတေးနေ့မှာ အဆုံးသတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်