မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၁၂ ထပ်တိုးပြီး သေဆုံးသူက ၃၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေရဲ့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲကို အောက်တိုဘာလ ၂၃ ရက်၊ မြန်မာစံတော်ချိန် သောကြာနေ့ နံနက် ၇ နာရီခွဲ (အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန်၊ အောက်တိုဘာလ ၂၂ ရက်၊ ကြာသပတေးည ၉နာရီ) မှာ ကျင်းပမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရနဲ့ ဘုရင်စနစ်ကို လပေါင်းများစွာ ဆန့်ကျင်ကန့်ကွက်နေတာတွေ အဆုံးသတ်ရေး ရည်ရွယ်ပြီး နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတာကို ဒီကနေ့ ကြာသပတေးနေ့မှာ ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်အပြင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ မကြာခဏ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၆၃ သန်း အကူအညီပေးဖို့ လျာထားတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကပြောပါတယ်။
ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါရှိသူ ၁,၀၀၀,၀၀၀ ကျော်တဲ့နိုင်ငံပေါင်း ၇ နိုင်ငံအထိ ရှိလာရာမှာ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေ ပါလာတယ်လို့ Johns Hopkins တက္ကသိုလ်၊ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်ဆိုင်ရာဌာနက ဖော်ပြထားပါတယ်။
အမေရိကန် သမ္မတဟောင်း Barack Obama က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden အတွက် မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုကို ဗုဒ္ဓဟူးနေ့မှာ စတင်လိုက်ပါတယ်။
အာဆီယံ- ကုလသမဂ္ဂ ဝန်ကြီးများအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အောက်တိုဘာ ၂၁ ရက် နေ့စွဲနဲ့ သဝဏ်လွှာတစောင်ပေးပို့လိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြီးကြောင့် စီးပွားရေးအသုံးစရိတ်အနည်းဆုံးဖြစ်အောင် ယှဉ်ပြိုင်လာမယ့် အန္တရာယ်ကြောင့်၊ အာရှက အထည်ချုပ်အလုပ်သမား သန်းပေါင်းများစွာ ဝင်ငွေပိုနိမ့်ကျပြီး၊ အမျိုးသမီးတွေ ပိုဒုက္ခရောက်တော့မယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်ရဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအရ စိန်ခေါ်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဒီသီတင်းပတ်ကုန်ကစလို့ တောင်အာရှဒေသကို တပတ်ကြာခရီး သွားရောက်ဖို့ ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်းပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းကနေ အောက်တိုဘာလ အစောပိုင်းအထိ လူ ၃၀၀,၀၀၀ နီးပါးလောက် ပုံမှန်ထက် ပို သေဆုံးခဲ့ပြီး အဲဒီအထဲက ၃ ပုံ ၂ ပုံလောက်က COVID-19 ရောဂါ ဖြစ်ပွားတာကြောင့်လို့ CDC က အင်္ဂါနေ့က ထုတ်ပြန်တဲ့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ရည်ရွယ် ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ အမိန့်ကို ရုပ်သိမ်းကောင်း ရုပ်သိမ်း သွားမယ်လို့ ထိုင်း ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။ ဒါပေမဲ့ ဆန္ဒပြနေသူတွေကတော့ ဝန်ကြီးချုပ် Prayuth Chan-O-Cha သုံးရက်အတွင်း ရာထူး က နုတ်ထွက်ပေးရမယ် လို့ တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၄,၃၆၂ ခုကို စစ်ဆေးခဲ့တဲ့ထဲက ရောဂါပိုး နောက်ထပ် ကူးစက်သူတွေ တွေ့ရတာကြောင့် ဒီကနေ့ည ၈ နာရီအထိဆိုရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်သူပေါင်း ၃၉,၆၉၆ ဦး ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူကတော့ ၉၇၂ ဦးရှိသွားပါပြီ။
မြန်မာနိုင်ငံအတွင်းက ဥပဒေရုံးတွေမှာ ခေတ်မီ နည်းပညာတွေ တပ်ဆင် အသုံးပြုနိုင်ဖို့အတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က အထောက်အပံ့ပေးတဲ့ အစီအစဉ် တိုးချဲ့ ဆောင်ရွက်နေတဲ့အကြောင်းကို ရန်ကုန်မြို့ အမေရိကန် သံရုံးက ဒီကနေ့ သတင်းထုတ်ပြန် ကြေညာပါတယ်။
အနားယူသွားပြီဖြစ်တဲ့ နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနေရာမှာတော့ အရင် ဂျီနီဗာမြို့မှာ ကုလအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခု အောက်တိုဘာလ ၂၀ ရက်နေ့ကစ တာဝန်လွဲှပြောင်းယူခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ၈ ရက် ဆက်တိုက်အဖြစ် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း စုဝေးခဲ့ကြပါတယ်။ ဆန္ဒပြခေါင်းဆောင်အများအပြား ဖမ်းဆီးခံထားရပြီး လူလေးဦးထက် ပိုပြီး မစုဝေးဖို့ ကန့်သတ်တဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကြားမှာပဲ ဆက်ပြီး ဆန္ဒပြ တောင်းဆိုနေကြတာပါ။
"နိုဝင်ဘာလ ၃ ရက်နေ့မှာ ဒီမိုကရက်တွေကို အကြီးအကျယ် အနိုင်ယူပြရပါမယ်။ ကျနော်ပြောပုံက သမားရိုးကျ ဝါရှင်တန် နိုင်ငံရေးသမားတယောက်နဲ့ မတူဘူးဆိုရင် ကျနော်က နိုင်ငံရေးသမား မဟုတ်တာကြောင့်ပါ၊ အဲဒါ သိပ်သေချာပါတယ်။" လို့ မဲဆွယ်စည်းရုံးပွဲတခုအတွင်း သမ္မတထရမ့်ပ်က ပြောသွားပါတယ်။
တရုတ်နိုင်ငံဟာ ဖိအားပေး အကျပ်ကိုင်တဲ့ အကြွေးထောင်ချောက်ထဲမှာ ပိတ်မိစေနိုင်တဲ့ နည်းတွေသုံးပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုလို အားနည်းတဲ့နိုင်ငံတွေနဲ့ မဟာမိတ်ဆက်ဆံရေး တည်ဆောက်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က ဝေဖန် ပြောဆိုပါတယ်။
အမေရိကန် တရားရုံးချုပ်တရားသူကြီးအဖြစ် အဆိုပြုခံထားရသူ Amy Coney Barrett ကို ရှေ့အပတ်တနင်္လာနေ့မှာ အတည်ပြု ခန့်အပ်နိုင်အောင် အမေရိကန် အထက်လွှတ်တော်က ဒီသီတင်းပတ်ကုန်မှာ အနားမယူဘဲ ဆွေးနွေးသွားဖို့ ရှိပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီရေး ရန်ပုံငွေ အကြီးအကျယ် လိုအပ်နေတဲ့ ကိစ္စကို ဖြေရှင်းနိုင်ရေး လာမယ့် ကြာသပတေးနေ့မှာ နိုင်ငံတကာ အလှူရှင် ညီလာခံကို အွန်လိုင်းကနေ ကျင်းပမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ကျန်းမာ သန်စွမ်းတဲ့ လူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေပြီး အလားအလာရှိတဲ့ COVID 19 ကာကွယ်ဆေး စမ်းသပ်မှု အရှိန်မြင့် လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ဗြိတိန်နိုင်ငံ အစိုးရက အားပေး ထောက်ခံလိုက်ပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်