ကမ္ဘာကြီးအနေနဲ့ စစ်အေးတိုက်ပွဲသစ် ဖြစ်မလာအောင် ရှောင်ကြဉ်ကြရမှာ ဖြစ်ကြောင်း ဥရောပခရီးးစဉ် အဖြစ် အီတလီနိုင်ငံ ရောမမြို့ကို ရောက်နေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် Wang Yi က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
ဟောင်ကောင်မှာ ကိုဗစ် ၁၉ ရောဂါ နောက်တချီ ပြန်ဖြစ်ပွါးသူ အတည်ပြုလူနာ တဦးကို တွေ့ရှိခဲ့တာဟာ လူပေါင်း ၂၃ သန်း ကျော် ထဲက တဦးဖြစ်နေတာ ကြောင့် အခုလို တကျော့ပြန်ဖြစ်ပွားနိုင်ခြေဟာ သိပ်ကို နည်းပါးတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။
ကိုဗစ်-၁၉ အလျင်အမြန် ကူးစက် ပျံ့နှံ့နေတဲ့အတွက် စစ်တွေမြို့မှာ သွားလာမှုတွေ ကန့်သတ်ထားတဲ့ တချိန်ထဲမှာဘဲ ဈေးရောင်း ဈေးဝယ်အချိန်ပါ ကန့်သတ်လိုက်တာကြောင့် ဒေသခံတွေ အခက်ကြုံနေကြရပါတယ်။
မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက သိန်းချီတဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တိုက်ခိုက်ခဲ့တာ ၃ နှစ် ပြည့်မြောက်ချိန်မှာပဲ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူဖို့နဲ့ တရားမျှတမှုရနိုင်အောင် လုပ်ဆောင်ပေးဖို့ အမေရိကန် ပြည်ထောင်စုက ထပ်မံတောင်းဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကို Facebook မှာ ရှိတဲ့ အချက်အလက်တွေကို ဝေမျှ ပေးအပ်ခဲ့တယ်လို့ Facebook ကုမ္ပဏီက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် နောက်ထပ် အယောက် ၃၀ တွေ့ရတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။ ဒီအရေအတွက်ဟာ ကိုဗစ်ရောဂါ စပြီးကူးစက်ခဲ့ကတည်းကဆိုရင် တရက်အတွင်း အများဆုံးကူးစက်တာပါ။
ဒီမိုကရေစီ အပြည့်အဝ ဖော်ဆောင်ရေးနဲ့ တိုင်းရင်းသား လူနည်းစုတွေအကြား ဖြစ်ပေါ်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အရင်းခံ ပြဿနာတွေကို ဖြေရှင်းရေး မြန်မာအစိုးရအနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲကို အခွင့်အလန်းတရပ်အဖြစ် အသုံးချဖို့ အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းလိုက်ပါတယ်။
တနင်္လာနေ့ညက စတင်လိုက်တဲ့ ရီပတ်ဘလီကန်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံမှာ သမ္မတ Donald Trump က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ စီးပွားရေးအကျပ်အတည်းဆိုင်ရာ သူ့ရဲ့ကိုင်တွယ်ဆောင်ရွက်ပုံ တွေကို ကာကွယ်ပြောဆိုတာဟာ ဒုတိယသက်တမ်းအနိုင်ရေး အဓိကကိစ္စတွေဖြစ်နေတဲ့သဘောမျိုး ပြောဆိုသွားပါတယ်။
ကျောင်းသား ကလေးငယ် သန်းပေါင်းများစွာ ကျောင်းပြန်တက်ဖို့ စိုင်းပြင်းနေချိန်မှာပဲ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ကလေးငယ်တွေ နှာခေါင်းစည်းတပ်ရေးနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ ထုတ်ပြန်လိုက်ပါတယ်။
COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အချက်အလက်တွေ အလုံအလောက်ရမယ်ဆိုရင် ကာကွယ်ဆေးထုတ်လုပ်ခွင့်ရဖို့ ခွင့်ပြုချက်ကို ဒီနှစ်ထဲလျှောက်ထားနိုင်လိမ့်မယ်လို့Oxford တက္ကသိုလ် COVID-19 ကာကွယ်ဆေး စမ်းသပ်ရေးအဖွဲ့ ဒါရိုက်တာ Andrew Pollard က ဒီကနေ့ BBC သတင်းကို ပြောပါတယ်။
အာရှတလွှား COVID ကာလ မြင်ကွင်းတချို့။
မဲခေါင် မြစ်ကြောင်းတစ်လျှောက် ရေလွှမ်းမိုးမှုနဲ့ မိုးခေါင်မှုတွေနဲ့အတူ ဥတုရာသီ ပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အသုံးပြုနိုင်ဖို့ လန်ဆန်း-မဲခေါင် ရေအရင်းအမြစ်ကိစ္စပူးပေါင်း ဆောင်ရွက်ရေးနဲ့ သတင်းအချက်အလက် ဝေမျှရေး အစီအစဉ်ကို လုပ်ဆောင်သွားမယ်လို့ တရုတ် ဝန်ကြီးချုပ် Li Keqiang က တနင်္လာနေ့က ပြောပါတယ်။
အပြင်းအထန် မကျန်းမာမှုကြောင့် ဂျာမနီကို လေယာဉ်နဲ့ ပို့ဆောင် ဆေးကုသနေရတဲ့ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို စစ်ဆေးမှုမှာ အဆိပ်မိထားတဲ့ လက္ခဏာတွေ့ရကြောင်း ကုသပေးနေတဲ့ ဆေးရုံက သြဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အမေရိကန် ရီပတ်ပလီကန် ပါတီရဲ့ နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို တနလာၤနေ့မှာ စတင်လိုက်ပြီး သမ္မတ Donald Trump ကို ဒုတိယ လေးနှစ် သမ္မတ သက်တမ်း အတွက် ပါတီ ကိုယ်စားပြု ရွေးကောက်ခံဖို့ ထပ်မံ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
ကူးစက်မြန် အဆုတ်ရောင် ရောဂါ COVID 19 စစ်တွေမြို့အတွင်း ပျံ့နှံ့ ကူးစက်နေတဲ့ကိစ္စဟာ ရခိုင်ပြည်နယ်ကိစ္စသာ မဟုတ်ဘဲ ပြည်ထောင်စု တစ်ခုလုံး လုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနဲ့ ASEAN နိုင်ငံတွေကြား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ ၉ လပတ်ကာလ အတွက် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၉.၉ ဘီလီယံရှိတယ်လို့ မြန်မာနိုင်ငံ စီးပွါးကူးသန်း ဝန်ကြီးဌာန အချက် အလက်တွေကို ကိုးကားပြီး Xinhua သတင်းဌာနက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျော့ပေးတဲ့ အနေနဲ့ နှစ်နိုင်ငံမှာ ရောက် ရှိနေထိုင်ကြတဲ့ သက်ဆိုင်ရာ နိုင်ငံသားတွေ အပြန်အလှန် ခရီးသွားရောက်ခွင့် ကို အစောဆုံး စက်တင်ဘာလထဲ ပြန်လည် ခွင့်ပြု ပေးသွားဖို့ မြန်မာနဲ့ ဂျပန်နိုင်ငံတို့အကြား တနင်္လာနေ့က သဘောတူလိုက်ပါတယ်။
အတည်ပြုလူနာသစ်တွေထဲမှာ တခြားအတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိသလို ပြည်ပခရီးသွားရာဇဝင်လည်း မရှိသူ ခြောက် ယောက်ပါပြီး အဲဒီထဲက တယောက်ဟာ ရန်ကုန်တိုင်းကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။
ရိုဟင်ဂျာ သိန်းနဲ့ချီပြီး နေရပ်စွန့်ခွါထွက်ပြေးခဲ့ရတဲ့ ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ မတိုင်မီ အခုဩဂုတ်လ ၂၄ ရက်နေ့ရက်စွဲနဲ့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ UNFFM ရဲ့ အကြံပြုတိုက်တွန်းချက်တွေကို ဘယ်နိုင်ငံကမှ အပြည့် အဝ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း ဖော်ပြထားပါတယ်။
Kenosha ရဲဌာန ထုတ်ပြန်ချက်မှာတော့ ပစ်ခတ်မှုဖြစ်ပါွးရတဲ့ အကြောင်းရင်းကိုပြောမထားပဲ ဒဏ်ရာပြင်းထန်တဲ့အတွက် အဲဒီလူကို ဆေးရုံတင်လိုက်ရတယ်လို့သာဖော်ပြထားတာပါ။ သေနတ်ပစ်ခတ်မှု ဖြစ်ပါွးရတဲ့ အကြောင်းရင်းကို ပြည်နယ်တရားရေးဌာနက စုံစမ်းစစ်ဆေးမယ်လို့လည်း ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်