သွေးရည်ကြည်ကုထုံးကို အရေးပေါ်အသုံးအဖြစ် အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက်ဟာဆိုရင် တကယ့် သမိုင်းဝင် ကြေညာချက်လို့ သမ္မတ Donald Trump က ချီးကျူးပြောဆိုလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာပေါင်းများစွာကို အသက်ကယ်နိုင်မယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
တရုတ်နဲ့ ပါကစ္စတန် မဟာမိတ်နှစ်နိုင်ငံကြား ကာကွယ်ရေး၊ စီးပွားရေး ဆက်ဆံမှုတွေ ပိုပြီး ထဲထဲဝင်ဝင် ရှိလာချိန်မှာပဲ ပါကစ္စတန် ရေတပ်အတွက် တရုတ်က တည်ဆောက်ပေးနေတဲ့ ခေတ်အမီဆုံး စစ်သင်္ဘော ၄ စင်းထဲက ပထမဆုံးတစင်းကို ရေချတဲ့အခမ်းအနား တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတာ ၃ နှစ် ပြည့်ခဲ့ပါပြီ။ ဒုက္ခသည်စခန်းတွင်းက အဖြစ်ဆောက်ထားတဲ့ ခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံက မွတ်စလင် လူနည်းစုဝင် တသန်းလောက်ရဲ့ ရှေ့ရေးကတော့ မရေမရာ ရှိနေဆဲပါ။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ COVID-19 ရောဂါ ကူးစက်သူ နောက်ထပ် ၆ ဦး ထပ်မံတွေ့ရှိကြောင်းနဲ့ အခုဆိုရင် မြန်မာနိုင်ငံတဝန်းမှာ ဒီရောဂါကူးစက်သူ ၄၅၀ အထိ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီက ထုတ်ပြန်ပါတယ်။
ကိုဗစ်ကာလ မန္တလေးမြို့၊ ရွှေနှလုံးတော် Cathedral ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းနေကြတဲ့ မြင်ကွင်းတချို့။
ဗွီဒီယို application ကုမ္ပဏီ TikTok အပေါ် တားမြစ်ပိတ်ပင်မှုတွေ လုပ်ထားတဲ့ အမေရိကန် အစိုးရကို TikTok ကုမ္ပဏီက တရားစွဲမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံတဝန်း ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစောင်ကို AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ စနေနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် ဆက်ပြီး လောင်ကျွမ်းနေတဲ့ တောမီး ငြိမ်းသွားအောင် အကူအညီပေးကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က နိုင်ငံတကာ အကူအညီ တောင်းခံလိုက်ပါတယ်။
Jammu နဲ့ Kashmir IS အဖွဲ့ (ISJK) လို့ခေါ်တဲ IS စစ်သေးကြွအဖွဲ့က လှုပ်ရှားသူ ၅ ဦးကို အိန္ဒိယရဲတွေက Bandipora ဒေသမှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူဟာ စနေနေ့မှာ ၈ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူကလည်း ၂၃ သန်းကျော် ရှိနေပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါ ကူးစက်ခံထားရသူ ၆ ဦး ထပ်မံတွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ ၄၄၁ ယောက်ရှိသွားပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။
မလေးရှားနိုင်ငံက ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေပေါ် တာဝန်ရှိသူတွေရဲ့ ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သားတဦးကို မလေးရှားအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နောက်ထပ် အကူအညီတွေ ပေးဖို့နဲ့ ရေရှည်ခံမယ့် အဖြေရဖို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေ သိသိသာသာ ထပ်တိုးခဲ့ပြီး မြို့တော် နယူးဒေလီနဲ့ မွမ်ဘိုင်းမြို့တွေ အပါအဝင် နိုင်ငံတောင်ပိုင်းက ပြည်နယ်တွေမှာပါ ကူးစက်မှုတွေ တိုးလာနေတာပါ။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၁၆ ဦး ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၂၂ ရက် စနေနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုလို ဒီရောဂါ အကူးစက်ခံရသူ စုစုပေါင်း ၄၃၅ ဦး ရှိသွားပြီဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ထဲက တရုတ်စခန်းတွေရှိရာ ကျွန်းတွေအနီးကို ဖိလစ်ပိုင် စစ်လေယာဉ်တွေ စေလွှတ်တာဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါး စေတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
အမေရိကန်တောင်ပိုင်းက Caribbean ပင်လယ် တဝိုက်မှာ အားပြင်းမုန်တိုင်း ၂ ခု ဝင်ရောက်လာဖို့ ရှိပြီး ဒီ ၂ ခုစလုံးဟာ လာမယ့် သီတင်းပတ်ထဲမှာ မက်ဆီကိုပင်လယ်ကွေ့ ဒေသတွင်း အားပြင်း ဟာရီကိန်းအဆင့် ဖြစ်လာနိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က House of Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အမှုဖွင့် ဖမ်းဆီးလိုက်ပါတယ်။
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ရှေးဟောင်း Orthodox ခရစ်ယာန် ဘုရားကျောင်းကြီး နောက်ထပ် တစ်ခုနဲ့ လူကြိုက်များတဲ့ ပြတိုက်တစ်ခုကို မွတ်ဆလင် ဝတ်ပြုရာ ဗလီတွေအဖြစ် ပြောင်းလဲပစ်ဖို့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က သောကြာနေ့ က အမိန့်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ညနေပိုင်းက ဓာတ်ခွဲနမူနာ ၉၆၄ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ နောက်ထပ် ရောဂါပိုး ကူးစက်သူ ၁၀ ဦး ထပ်တွေ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၄၁၉ ဦးရှိသွားပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်