မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက် ၁၀ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သြဂုတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားတာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၄၀၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
Belarus နိုင်ငံမှာ သမ္မတ Alexander Lukashenko ကို ၆ ကြိမ်မြောက် သမ္မတ သက်တမ်း ဆက်လက် ထမ်းဆောင်ခွင့် ရသွားစေတဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲအတွက် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ကြိုးစားမှု နဲ့ Belarus က ဆန္ဒပြသူတွေကို အမေရိကန်နိုင်ငံက ထောက်ခံကြောင်း ပြောပါတယ်။
COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်ရေး တားမြစ်ကန့်သတ်ချက်တွေကြောင့် နေရပ် မပြန်နိုင်ဘဲ မြန်မာနိုင်ငံတွင်း ပိတ်မိ နေတဲ့ အိန္ဒိယနိုင်ငံသား ၁၂၈ ယောက် မဏိပူရ နယ်စပ် မိုရေးမြို့ ကတဆင့် ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံကို ပြန်သွားနိုင်ကြပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြနေသူတွေထဲက လူသိများတဲ့ ဆန္ဒပြ ခေါင်းဆောင်တော်တော်များများကို ထိုင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့က ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ထင်ရှားတဲ့ လူငယ်ခေါင်းဆောင် ၁၁ ဦးထဲ နာမည်ကျော် Rap အဆိုတော် ၂ ဦးလည်း ပါဝင်ပါတယ်။
အမေရိကန်နဲ့ မက်ဆီကိုနယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာတဲ့ လှုပ်ရှားမှုမှာ ပါဝင်သူတွေ ဖြစ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြီးတန်းအကြံပေးဟောင်း ဖြစ်တဲ့ Steve Bannon နဲ့ နောက် ၃ ဦးကို သိန်းနဲ့ချီတဲ့ အလှူငွေ လိမ်လည်တောင်းခံမှုနဲ့ တရားစွဲပြီး ဖမ်းဆီးလိုက်ကြောင်း တရားရေးဌာနက ကြေညာပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ရဲ့ ညီမဖြစ်သူ Kim Yo Jong ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုတိယအာဏာ အရှိဆုံး ပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ယူဆထားကြောင်း တောင်ကိုရီးယား ဥပဒေပြု အမတ်တစ်ယောက်က ပြောပါတယ်။
ဆီးရီးယားပြည်သူတွေအပေါ်မရေတွက်နိုင်လောက်အောင် ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဆီးရီးယားသမ္မတ ဘရှာအယ်လ်အာဆတ်အနေနဲ့ တာဝန်ခံမှုရှိရမယ် ဆိုတာကိုအမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချမှတ်ထားဆဲဖြစ်ပါတယ်။
အာရပ်စော်ဘွားများ သမ္မတနိုင်ငံ UAE အခြေစိုက် ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Parthia Cargo နဲ့ Delta Parts Supply FZC တို့ ဟာ အီရန်ရဲ့ အကြီးဆုံးလေကြောင်းလိုင်း Mahan Air ကို အထောက်အပံ့ ပေးနေတဲ့အတွက် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူလိုက် ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ COVID-19 ရောဂါကူးစက်ခံရတဲ့သူ ၃ ဦး ဒီနေ့ ထပ်မံတွေ့ရှိခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၃၉၉ ဦး ရှိသွားပြီလို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ပြောကြားလိုက်ပါတယ်။
အမေရိကန်မှာ မနေ့က ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ်ပါတီညီလာခံရဲ့ တတိယမြောက်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Kamala Harris ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ဒု-သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တာကို တရားဝင်လက်ခံလိုက်ပြီး၊ အမေရိကန်ပြည်သူတွေကိုလည်း နိုင်ငံအတွက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံကို F-35 အဆင့်မြင့် တိုက်လေယာဉ်တွေ ရောင်းချဖို့ကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ညာဟူးက ကန့်ကွက်ခဲ့တာကြောင့် ဒီကိစ္စကို စဉ်းစားနေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
မလေးရှားနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေ ငှားရမ်း အသုံးပြုတာကို ပိတ်ပင်တဲ့ စည်းမျဉ်း ဥပဒေ အသစ်တွေကို မလေးရှား အစိုးရက ပြန်ပြီး ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးကိစ္စမှာ အိန္ဒိယနိုင်ငံကလည်း ပူးပေါင်း ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြား ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Masud Bin Momen က ပြောပါတယ်။
နယူးဇီလန်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိနိုင်တဲ့လူတွေ ဆီကနေ ကူးစက်မှုကို တားဆီးဖို့အတွက် နိုင်ငံတွင်း ဝင်ပေါက်တွေနဲ့ quarantine လုပ်ထားတဲ့ နေရာတွေမှာ တပ်သား ၅၀၀ လောက်ချထားမှာ ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
Belarus နိုင်ငံမှာ သြဂုတ်လ ၉ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲ မဲရလဒ်ကို အသိမှတ်မပြုကြောင်း အီးယူ ဥရောပသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ၂၆ နှစ်အုပ်ချုပ်ခဲ့တဲ့ သမ္မတ Alexander Lukashenko ကို အာဏာဆက်မြဲစေမယ့် ဒီရွေးကောက်ပွဲ ဟာ မဲမသမာမှုတွေ ရှိနေတယ်လို့ သုံးသပ်သူတွေက ဝေဖန်နေကြတာပါ။
မဲခေါင်မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ လုံခြုံရေး အင်အား တိုးမြှင့်ဖို့ ရည်ရွယ်ပြီး တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ၄ နိုင်ငံစစ်သင်္ဘောတွေ ပူးတွဲကင်းလှည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။
ဒီနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ တွေ့ရှိတဲ့ လူနာသစ်အားလုံးဟာ နိုင်ငံခြားသွားခဲ့သူတွေဖြစ်ကြပြီး၊ အိန္ဒိယနိုင်ငံက ပြန်လာသူ ၁၄ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံက ပြန်လာသူ ၁ ယောက်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတ မဲဆွယ်စည်းရုံးပွဲတွေ ရပ်နားခဲ့ကြသူတွေထဲမှာ Biden ရဲ့ အဓိက ပြိုင်ဖက်ဖြစ်တဲ့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders လည်း ပါဝင်ပါတယ်။ ၄ ရက်တာကျင်းပတဲ့ ပါတီညီလာခံ ဒုတိယနေ့မှာတော့ အစဉ်အလာအတိုင်း သမ္မတကိုယ်စားလှယ်လောင်းကို ပြည်နယ်အလိုက် တရားဝင်မဲပေးကြတာဖြစ်ပါတယ်။
အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးဆက်မှုတွေ ဆက်လက်ဖြစ်ပွါးနေတာမှာ ဒီကနေ့တရက်ထဲ တောင်ကိုရီးယားမှာ လူနာသစ် ၂၉၇ ယောက် အတည်ပြုခဲ့တဲ့ အတွက် မတ်လအစောပိုင်းကတည်းကနေ အခုထိ တနေ့တာ ကူးစက်မှု အများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၃ ဦး ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုဆို ဒီရောဂါ အကူးစက်ခံရသူ စုစုပေါင်း ၃၇၉ ဦး ရှိသွားပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်