ရွှေ့ပြောင်းအခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့ (IOM) က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတစ်ခုမှာ ကုတင် ၁၂၀ ဆံ့ COVID 19 ရောဂါဆိုင်ရာ ကျန်းမာရေးဗဟိုဌာန အသစ် တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။
အမေရိကန်တွေကို ပစ်မှတ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ ပစ္စည်းတွေ အွန်လိုင်းကနေ ရောင်းချပြီး လိမ်လည်မှု နဲ့ ဗီယက်နမ်နိုင်ငံသား ၃ ဦးကို ဗီယက်နမ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲ အတွက် စာတိုက်ကနေ ပေးပို့မယ့်မဲပြားတွေ အချိန်မီ ရောက်အောင် ပို့ပေးမှာ ဖြစ်ကြောင်း အမေရိကန် စာပို့လုပ်ငန်း USPS အကြီးအကဲ Louis DeJoy က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
မဲမသမာမှုတွေ ရှိတယ်လို့ စောင့်ကြည့်သုံးသပ်သူတွေ ဝေဖန်နေတဲ့ Belarus နိုင်ငံ ရွေးကောက်ပွဲကနေ ၂၆ နှစ် အုပ်ချုပ်ပြီးတဲ့ နောက်သက်တမ်း ဆက်တိုးမယ့် အာဏာရှင် သမ္မတ Alexander Lukashenko နုတ်ထွက်ပေးဖို့ ဆန္ဒပြမှုတွေတိုးလာချိန်မှာ အင်္ဂါနေ့ က နောက်ထပ် အလုပ်သမားတွေပါ ပူးပေါင်းလာကြပါတယ်။
USAID ခေါ် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Michael Harvey က USAID ဟာ မော်ရိုကိုနိုင်ငံကနေ အီရတ်နိုင်ငံအပြင် အရှေ့အလယ်ပိုင်းက နိုင်ငံတိုင်းလိုလိုမှာ ပါဝင်လှုပ်ရှားနေခဲ့တာ အနှစ် ၃၀ ကနေ ၄၀ လောက် ကြာခဲ့ပါပြီလို့ပြောပါတယ်။
တရုတ်နဲ့ သြစတြေးလျနှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ သံတမန်ရေးဆိုင်ရာ တင်းမာမှုတွေရှိနေတဲ့ ကြားကပဲ သြစတြေးလျ ဝိုင်အရက် သွင်းကုန်တွေအပေါ် တရုတ်နိုင်ငံက စုံစမ်းမှုတွေ စတင်လိုက်ပါတယ်။
ကပ်ရောဂါကူးစက်ပျံ့နှံ့မှုဟာ ပုံစံပြောင်းလာနေပြီး ဒေသတွင်းက အသက် ၂၀၊ ၃၀ နဲ့ ၄၀ ကြားလူငယ်တွေကြားမှာ ပိုးကူးစက်မှုမြင့်တင်လာတယ်လို့ WHOရဲ့ အနောက်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Dr. Takeshi Kasai က အင်္ဂါနေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Trump ကို အနိုင်ရရေး အတွက် ဒုတိယ သမ္မတဟောင်း Biden ကို ကူညီပံ့ပိုးကြမယ်ဆိုတဲ့ တခုတည်းသော ရည်မှန်းချက်နဲ့ နိုင်ငံတဝန်းက ကိုယ်စားလှယ်တွေ၊ စည်းရုံးဟောပြောသူတွေနဲ့ လေးရက်ကြာ ကျင်းပမယ့် ဒီမိုကရက် ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပါတယ်။
CIA ဝန်ထမ်းဟောင်းနဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ရဲ့ ဘာသာ စကားကျွမ်းကျင်သူ ကွန်ထရက်တာဟောင်း အသက် ၆၇ နှစ် အရွယ် Alexander Yuk Ching Ma ကို ခေတ်မီ ထောက်လှမ်းရေး နည်းပညာတွေနဲ့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေ အပါအဝင် တရုတ် အတွက် ထောက်လှမ်းရေး လုပ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။
ပြင်သစ်အခြေစိုက် စီးပွားရေးလုပ်ငန်းကုမ္ပဏီကြီးတစ်ခုကိုပိုင်ဆိုင်တဲ့ စင်္ကာပူ စီးပွားရေးလုပ်ငန်းရှင်ကြီး ၃ ဦးက အင်္ဂလန် Premier League ဘောလုံးအသင်းတခုဖြစ်တဲ့ Newcastle United အသင်းကို ဝယ်ယူဖို့ ဆွေးနွေးပြောဆိုနေတာတွေ အတော်လေး ခရီး ရောက်နေပြီလို့ အဲဒီကုမ္ပဏီက တနင်္လာနေ့ကပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကစပြီး ရှင်ဂျန်းပြည်နယ်မှာ နေထိုင်ကြတဲ့ ဝီဂါ၊ တိုင်းရင်းကာဇတ်ခ်၊ ကီရိဂ်ဇ်နဲ့ တခြားမူဆလင်လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
တရုတ် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Huawei Technologies Co အပေါ် ကန့်သတ်ပိတ်ပင်မှုတွေ ပိုပြီး ချမှတ်သွားမယ်လို့ အမေရိကန် အစိုးရက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
နယူးဇီလန်နိုင်ငံက အကြီးဆုံးမြိုးဖြစ်တဲ့ Auckland မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတိုးလာနေတဲ့အတွက် မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝန်ကြီးချုပ် Jacinda Arden က သီတင်း ၄ ပတ်နောက်ဆုတ်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်ထဲသေဆုံးသူ ၉၀၀ ကျော်တိုးလာတဲ့အတွက် သေဆုံးသူစုစုပေါင်း ၅၀,၀၀၀ ကျော်သွားပြီလို့ အိန္ဒိယတာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။
ဘယ်လာရုစ်နိုင်ငံမှာ သမ္မတသက်တမ်း ၂၆ နှစ်ရှိပြီဖြစ်တဲ့ Alexander Lukashenko ကို နောက်ထပ် သမ္မတသက်တမ်း ထပ်တိုးပေးလိုက်တဲ့ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပွားနေရာမှာ တနင်္ဂနွေနေ့က မြို့တော် Minsk မှာ လူပေါင်း အနည်းဆုံး တသိန်းလောက် ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Kamala Harris ဟာ ဒုတိယသမ္မတဖြစ်ရေး အရည်အချင်း ပြည့်မီတယ်ဆိုတာကို သမ္မတ အိမ်ဖြူတော်ဘက်က တနင်္ဂနွေနေ့မှာ သဘောတူ လက်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ စောင့်ကြည့်ရေး အရင် ပိတ်ပင်ခံခဲ့ရတဲ့ PACE အဖွဲ့ကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း ပြောလာတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။
ပြည်ပခရီးသွားရာဇဝင်မရှိဘဲ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး မြန်မာနိုင်ငံမှာ ဒီနေ့ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ်လ ၁၆ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီကနေ့ လူ ၁,၀၀၀ ကျော်လောက် စုဝေးပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေက အစိုးရ နုတ်ထွက်ပေးဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့၊ အတိုက်အခံ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက် နှောင့်ယှက်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အမှုန်ငယ်လေးတွေဟာ ရောဂါကူးစက်ခံရထားရသူထံကနေ ၄.၈ မီတာ (၁၅ ပေကျော်) လောက်အထိ ပျံ့နှံ့ကူးစက်နိုင်တာကို လေ့လာတွေ့ရှိခဲ့ရကြောင်း အမေရိကန် သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်