သမ္မတ Donald Trump ရဲ့ညီ အသက် ၇၂ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် Robert Trump ဟာ မနေ့ စနေနေ့ညပိုင်းက နယူးယောက်မြို့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇၉ ယောက် တွေ့ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ မတ်လအစောပိုင်းကစပြီး နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်တာ ဖြစ်ပါတယ်။
ပျံသန်းနိုင်တဲ့ အမျိုးအမည်မသိ အရာဝတ္ထုတွေဖြစ်တဲ့ UFO တွေကို စုံစမ်း စစ်ဆေးဖို့အတွက် အမေရိကန်ရေတပ်က ကြီးကြပ်မယ့် အဖွဲ့သစ်တခုကို ဖွဲ့စည်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့မှာ ကြေညာပါတယ်။
တောင်ကိုရီးယားမှာ ၅ လကျော်အတွင်း ကိုရိုနာဗိုင်းရပ်စ် တရက်တာ ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့တာကြောင့် စနေနေ့က ဆိုးလ်မြို့တော်နဲ့ အနီးတဝိုက်မှာ အသွားအလာ ကန့်သတ်ချက်တွေ တင်းကျပ်လိုက်ပါတယ်။
အိန္ဒိယ-တရုတ် နှစ်နိုင်ငံကြား နယ်စပ်တင်းမာမှု အကြီးအကျယ် ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က သူ့ရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ တရုတ်နိုင်ငံကို အထူးသတိပေး ပြောကြားလိုက်ပြီး အိန္ဒိယမှာ ခုထက် ပိုအားကောင်းတဲ့ စစ်တပ်ကို တည်ဆောက်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ ပိုလန်တို့ဟာ မကြာသေးခင်ကမှ ညှိနှိုင်းခဲ့တဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ EDCA သဘောတူညီချက်ကို စနေနေ့က ဝါဆောမြို့မှာ လက်မှတ်ရေးထိုးကြပါတယ်။
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်ခံရသူ ၂၁ သန်းကျော်သွားပြီ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေး စမ်းသပ်မှု ၃ ခုကို လုပ်နေတယ်လို့ ဝန်ကြီးချုပ် Narendra Modi က လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
ဒုတိယကမ္ဘာစစ်ပွဲမှာ ဂျပန်လက်နက်ချကြောင်း ကြေညာခဲ့တာ ၇၅ နှစ်ပြည့်တဲ့ ဒီနေ့မှာ အတိတ်က ဖြစ်ရပ်တွေအတွက် အင်မတန် နောင်တရမိတယ်လို့ ဂျပန်ဧကရာဇ် Naruhito က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံဆက်ဆံရေး စတင်နိုင်ဖို့ နှစ်ဘက်ဆွေးနွေးခဲ့ကြတာ အနှစ် ၅၀ ပြည့်ကာနီးပါပြီ။ ဝန်ကြီး Pompeo က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကနေ စိတ်ပိုင်းဖြတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ ထူးခြားတဲ့ ကတိကဝတ်တွေနဲ့ အနာဂတ်တရပ်ပေါ်ထွန်းလာလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ ထိုင်း နိုင်ငံရေးမှာ စစ်တပ် ဩဇာလွှမ်းမိုးထားတာကို အဆုံးသတ်ရေး ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ကျောင်းသား ခေါင်းဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက သောကြာနေ့က ဖမ်းဆီးလိုက်ပါတယ်။
သောကြာနေ့က Belarus နိုင်ငံမှာ သြဂုတ်လ ၉ ရက် ရွေးကောက်ပွဲအနိုင်ရ သမ္မတ Alexander Lukashenko ကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက် ဖြစ်နေပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေရဲ့ သဘောထားရပ်တည်ချက်တွေ လွတ်လွတ်လပ်လပ် တင်ပြနိုင်စေရေး နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင် သံကြားဌာနတွေအသုံးပြုခွင့်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ပြောင်းလဲသင့်တယ်လို့ HRW က မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး အဖြစ် ဆက်ရှိနေဆဲ ဖြစ်တဲ့အတွက် (မသွားမဖြစ်ကိစ္စရပ်တွေကလွဲပြီး) အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံ နယ်စပ်ကို နောက်တလထပ်ပြီး ဆက်ပိတ်ထားမှာ ဖြစ်ကြောင်း ကနေဒါက သောကြာနေ့မှာ ကြေညာပါတယ်။
ဆရာဝန်အသစ်တွေ အမြောက်အမြား လေ့ကျင့်သင်ကြားပေးမယ့် တောင်ကိုရီးယားအစိုးရရဲ့ အစီအစဉ်ကို သပိတ်မှောက် ဆန္ဒပြ တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံ အတွင်းက ဆေးခန်း စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံ မနေ့ သောကြာနေ့က တစ်ရက်ကြာ ပိတ်ထားခဲ့ကြ ပါတယ်။
မြန်မာနိုင်ငံမှာCOVID-19 ကူးစက်သူ လူနာသစ် ၅ ဦး နောက်ထပ် အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၃၇၄ ယောက် ရှိပါပြီ။ မနေ့က ဓါတ်ခွဲ နမူနာ ၁၄၆၈ ခုကို စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅ ယောက်တွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက် ညပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သောကြာနေ့တရက်ထဲ သေဆုံးသူ ၁၀,၀၇ ရှိတဲ့အတွက် ကမ္ဘာမှာ သေဆုံးသူအများဆုံး စတုထ္ထမြောက်နိုင်ငံဖြစ်လာပါတယ်။ အမေရိကန်၊ ဘရာဇီးလ်းနဲ့ မက္ကဆီကိုနိုင်ငံတွေကတော့ သေဆုံးသူအများဆုံးရှိတဲ့ ထိပ်က ၃ နိုင်ငံပါ။
မာက်ကိုရီးယား တာဝန်ရှိသူတွေကို ကိုးကားဖော်ပြထားတဲ့ IFRC ရဲ့ကြေငြာချက်မှာတော့ ရေကြီးရေလ ျှံမှုကြောင့် သီးနှံစိုက်ခင်းအတော်များများလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကာလတာရှည် စားနပ်ရိက္ခာရှားပါးမှုနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွါးရေးပိုပြီး အထိနာစေပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါဒဏ်ခံနေရချိန်မှာပဲ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အနောက်မြောက်ပိုင်း Equateur ပြည်နယ်မှာ အီဘိုလာရောဂါ ဖြစ်ပွါးမှု တိုးလာတာနဲ့ ရင်ဆိုင်နေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
မြန်မာ၊ မလေးရှားနဲ့ နီပေါနိုင်ငံတွေက အမျိုးသမီးတွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်လာအောင် နဲ့ ကျားမ လိင် ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖြေရှင်းပေးနိုင်အောင် အကူအညီပေးဖို့ Visa Foundation နဲ့ Asia Foundation တို့ ပူးပေါင်း ဆောင်ရွက်တဲ့ စီမံချက်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်