အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ သေဆုံးရသူ ၁၅၀၀ လောက် ဖြစ်သွားခဲ့ပါတယ်။
နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ငန်းခွင်တွေမှာ အရေအတွက်ကန့်သတ်ငှားရမ်းမယ့် မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက် ဟာ တန်ပြန်ဆိုးကျိုးရလဒ်ကိုသာ ရစေလိမ့်ယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နဲ့ အစ္စရေး တို့ကြား သံတမန် ဆက်ဆံရေး ထူထောင်ဖို့ သဘောတူခဲ့ ကြပွါတယ်။
လက်ဘနွန်နဲ့ နိုင်ငံတကာ စုံစမ်းရေးမှုတွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ အမေရိကန်အစိုးရ ထောက်လှမ်းရေးဌာန FBI လည်း ပူးပေါင်းပါဝင် မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်မယ့် ခရီးစဉ် ကိုစတင်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ရှစ် ယောက် တွေ့ရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၆၉ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ် ၁၃ ရက် ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အကြောင်း ရေးထားတဲ့ အတ္ထုပတ္တိစာအုပ်သစ်မှာ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့အကြား ပေးစာပေါင်း ၂၅ စာင် ရှိတဲ့အကြောင်းကို ဖော်ပြထားပြီး အဲဒီ စာတွေက သူတို့နှစ်ဦးအကြားမှာ ရှိတဲ့ အမှန်တကယ် ဆက်ဆံရေးကို ဖော်ထုတ် ပြောပြနိုင်တယ်လို့ ဆိုပါတယ်။
နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ ပြန်ဖြစ်လာနေတာကြောင့် ဝန်ကြီးချုပ် Jacinda Arden အနေနဲ့ Auckland မြို့မှာ လူတွေကို အပြင်မထွက်ဖို့ အမိန့်အသစ်ကို ထပ်ပြီးတော့ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ် ပြန်လည်ပြုပြင်ရေး ကျောင်းသားဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်ပွါးနေချိန်မှာပဲ မနေ့ ဗုဒ္ဓဟူးနေ့က အစိုးရ အဖွဲ့ဝင်အသစ် ၆ ဦး ထိုင်းဘုရင် ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ဆောင်မှု ကောင်းကောင်းမရကြတဲ့အတွက် ငှက်ဖျား၊ တီဘီ အဆုတ်နာနဲ့ HIV - AIDS ရောဂါ နဲ့ သေဆုံးရသူ အရေအတွက် တဟုန်ထိုးမြင့်တက်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဆေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
တရုတ်ရဲ့ စီးပွားရေးအင်အားဟာ စစ်အေးကာလ ဆိုဗီယက်ယူနီယံ ထက်ကို ကမ္ဘာကို တချို့သော နည်းလမ်းမျိုးတွေနဲ့ ခြိမ်းခြောက်မှု ပိုကြီးမားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဗုဒ္ဓဟူးနေ့မှာ ချက်ပြည်သူ့သမ္မတနိုင်ငံ အထက်လွှတ်တော်မှာ မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ EU ဥရောပ သမဂ္ဂက ကမ္ဘောဒီးယားကို ပေးအပ်ထားတဲ့ ကုန်သွယ်မှု အထူး အခွင့်အရေးကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းက ကရင်တိုင်းရင်းသားတွေ ထူထောင်ထားတဲ့ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ် အပါအဝင် Equator ဆု ဆွတ်ခူး ရရှိထားသူတွေ အတွက် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းပမယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ကြေညာလိုက်ပါတယ်။
၂၁-ရာစုပင်လုံ ညီလာခံမှာ ချုပ်ဆိုမယ့် သဘောတူစာချုပ်နဲ့ ပတ်သက်လို့ အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွဆွေးနွေးရာမှာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ တစ် ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း ရောဂါဖြစ်သူ ၃၆၁ ယောက်ရှိပါတယ်။ ဒီနေ့ အတည်ပြုလူနာသစ်ဟာ အိန္ဒိယနိုင်ငံကပြန်လာတဲ့ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်က အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA က ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး COVID 19 ကာလ လူငယ်တွေရဲ့ လူမှုအသိုင်းအဝိုင်းကြား လှုပ်ရှား ဆောင်ရွက်မှုတွေကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
COVID-19 ရောဂါကာကွယ်ဆေးထုတ်ဖို့ စမ်းသပ်နေတဲ့ အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က ဆေး သန်း ၁၀၀ ထုတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအစိုးရနဲ့ သဘောတူ စာချုပ်ခဲ့တယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေ အတင်းကြပ်ဆုံး ချမှတ်ခဲ့တဲ့ ဧပြီလကနေ ဇွန် အတွင်း စီးပွးရေးဟာ ၂၀.၄ ရာခိုင်နှုန်း စံချိန်တင်အောင် ကျသွားခဲ့ပါတယ်။
ရုရှားနိုင်ငံက တရားဝင် ကြေညာတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးအတွက် ဆန်းစစ်အတည်ပြုပေးဖို့ အချက်အလက် လုံလုံလောက်လောက် မရခဲ့ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အမေရိက နိုင်ငံများဆိုင်ရာဒေသတွင်းဌာနခွဲ နဲ့ PAHO - Pan American ကျန်းမာရေးဌာန လက်ထောက်ဒါရိုက်တာ Jarbas Barbosa က အင်္ဂါနေ့မှာ ပြောပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့အိန္ဒိယ တရားရုံးချုပ် က အင်္ဂါနေ့ က ခွင့်ပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်