အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ တနင်္လာနေ့ ညနေပိုင်းအထိ သေဆုံးသူ COVID-19 အတည်ပြုလူနာ ၁,၀၀၇ နဲ့ စုစုပေါင်း သေဆုံးသူ ၄၄,၀၀၀ ကျော်ရှိပါတယ်။ အတည်ပြုလူနာကလည်း ၆ ရက်ဆက်တိုက် အများဆုံးအဖြစ် ဒီနေ့ ၆၂,၀၀၀ ကျော်ပါတယ်။ အိန္ဒိယ မှာ စုစုပေါင်း အတည်ပြုလူနာက ၂,၀၀၀,၀၀၀ ကျော်ဖြစ်ပါတယ်။