မြန်မာနိုင်ငံမှာ လူငယ်သင်တန်းကျောင်းက လူငယ် ၂ ဦး သေဆုံးမှုအတွက် အစိုးရဘက်က စစ်ဆေးစုံစမ်းမှုတွေ စလုပ်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်ပြီး အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ သန်းကျော်သွားပြီ ဖြစ်တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက လူ ၁၅၈ ယောက် သေဆုံးပြီး ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုကြီးအတွက် လက်ဘနွန်ကို ကူညီထောက်ပံ့ရေး ရန်ပုံငွေ မြှင့်တင်ဖို့ နိုင်ငံတကာ အလှူရှင်တွေနဲ့ ရုပ်သံဆွေးနွေးပွဲတခုကို ပြင်သစ်သမ္မတ Emmanuel Macron ဦးဆောင်ပြုလုပ်သွားဖို့ ရှိပါတယ်။
အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် Huawei ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ ထည့်သုံးနေတဲ့ ကွန်ပျူတာ Chip ပြား ထုတ်လုပ်မှုတွေ လာမယ့် စက်တင်ဘာလထဲ ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ Huawei က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့ ဖြစ်နေတဲ့ သန်းနဲ့ချီတဲ့ အမေရိကန်တွေအတွက် စီးပွားရေး ထောက်ကူ ပံ့ပိုးပေးမှုဆိုင်ရာ သမ္မတရဲ့ အမိန့်ညွှန်ကြားချက်ကို အမေရိကန်သမ္မတ Donald Trump က စနေနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါပြီ။
တရုတ်နိုင်ငံမြောက်ပိုင်း Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ Bubonic plague လို့ခေါ်တဲ့ ချိုင်းနဲ့ ပေါင်ခြံ အကျိတ်ရောင် ပလိပ်ရောဂါနဲ့ ဒေသခံတဦး သေဆုံးခဲ့တဲ့နောက်မှာ တရုတ်အစိုးရက အဲဒီဒေသအတွက် ၂ ရက်ကြာ အသွားအလာ ပိတ်ပင်လိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းစာမေးပွဲ အောင်စာရင်းတွေကို သြဂုတ်လ ၉ ရက် တနင်္ဂနွေမနက် အရုဏ်တက်ချိန်ကစလို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ခရီးသည်တင်လေယာဉ်တစင်း ပြေးလမ်းပေါ် ဆင်းတဲ့အချိန် လမ်းချော်ပြီး ပြေးလမ်းဘေးက တောင်စောင်းထဲကို ထိုးကျ ပျက်စီးသွားတာကြောင့် လူ ၁၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၂၅ ယောက်ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံ ၃၂ နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပကြပါတယ်။
အမေရိကန်၊ ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ အကျိုးအမြတ်များလှတဲ့ တရုတ်ဈေးကွက်ကို လက်မလွှတ်ရဖို့အတွက် တရုတ်အစိုးရ မကြိုက်တာတွေ သူတို့ရုပ်ရှင်တွေထဲမှာ မပါရအောင် ဆင်ဆာလုပ် ရိုက်ကူးနေကြတယ်လို့ အစီရင်ခံစာသစ်တခုမှာ ဖော်ပြထားပါတယ်။
မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၉၃၃ ဦး အပါအဝင် နောက်ထပ် ရောဂါကူးစက်သူပေါင်း ၆၁,၀၀၀ ကျော် ရှိခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂.၁ သန်းနီးပါး ရှိသွားပါပြီ။
အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးများတာကြောင့် ခရီးသည်တင် လေယာဉ် တစင်းလည်း ပြေးလမ်းချော် မတော်တဆမှု ဖြစ်ပွားခဲ့ရသလို ရေကြီးပြီး မြေပြိုတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ကြုံတွေ့ခဲ့ရပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ သောကြာနေ့မှာ ၁၉ သန်းကျော် (၁၉,၁၆၀,၈၀၆) သွားပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ အမေရိကန်နိုင်ငံက အကူးစက်ခံရသူ ၅ သန်းနီးပါး နဲ့ အများဆုံးဖြစ်ပြီး ဘရာဇီးလ်က လူပေါင်း ၃ သန်းနီးပါးနဲ့ အိန္ဒိယက ၂ သန်းကျော် ကူးစက်ခံနေရတာ ဖြစ်ပါတယ်။
တရုတ်အစိုးရကို လိုလားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam နဲ့တာဝန်ရှိသူတစ်ချို့ကို အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ ဗြတိသျှကိုလိုနီဟောင်း ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်မှုဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ အမေရိကန်က သူတို့ကို အရေးယူဒဏ်ခတ် လိုက်တာပါ။
ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင် ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့က ဖမ်းဆီးလိုက် ပါတယ်။
မြန်မာနိုင်ငံအတွင်း COVID-19 ကြောင့် အလုပ်ဆုံးရှုံးခဲ့သူ အထည်ချုပ်လုပ်သားတွေ ဥရောပ သမဂ္ဂအဖွဲ့ရဲ့ “မြန်ကူ” အရေးပေါ် ရန်ပုံငွေအဖွဲ့က ပေးအပ်တဲ့ ထောက်ပံ့ငွေတွေ ဆက်လက်ရရှိနေဆဲ ဖြစ်ပြီး မေလ ၁ ရက်က ဩဂုတ်လ ၃ ရက်အထိယူရို ငွေ ၂.၅ သန်း (မြန်မာကျပ်ငွေ ၄ ဘီလီယံ) မြန်ကူက ထောက်ပံ့ကူညီခဲ့ပါတယ်။
၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲကို တရုတ်၊ ရုရှားနဲ့ အီရန်တို့က ကြားဝင်နှောက်ယှက်မှာကို စိုးရိမ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အကြီးအကဲက သောကြာနေ့မှာ ပြောပါတယ်။
တရုတ်နည်းပညာကုမ္ပဏီ ByteDance က ထုတ်လုပ်ထားတဲ့ TikTok app၊ Tencent ကုမ္ပဏီပိုင် WeChat app တွေနဲ့အမေရိကန်ကုမ္ပဏီတွေ တွဲမလုပ်ဖို့ ကြာသပတေးနေ့မှာ အမိန့်ထုတ်ပြန်လိုက်တာပါ။
ကမ္ဘာတဝန်း COVID ကာလ မြင်ကွင်း။
နောက်ထပ်ကြည့်ရှုရန်