အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၂,၀၀၀,၀၀၀ ကျော် နဲ့ သေဆုံးသူ ၄၁,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယမှာ ရောဂါကူးစက်ခံရသူ ၆၂,၅၃၈ ယောက်ရှိတာကြောင့် တနိုင်ငံလုံးမှာ ကူးစက်သူဟာ ၂,၀၀၀,၀၀၀ ကျော် ရှိပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ပြောပါတယ်။