အရှေ့တောင်အာရှမှာ ဈေးကွက်ချဲ့ထွင်လာတဲ့ ဂျပန် Mitsubishi ကား ကုမ္ပဏီက မြန်မာနိုင်ငံမှာ ကားထုတ်လုပ်ရေးစက်ရုံတခု တည်ဆောက်ဖို့ စဉ်းစားနေတယ် လို့ Mitsubishi အမှုဆောင်အရာရှိချုပ် Takao Kato က Nikkei Asian Review သတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် သမ္မတဒေါ်နယ်ထရမ့် အဆိုပြု တင်သွင်းခဲ့တဲ့ Thomas Laszlo Vajda ကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ဗုဒ္ဓဟူးနေ့ မနက်က အွန်လိုင်းကနေတဆင့် ကြားနာပွဲပြုလုပ်ခဲ့ပါတယ်။
Lebanon အစိုးရဝန်ကြီးများအဖွဲ့က ဘေရွတ်မြို့ကို သီတင်း ၂ ပတ် - နိုင်ငံတော် အရေးပေါ် အခြေနေကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် တစ်ဦးထပ်တွေ့တာကြောင့် အခုဆိုရင် စုစုပေါင်း ရောဂါပိုးကူးစက်ခံရသူ ၃၅၇ ဦး ရှိသွားပြီဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ အမှတ် ၁ တပ်မတော်ဆေးရုံတို့မှာ စစ်ဆေးခဲ့တဲ့ စုစုပေါင်းဓာတ်ခွဲနမူနာ ၉၆၇ ခုထဲကမှ ရောဂါပိုးကူးစက်ထားသူတစ်ဦးကို တွေ့ခဲ့တာဖြစ်ပါတယ်။
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်မှာ ပေါက်ကွဲမှုကြီးကြောင့် သေဆုံး ဒဏ်ရာရသူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ တရားပွဲအတွင်း ပန်ကြားသွားပါတယ်။
လူငယ်တွေကြား COVID-19 ကူးစက်မှုနှုန်း လွန်ခဲ့တဲ့ ၅ လအတွင်း ၃ ဆ တိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက် ပါတယ်။ လူချင်းချဲ ခပ်ခွါခွါနေရမဲ့ စည်းကမ်းတွေကို မလိုက်နာတာကြောင့် အခုလို ကူးစက်မှုနှုန်းတက်လာရကြောင်း လည်း WHO က ပြစ်တင် ဝေဖန်လိုက်ပါတယ်။
အာရှတလွှား COVID-19 ကူးစက်မှုတွေ မြင့်တက်နေပြီး သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ်မှာ ဒီကနေ့တရက်ထဲ ကူးစက်သူ ၇၂၅ ယောက်နဲ့ သေဆုံးသူ ၁၅ ယောက်ရှိပါတယ်။ အသွားအလာ ကန့်သတ်ချက် အသစ်တွေပြန်ပြီး ချထားတာကြောင့် Melbourne မြို့မှာ အရေးမကြီးတဲ့ စီးပွါးရေးလုပ်ငန်းတွေကို သီတင်း ခြောက်ပတ် ပိတ်ထားပါတယ်။
"တရုတ်ကွန်မြူနစ်ပါတီဟာ ကိုယ့်လူထုရဲ့ လွတ်လပ်တဲ့ စဉ်းစားဆင်ခြင်မှုကို သည်းမခံနိုင်ပါဘူး။ ဒါ့အပြင် တရုတ်နိုင်ငံ နယ်နိမိတ်ကိုကျော်ပြီး နိုင်ငံပြင်ပထိ လွှမ်းမိုးဖို့ ပိုပြီးကြိုးစားလာနေပါတယ်။" လို့ ထုတ်ပြန်ချက်တခုမှာ ဝန်ကြီး Pompeo ကပြောထားပါတယ်။
အသက် ၂၄ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်အလုပ်သမား Mohamad Rayhan Kabir က အယ်လ်ဂျာဇီးရား ရုပ်သံသတင်းဌာနရဲ့ 101 East ဆိုတဲ့ အစီအစဉ်နဲ့ တွေ့ဆုံပြောဆိုခဲ့ပြီးတဲ့နောက် သူ့ရဲ့ အလုပ်လုပ်ခွင့်လက်မှတ်ကို မလေးရှားအာဏာပိုင်တွေက ရုပ်သိမ်းခဲ့ပြီး နောက် သီတင်းပတ်အတော်ကြာမှာတော့ သူ့ကို ဖမ်းလိုက်တာပါ။
မလေးရှားနိုင်ငံ Kuala Lumpur မြို့က Al Jazeera သတင်းဌာန ရုံးခန်းကို မလေးရှား အာဏာပိုင်တွေ အင်္ဂါနေ့က ဝင်ရောက် စီးနင်းပြီး ကွန်ပြူတာတွေကို သိမ်းဆည်းလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြကျောင်းသားတွေအနေနဲ့ မတည်မငြိမ်ဖြစ်မယ့် အခြေအနေတွေကို မဖန်တီးကြဖို့ ဝန်ကြီးချုပ် Prayuth Chan-ocha က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
ကက်ရှ်မီးယားဒေသကို အခြေခံဥပဒေအရပေးထားတဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အရေးကို အိန္ဒိယအစိုးရက ရုပ်သိမ်း လိုက်တဲ့နှစ်ပတ်လည်နေ့ မတိုင်ခင်တရက်အလိုမှာ အိန္ဒိယ အာဏာပိုင်တွေက အဲဒီဒေသထဲအိမ်ပြင်မထွက်ရ ကာဖျူးအမိန့်ကိုထုတ်ပြန် လိုက်ပါတယ်။
ဂျပန် လက်လီဖြန့်ချီရေး စီးပွါးရေးလုပ်ငန်းစု အဖွဲ့ Aeon က ရန်ကုန်မြို့မှာ ဈေးဝယ်စင်တာကြီးတခုဆောက်လုပ်သွားဖို့ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ အင်္ဂါနေ့ကပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒီကနေ့အင်္ဂါနေ့မှာပဲ နာမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ရွေးကောက်ပွဲလေ ျှာက်လွှာကို သန်လျင်မှာ ရှိတဲ့ ရန်ကုန်တိုင်းတောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာပြီးတင်သွင်းခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကလေးငယ်တွေ ပညာသင်ကြားရေးမှာ သမိုင်းတလျှောက် မကြုံစဖူး ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောပါတယ်။
ဂျပန်တို့ရဲ့ အတင်းအကြပ် လုပ်အားခိုင်းစေခံခဲ့ရသူ တောင်ကိုရီးယားလူမျိုး လေး ဦးကို လျော်ကြေးပေးနိုင်ရေး ဂျပန်ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့ တောင်ကိုရီးယားအမြင့်ဆုံးတရားရုံးရဲ့ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ဂျပန်နိုင်ငံ Nippon Steel ကုမ္ပဏီကပြောပါတယ်။
ဒီလထဲ အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှု လုပ်မယ့် ကိစ္စအပေါ် ထိုင်းပြည်သူ ပြည်သားတွေက ဆိုရှယ်မီဒီယာတွေကတဆင့် ဝေဖန်လာကြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Sinlaku မုန်တိုင်းဟာ တနင်္လာနေ့က မြန်မာနိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့ ထိုင်း မိုးလေဝသဌာနက ပြောပါတယ်။
တရုတ်ပိုင် TikTok ဗွီဒီယို App ရဲ့ အမေရိကန် ဆိုင်ရာ စီမံခန့်ခွဲမှုကို လာမယ့် စက်တင်ဘာလ ၁၅ ရက်အထိ အမေရိကန် လုပ်ငန်းကြီး တခုက မဝယ်ဘူးဆိုရင်တော့ လူသုံးများတဲ့ TikTok App ကို အမေရိကန်မှာ လုံး၀ ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က တနလာၤနေ့မှာ ပြောဆို လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ နှစ် ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၃၅၅ ယောက် ရှိသွားပါပြီ။ လူနာသစ် နှစ် ယောက်ကတော့ ကာတာနိုင်ငံက ပြန်လာကြတဲ့ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်