ဒီကနေ့ တရက်ထဲ Melbourne မြို့အပါအဝင် ဝိတိုရိယပြည်နယ်ထဲမှာ ကူးစက်သူ ၄၂၉ ယောက်နဲ့ သေဆုံးသူ ၁၃ ယောက်ရှိပါတယ်။ မြို့တွင်း ဈေးဆိုင်အတော်များများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အသားထုတ်လုပ်တဲ့ စက်ရုံတွေကိုလည်း သောကြာနေ့ကတည်းကစပြီး အချိန်အကန့်အသတ်နဲ့ပဲ ဖွင့်ခွင့်ပြုထားခဲ့တာပါ။
Video ရုပ်သံအတိုလေးတွေ မ ျှဝေနိုင်တဲ့ TikTok လူမှုကွန်ယက်ကို Microsoft ကုမ္ပဏီက ဝယ်ယူရေးနဲ့ ပတ်သက်လို့ အမှုဆောင်အရာရှိချုပ် Satya Nadella က သမ္မတ Donald Trump နဲ့ ဆွေးနွေးခဲ့တယ်လို့ Microsoft ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။
Space X အာကသယာဉ်ကို ဂြိုဟ်ပတ်လမ်းထဲ ပထမဆုံးမောင်းနှင်တဲ့ အာကာသယာဉ်မှူးတွေ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ရေထဲ ပြန်ဆင်းသက်နိုင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ သောက်သုံးဖို့ ဘေးမကင်းတဲ့ အရက်ပုန်းရောင်းချမှုနဲ့ ဆက်စပ်ပြီး လူ ၂ ဒါဇင်ကျော်ကို ရဲက ဖမ်းဆီးလိုက်သလို ရဲတပ်ဖွဲ့ဝင်နဲ့ အာဏာပိုင်တချို့လည်း ရာထူးက ရပ်ဆိုင်းထားပါတယ်။ ဒီ အရက်ပုန်း သောက်တာကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ရတာပါ။
ကိုရိုနာကပ်ရောဂါဘေးကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ အမေရိကန် အလုပ်သမား သန်း ၃၀ အတွက် ဘယ်လောက်အတိုင်းအတာ အကူအညီတွေ ထပ်ပေးမလဲဆိုတာ သမ္မတ အိမ်ဖြူတော်နဲ့ ထိပ်တန်း ဒီမိုကရက်အမတ်တွေ ဆက်ဆွေးနွေးနေပြီး တနင်္ဂနွေနေ့အထိတော့ သဘောတူညီချက် မရသေးပါဘူး။
ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေသစ်ကို သုံးပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဆက်လက်နှိမ်နင်းလာရာမှာ အခုတော့ အမေရိကန်နိုင်ငံသားတဦး အပါအဝင် လက်ရှိ နိုင်ငံခြားမှာ နေထိုင်နေတဲ့ တက်ကြွသူ ၆ ဦးကိုပါ ဖမ်းမိန့်ထဲ ထည့်လိုက်ပါပြီ။
သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ကတော့ ဒီနေ့မှာ ကပ်ဘေးအရေးပေါ် အခြေအနေကို ကြေညာလိုက်ပြီး COVID-19 ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ဖို့ အပြင်းထန်ဆုံး လုပ်ဆောင်တဲ့အနေနဲ့ မဲလ်ဘုန်းမြို့မှာ ညမထွက်ရအမိန့် ထုတ်လိုက်ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရစ်ပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် သမ္မတ Donald Trump ကို ပြန်လည် အမည်စာရင်းတင်သွင်း ရွေးချယ်ပွဲ ညီလာခံကို ဒီလနှောင်းပိုင်းမှာ မီဒီယာတွေ မပါဘဲ ကျင်းပသွားမယ်လို့ ရစ်ပတ်ဘလစ်ကန် အမျိုးသားကော်မတီ ပြောခွင့်ရက ပြောပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ဟောင်ကောင် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲကို တနှစ် ရွှေ့ဆိုင်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
Bahamas နိုင်ငံ Nassau မြို့အနီးကနေ စတင်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Isaias ဟာ အင်အားအနည်းငယ် ပိုကောင်းလာပြီး အမေရိကန်ပြည်ထောင်စု ကုန်းတွင်းပိုင်းကို ဦးတည်နေပါတယ်။
ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဒါနန်းတမြို့လုံးကို ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးသွားဖို့ စီစဉ်နေကြောင်း အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ရက် နီးကပ်လာတာနဲ့အမျှ အမေရိကန် ရွေးကောက်ပွဲစနစ်အပေါ် နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှု အသစ်တွေကို တွေ့လာနေရတယ်လို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။
COVID-19 ကူးစက်မြန်ရောဂါရဲ့ သက်ရောက်မှုဒဏ်တွေကို ဆယ်စုနှစ် အတော်ကြာ ခံစားနေရဦးမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့က ပြောပါတယ်။
အင်တာနက် အွန်လိုင်းပေါ်က လူမှုကွန်ရက်တွေမှာ လူကြိုက်များနေတဲ့ TikTok Application နည်းပညာဆော့ဖ်ဝဲ အသုံးပြုတာကို အမေရိကန်မှာ တားမြစ်ပိတ်ပင်သွားဖို့ ရည်မှန်းထားတယ်လို့ အမေရိကန်သမ္မတ Trump က ပြောလိုက်ပါတယ်။
COVID-19 ရောဂါရဲ့ ရိုက်ခတ်မှုတွေကို လာမယ့် ဆယ်စုနှစ်ပေါင်းများစွာ ခံစားသွားကြရလိမ့်ဦးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက သောကြာနေ့မှာ ပြောပါတယ်။
လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဆန္ဒမဲတွေကို စာတိုက်ကနေတဆင့် ပို့ပြီး မဲပေးတာတွေကြောင့် ဒီရွေးကောက်ပွဲမှာ မဲသမာမှုတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတ Donald Trump က မနေ့ သောကြာနေ့က ထပ်ပြီးတော့ စွပ်စွဲလိုက်ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အမေရိကန်နဲ့ ဘရာဇီးပြီးရင် တကမ္ဘာလုံးမှာ တတိယအများဆုံး ဖြစ်သွားပါပြီ။
ဒီကနေ့ဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးအထွတ်အမြတ် အစ်ဒ်ပွဲတော်ကို ဆင်နွှဲကြတဲ့နေ့ ဖြစ်ပါတယ်။
သောကြာနေ့မှာပဲ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က စက်တင်ဘာမှာ ပြုလုပ်မယ့် ဟောင်ကောင် ဥပဒေပြု ရွေး ကောက်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နှစ်ကြာမှာ ကျင်းပမယ်လို့ ကြေညာလိုက်တာပါ။
ခုလို ဗီယက်နမ်အစိုးရက ကြေညာတဲ့ ကိုဗစ် ပျောက်ကင်းသူ(၄)ဦးထဲမှာ မြန်မာ(၂)ဦးလည်း ပါဝင်တာဖြစ်ပြီး (၄)ဦစလုံးဟာ ပြည်ပကနေ ဗီယက်နမ်ကို ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်