တရုတ်အစိုးရက ကြောထောက်နောက်ခံပေးထားတဲ့ ကုမ္ပဏီတွေနဲ့ အကောင်အထည်ဖေါ်ဖို့ အလားအလာများခဲ့တဲ့ ၊ ရန်ကုန် ကြည့်မြင်တိုင်တဖက်ကမ်းက ရန်ကုန်မြို့သစ် စီမံကိန်းကြီးကို စီမံကိန်း အငယ်စားတွေအဖြစ် ခွဲပြီး ၊ ဈေးပြိုင်တင်တာ စနစ်နဲ့ လုပ်ဆောင်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတဦးက ကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုထဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ အချိန်မှာပဲ COVID-19 ကာကွယ်ဆေး မကြာခင်လပိုင်း အတွင်း ရနိုင်မယ်လို့ မျှော်မှန်းထားကြောင်း အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Dr. Anthony Fauci က သောကြာနေ့က အမေရိကန် လွှတ်တော်အမတ်တွေကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် နဲ့ နိုင်ငံသားဖြစ်ခွင့် ရရေး လျှောက်ထားလိုသူတွေ ပေးဆောင်ရမယ့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်ခ တွေကို ၈၀% ဈေးတက်တော့မယ်လို့ သမ္မတ Trump အစိုးရက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNHCR) နဲ့ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) တို့ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံအတွက် COVID-19 ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးတဲ့ ကိရိယာ ၂၀,၀၀၀ ပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြို့တော်မနီလာမှာတော့ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေ လုပ်ထားတာကို သြဂုတ်လလည်အထိ ထပ်တိုးလိုက်တယ်လို့ ဒီနေ့မှာ ကြေငြာပါတယ်။ မနီလာမြို့တဝိုက်အပါအဝင် တောင်ပိုင်းကပြည်နယ်တွေနဲ့ အလယ်ပို်င်းကမြို့တွေမှာ လူတွေကို အသွားအလာကန့်သတ်ထားပြီ စီးပွားရေးလုပ်ငန်းတွေကိုလည်း အကန့်အသတ်နဲ့ ဖွင့်ခွင့်ပြုထားပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်ကာလ Eid al-Adha ပွဲတော်နဲ့ Hajj ပွဲတော်တွေ ဆင်နွှဲကြတဲ့ မြင်ကွင်းတချို့။
မြန်မာနိုင်ငံကိုရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသား ၂၄၀ နီးပါးကို ဗီယက်နမ်နိုင်ငံပြန်ဖို့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပါတယ်။
ကမ္ဘာတလွှား COVID-19 ကူးစက်သူ အရေအတွက် ၁၇ သန်းကျော်နဲ့ သေဆုံးသူ ၆ သိန်း ၇ သောင်းနီးပါးရှိနေပြီး အမေရိကန် ပြည်ထောင်စုမှာက ကူးစက်မှုနဲ့ အသေအပျောက်နှုန်း အများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် တပ်မတော်က လုံခြုံမူမရှိဘူးကြေညာလာရင်တော့၊ ဒေသတချို့မှာ နောက်ရွှေ့ကောင်းရွှေ့ရလိမ့်မယ်လို့၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောလိုက်ပါတယ်။
အမေရိကန်ကွန်ဂရက်လွှတ်တော်အတွင်းမှာ နှာခေါင်းစည်းမတပ်မနေရ စည်းကမ်းကို ကြာသပတေးနေ့က စတင်ချမှတ်လိုက်ပါတယ်။ နိုင်ငံ ရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေစုဝေးရာ လွှတ်တော်တွင်း ကျန်းမာရေးအရ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်ဖို့ ဖိအားတွေနဲ့ ရင်ဆိုင်ရပြီးတဲ့နောက်မှာ အောက်လွှတ်တော် ဥက္ကဌ က အခုလို အမိန့်ချမှတ် လိုက်တာပါ။
ဒီနှစ်ထဲ ကျင်းပဖို့ရှိတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို အချိန် ရွှေ့ဆိုင်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ပထမဆုံး အကြိမ်အဖြစ်ပြောလာနေပါတယ်။
IIMM အဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေ၊ လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့နိုင်ငံတကာမှာရှိတဲ့သူတွေ အချိန်နဲ့ တပြေးညီ တိတိကျကျ သိနိုင်အောင် သူတို့ရဲ့အင်တာနက်စာမျက်နှာကနေ ဖော်ပြပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ကမ္ဘာတဝန်း COVID-19 ရောဂါကူးစက်ခံရသူဦးရေ ၁၇ သန်းကျော်နဲ့ သေဆုံးသူ ၆၇၀,၀၀၀ နီးပါးရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုကတော့ ရောဂါကူးစက်သူနဲ့ သေဆုံးသူ အများဆုံး ရှိနေပြီး ကူးစက်သူ စုစုပေါင်း ၄.၄ သန်း ကျော်သွားပြီဖြစ်ပါတယ်။
အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ မျိုးဆက်သစ် အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေးယာဉ် Perseverance ကို ဒီကနေ့ ကြာသပတေးနေ့မှာ ဖလော်ရီဒါပြည်နယ် Cape Canaveral ကနေလွှတ်တင်မှာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ကိုး ဦးတွေ့ရှိခဲ့တာကြောင့် ဒါဟာ ၃ လအကြာမှာ ပထဆုံးအကြိမ် ရောဂါပိုး ပြန်ကူးစက်လာတာဖြစ်ပြီး ကူးစက်မှုတွေ ဘယ်လိုပြန်ဖြစ်လာသလဲဆိုတာ ခြေရာမခံနိုင်သေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံက လာတယ်လို့ ယူဆရတဲ့ crystal meth မူးယစ်စိတ်ကြွဆေး ၂၀၀ ကီလိုဂရမ်ကို အင်ဒိုနီးရှားနိုင်ငံ Bangka Belitung မြို့ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နဲ့ အကောက်ခွန်ဌာန က မနေ့ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ မနေ့ ဗုဒ္ဓဟူးနေ့တရက်တည်း COVID-19 ကူးစက်သူ လူနာသစ် ၁၀၀၀ ကျော်ရှိတဲ့အတွက် ဒါဟာ ကပ်ရောဂါစဖြစ် ကတည်းကစလို့ ကူးစက်မှု စံချိန်တင် သွားတာဖြစ်ပါတယ်။
တရုတ်ပိုင် အက်ပလီကေးရှင်း APP TikTok ကို နိုင်ငံလုံခြုံရေး ကိစ္စအောက်မှာ အမေရိကန်အစိုးရက သုံးသပ်စစ်ဆေးနေပြီး ဒါနဲ့ ပတ်သက်လို့ သမ္မတ Donald Trump ကိုလာမယ့် သီတင်းပတ်အတွင်း အကြံပြုတင်ပြဖို့ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Louie Gohmert က သူ့မှာ ရောဂါလက္ခဏာမပြပဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေရကြောင်း ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ပြီးဖြစ်ပွါးနေတဲ့ ကြားကပဲ အစ္စလာမ်ဘာသာဝင်တွေရဲ့ Hajj ပွဲတော်အတွက် ဒီကနေ့ Mecca မြို့ကို ဘုရားဖူးအဖွဲ့တွေ စတင်လာရောက်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်