မြန်မာနိုင်ငံအတွင်း COVID 19 တိုက်ဖျက်ရေးအတွက် အမေရိကန် အစိုးရရဲ့ ကျန်းမာရေးနဲ့ လူသားချင်း စာနာမှု အထောက်အပံ့ ရန်ပုံငွေ အဖြစ် အရင်က ပေးအပ်ထားတဲ့ အမေရိကန် ဒေါ်လာ ၁၈.၅ သန်းအပြင် အခု အကူအညီကို ထပ်ဆောင်း ပေးအပ်တာလည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့နဲ့ တခြားနေရာတွေက ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ရာနဲ့ချီတဲ့ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လွှတ်ထားတဲ့အပေါ် အမေရိကန် အစိုးရရှေ့နေချုပ် William Barr က အင်္ဂါနေ့မှာ အခိုင်အမာ ကာကွယ်ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပြီး အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့၊ ရွေးကောက်ပွဲအသစ်လုပ်ဖို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခြိမ်းခြောက် နှောင့်ယှက်တာတွေ ရပ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
ကမ္ဘာပေါ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ပဉ္စမ မြောက် အများဆုံး နိုင်ငံ ဖြစ်လာတဲ့ တောင်အာဖရိက နိုင်ငံမှာ ကပ်ရောဂါ တိုက်ဖျက် ရေး လုပ်ငန်းတွေမှာ သုံးစွဲဖို့ အမေရိကန် ဒေါ်လာ ၄.၃ ဘီလီယံ အကူအညီ ပေးဖို့ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေ အဖွဲ့IMF က အတည်ပြု ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက် ၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုလ ၂၉ ရက်နေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားတာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၃၅၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
COVID 19 ကပ်ရောဂါဟာ တစ်ကြိမ်တစ်ခါသာ လာတဲ့ အသွင်ကြီးမားတဲ့ လှိုင်းလုံးကြီး တစ်ခုဖြစ်သလို ဗိုင်းရပ်စ် အသစ်တစ်မျိုး ဖြစ် တာကြောင့် နှစ်စဉ်ဖြစ်တဲ့ ရာသီတုပ်ကွေးတွေနဲ့ မတူဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က တာဝန်ရှိသူ တစ်ဦးက အင်္ဂါနေ့က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်ကာလ ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်ကာကွယ်ရေး ပေါ့လျော့လာတာအတွက် ပထမဆုံး လူသိရှင်ကြား ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ကရင်အမျိုးသမီးသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဆန္ဒပြနေကြတဲ့ မြင်ကွင်း။
Najib ဟာ ၂၀၀၉ ခုနှစ်က သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ 1MDB ရန်ပုံငွေထဲကနေ ဒေါ်လာ ၄.၅ ဘီလီယံ အလွဲသုံးစား ပြုမှုနဲ့ ဆက်နွယ်တဲ့ စွဲချက်ပေါင်း ၄၂ ခုအထိ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေး နှစ် မျိုးရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ အကျိုးသက်ရောက်မှုတွေကို စမ်းသပ်ဖို့ တနင်္လာနေ့က စပြီး ကျယ်ကျယ်ပြန့်ပြန့် စတင်လိုက်ပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆.၃ သန်းရှိပြီး သေဆုံးသူက ၆၅၀,၀၀၀ နီးပါး ရှိပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။
Covid ကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသူ ၁၆ သန်းကျော်အတွက် ဖက်ဒရယ်အစိုးရက ထောက်ပံ့ပေးနေတဲ့ အလုပ်လက်မဲ့ ခံစားခွင့် သက်တမ်းမကုန်ခင် ဒီခံစားခွင့် ဆက်ပေးနိုင်မယ့် အစီအစဉ်ကို အမြန်ဆုံး ညှိနှိုင်းကြဖို့ သမ္မတ အိမ်ဖြူတော်နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေကို ဒီမိုကရက် အောက်လွှတ်တော် ဥက္ကဋ္ဌ က တိုက်တွန်းလိုက်ပါတယ်။
ဒီမိုကရက် အမတ်တဦးလည်းဖြစ်၊ ပြည်သူ့အခွင့်အရေး ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့ အောက်လွှတ်တော်အမတ် John Lewis ရဲ့ ရုပ်အလောင်းကို တနင်္လာနေ့က မြို့တော် ဝါရှင်တန်ကို သယ်ဆောင်လာခဲ့ပြီး ကွန်ဂရက်လွှတ်တော်မှာ တနင်္လာနဲ့ အင်္ဂါ နှစ်ရက်ဆက်တိုက် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပနေပါတယ်။
အိန္ဒိယ ဘောလီဝုဒ် အကျော်အမော် ကမ္ဘာ့မယ်ဘွဲ့ရထားတဲ့ မင်းသမီး Aishwarya Rai Bachchan နဲ့ သူ့ (၈) နှစ်အရွယ် သမီးလေးတို့ ကိုဗစ်-19 ရောဂါသက်သာလာပြီး ဆေးရုံဆင်းနိုင်ပြီလို့ ခင်ပွန်းသည်က ပြောကြားခဲ့ပါတယ်။
အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Robert O'Brien ကိုဗစ်- ၁၉ ကူးစက်ခံထားရကြောင်း သမ္မတ အိမ်ဖြူတော်က တနလာၤနေ့မှာ ကြေညာပါတယ်။
မြန်မာအစိုးရအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ပိတ်ပင်ထားတာတွေကို ချက်ချင်းရုပ်သိမ်းဖို့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီး က မနေ့ တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။
ပြည်တွင်းခရီးသွားဧည့်သည်အများစုဖြစ်တဲ့ လူ၈၀,၀၀၀ လောက်ကို ဘေးကင်းရာ ပြောင်းရွှေ့ဖို့ အနည်းဆုံး ၄ ရက်လောက်ကြာနိုင်တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chengdu မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို တရုတ်က ထိန်းချုပ်လိုက်ပြီလို့ တရုတ်ကပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ ပြည်သူ့အခွန်ဘဏ္ဍာတွေ ဖြုန်းတီးနေတာ ရပ်ဖို့ ရာနဲ့ချီတဲ့ လူငယ်တွေက တနင်္ဂနွေနေ့က ဘန်ကောက်မြို့တော် လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်နဲ့ ပါကစ္စတန် ဇီဝလက်နက် စမ်းသပ်သုတေသန ပူးတွဲလုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းဖော်ပြချက်ဟာ အဓိပ္ပာယ်မဲ့ လုပ်ကြံဖန်တီးမှုဆိုပြီး နှစ်နိုင်ငံစလုံးက ငြင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်