COVID ကာလ ဂျပန်နဲ့ အင်ဒိုနီးရှားက မြင်ကွင်းတချို့
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက် ၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၉ ရက်နေ့ မနက် ၈ နာရီမှာ ကြေညာလိုက်တာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၃၁၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
နိုင်ငံတကာကျောင်းသားတွေ အနေနဲ့ လာမယ့် ဆောင်းရာသီစာသင်ကာလ အတွင်း အတန်းတွေကို လူကိုယ်တိုင် မတက်ပဲ အွန်လိုင်းကပဲ တက်မယ်ဆိုရင် သူတို့ရဲ့ ကျောင်းသားဗီဇာနဲ့နေခွင့် ဆုံးရှုံးမှာ ဖြစ်ကြောင်း အစိုးရက မူဝါဒပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး ဟားဗတ်နဲ့ MIT တက္ကသိုလ် တို့က ဗဟိုအစိုးရကို တရားစွဲလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ် မြို့တော်မှာ ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်း တည်ဆောက်တာကို ထောက်ခံတဲ့အနေနဲ့ ပါကစ္စတန် လူငယ် အုပ်စုတစ်ခုက ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီ ဘုရားကျောင်း ဆောက်လုပ်ရေးကို အစ္စလာမ္မစ် အုပ်စုတွေက ကန့်ကွက်တာကြောင့် ရပ်ဆိုင်းထားခဲ့ရတာပါ။
ဂျာမဏီနိုင်ငံဟာ အီးယူ ဥရောပသမဂ္ဂရဲ့ အလှည့်ကျသဘာပတိ အဖြစ် ဇူလိုင်လ တရက်ကနေ ဒီဇင်ဘာလကုန်အထိ တာဝန်ယူရမှာ ဖြစ်ပြီး ဒီ ၆ လအတွင်း ဦးစားပေးလုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ချပြဖို့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel ဟာ ဘရပ်ဆဲလ်က အီးယူဌာနချုပ်ကို ဗုဒ္ဓဟူးနေ့မှာ ရောက်သွားပါပြီ။
မြန်မာစစ်တပ်ဟာ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်နေပြီး ကလေးငယ်တွေ အပါအဝင် အရပ်သားတွေကို သတ်ဖြတ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတဦး ထပ်တိုးတဲ့အတွက် ဒီကနေ့အထိဆိုရင် ရောဂါပိုးကူးစက်သူ စုစုပေါင်း ၃၁၇ ဦးရှိသွားပါပြီ။ ဒီကနေ့ ညနေပိုင်းအတွက် ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၄၀၃ ခုကို စစ်ဆေးခဲ့တဲ့ထဲမှာ ကူးစက်သူတဦး ထပ်တွေ့တာပါ။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် လျော့လာပြီဆိုပြီး စိတ်အေးလက်အေး ရှိမနေကြဖို့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ လေထဲကနေလည်း ပျံ့နှံ့ကူးစက်နိုင်ကြောင်း အထောက်အထားတွေ ပိုတွေ့လာနေရကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြနိုင်အောင် ပြင်ဆင်နေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ အမေရိကန်နိုင်ငံ နှုတ်ထွက်ဖို့ သမ္မတဒေါ်နယ်ထရမ့် တရားဝင် စတင်လုပ်ဆောင်လာတာဟာ WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုတွေ အတွက် ခြိမ်းခြောက်ခံနေရမှု တကယ်ဖြစ်လာနေပြီလို့ အရာရှိတွေက ပြောပါတယ်။
ဘရာဇီးလ်သမ္မတ Jair Bolsonaro က သူဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံနေရပြီ ဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။ သူ့မှာ အဖျားရှိတာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ တွေ့လာရပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလိုကြေညာခဲ့တာပါ။
ဟောင်ကောင်မှာ တရုတ်အစိုးရက အမျိုးသား လုံခြုံရေး ဥပဒေကို ပြဌာန်း ပြီးတဲ့ နောက် TikTok ကုမ္ပဏီက ဟောင် ကောင် ဈေးကွက်ကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံက ရိုးမဘဏ်ဟာ ၂၀၁၉ ခုနှစ်အတွင်း အပြည်ပြည်ဆိုင် ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က ရွေးချယ်တဲ့ အကောင်းဆုံး လက်တွဲဖော်ဘဏ်တွေထဲ ပါဝင်တယ်လို့ မနေ့ တနင်္လာနေ့က IFC က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုတွေ ၁၁.၇ သန်းကျော်နဲ့ သေဆုံးသူ ၅၄၀,၀၀၀ ကျော်ရှိလာချိန်မှာပဲ ကမ္ဘာ့မှာ ပိုးကူးစက်မှုနဲ့ သေဆုံးသူအများဆုံး ရှိနေတဲ့ အမေရိကန်မှာလည်း ပိုးကူးစက်မှုတွေ့နေစဉ်လို စံချိန်တင်တိုးလာနေပါတယ်။
လွန်ခဲ့တဲ့လက Ladakh အရှေ့ဘက်ပိုင်း Galwan တောင်ကြားမှာထိပ်တိုက်ရင်ဆိုင်မှုတွေ ပြင်းထန်စွာဖြစ်ပွားပြီးတဲ့နောက် အိန္ဒိယနဲ့ တရုတ်တို့က နယ်စပ်က သူတု့ိရဲ့တပ်ဖွဲ့တွေကို ပြန်လည် ဆုတ်ခွာနေပါတယ်။
တရုတ်နိုင်ငံက ဥပဒေပညာပါမောက္ခ တစ်ဦးဟာ သမ္မတ Xi Jinping အစိုးရအကြောင်း ပုတ်ခတ်တဲ့ စာတမ်းတွေ ရေးသားခဲ့တာကြောင့် ဘေဂျင်းမြို့မှာ အဖမ်းခံလိုက်ရပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးရသူ အရေအတွက်က တနလာၤနေ့မှာ ၁၃၀,၀၀၀ ကျော် အထိ ရောက်ရှိကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ရောဂါအတည်ပြုလူနာ သုံး ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း ၃၁၆ ယောက် ရှိသွားပါပြီ။ လူနာသစ် ၃ ယောက်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE က ပြန်လာကြသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါအတည်ပြုလူနာ သိသိသာသာများလာတဲ့ တောင်ပိုင်းပြည်နယ်တွေက ဒေသခံတာဝန်ရှိသူတွေက အခြေအနေကို စိုးရိမ်ကြောင်း ပြောနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်