India နိုင်ငံမှာ တနင်္လာနေ့မှာ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုသူ ၂၃,၀၀၀ ကျော် အသစ်ရှိလာပြီး ရောဂါရှိသူပေါင်း ၇၀၀,၀၀၀ နီးပါးဖြစ်လာတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ကမ္ဘာမှာ တတိယအများဆုံး နိုင်ငံဖြစ်သွားပါတယ်။ အရင်က ရုရှားက တတိယနေရာမှာ ရှိနေတာပါ။ ဒုတိယကတော့ Brazil နိုင်ငံဖြစ်ပါတယ်။
ကမ္ဘာ့ စတုတ္ထမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး အိန္ဒိယနိုင်ငံမှာ ကိုဗစ်လူနာသစ်တွေ သိသိသာသာ ထပ်တိုးလာပြီး တနင်္ဂနွေ တရက်တည်းမှာ ကူးစက်မှုအသစ် ၂၅,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၆၁၀ ကျော်ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ စနေနေ့ ဇူလိုင်လ ၄ ရက်နေ့က ၅ နှစ်သမီးအရွယ် မြန်မာမိန်းကလေးဟာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရပြီးနောက် အလောင်းကို တာ့ခ်ခရိုင်က တောထဲမှာ သွားတွေ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ မိုဘိုင်းဖုန်း 5G Network လုပ်ငန်းမှာ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Huawei နဲ့ ပူးတွဲလုပ်နေတဲ့ အစီအစဉ်ကို အဆုံးသတ်တော့မယ့် အခြေအနေမှာ ရှိနေပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ခုချိန်ထိ တကမ္ဘာလုံးမှာ သေဆုံးသူပေါင်း အနည်းဆုံး ၅၃၁,၀၀၀ ကျော် ရှိနေပြီဖြစ်တယ်လို့ AFP သတင်းဌာနက တရားဝင် စုဆောင်းရရှိတဲ့ စာရင်းမှာ ဖော်ပြပါတယ်။
သမ္မတ Donald Trump က လုံးဝအန္တရာယ်မရှိပါဘူးလို့ ပြောဆိုခဲ့တဲ့ကြားကပဲ အမေရိကန်နိုင်ငံတွင်း အထူးသဖြင့် တောင်ပိုင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုအသစ်တွေ သိသိသာသာ တိုးလာတဲ့အတွက် စိုးရိမ်စရာ ထပ်ဖြစ်လာကြောင်း သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမေရိကန်ကို အလေးအမြတ်ပြုဖို့ဆိုတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား အစီအစဉ်အတွင်း သမ္မတ Trump က အိမ်ဖြူတော်ကနေ မိန့်ခွန်းပြောကြားခဲ့ပြီး အဲဒီမတိုင်ခင် သောကြာနေ့က Mount Rushmore မှာ ပြောခဲ့သလိုမျိုး နိုင်ငံတဝန်း ဆန္ဒပြနေတဲ့သူတွေကို ဝေဖန်လိုက်ပါတယ်။
ဟောင်ကောင်မှာ တရုတ်နိုင်ငံက အမျိုးသားလုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်တဲ့ ထင်ရှားသူတွေ ရေးသားတဲ့ စာအုပ်တွေ ဟောင်ကောင်က စာကြည့်တိုက်တွေမှာ ငှားရမ်းလို့ မရတော့ဘဲ စာအုပ်စင်တွေပေါ်ကနေပါ ဖယ်ရှားထားပါတယ်။
ကမ္ဘာတဝန်းမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ စံချိန်တင်မြင့်တက်ခဲ့ပြီး တရက်အတွင်း ကူးစက်သူပေါင်း ၂၁၀,၀၀၀ ကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာလ လူတိုင်းလိုလို နှာခေါင်းစည်းတပ်နေချိန်မှာ ကူးစက်မှု ပြင်းထန်နေဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ အမျိုးသားတဦးက သူ့မျက်နှာနဲ့ တိုင်းပြီး လုပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၄,၀၀၀ တန် ရွှေသားအတိနဲ့ နှာခေါင်းစည်းကို ရောဂါကာကွယ်ရေးအတွက် တပ်နေပါတယ်။
တရုတ်အစိုးရရဲ့ လုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်အာဏာပိုင်တွေဘက်က ခပ်မြန်မြန် ကျင့်သုံးဆောင်ရွက်လာပြီး နောက်မှာတော့ ဟောင်ကောင်နဲ့ သဘောတူထားတဲ့ အကျဉ်းသားလွှဲပြောင်းရေး သဘောတူညီချက်ကို သောကြာနေ့မှာပဲ ကနေဒါဘက်က ဆိုင်းငံ့လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အတွက် ဝါရှင်တန်ဒီစီမြို့တော် တာဝန်ရှိသူတွေ စိုးရိမ်မှုရှိနေတဲ့ ကြားကပဲ စနေနေ့မှာ ကျရောက်တဲ့ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့ကို မီးရှူးမီးပန်း အမြောက်အမြား ပစ်လွှတ်ပြီး ကျင်းပဖို့ သမ္မတ Trump အစိုးရအဖွဲ့က စီစဉ်နေပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းရှာဖွေရေးလုပ်ငန်းမှာ စွန့်ပစ်မြေစာပုံ ပြိုပြီး လူအများအပြား သေဆုံးခဲ့ရတာအတွက် မြန်မာအစိုးရနဲ့ ပြည်သူတို့နဲ့အတူ လွန်စွာ စိတ်ထိခိုက်ရကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင်လ ၄ ရက် နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။
ကမ္ဘာတလွှား စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုဟာ ၂၄ နာရီအတွင်း လူပေါင်း ၂၀၀,၀၀၀ ကျော် စံချိန်တင် တိုးလာခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအသစ်ကူးစက်သူ ၇ ဦး ဒီကနေ့ ထပ်တွေ့ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် ကျန်းမာရေးဓာတ်ခွဲမှုှဌာန ၃ ခုနဲ့ ရန်ကုန်စစ်ဆေးရုံကြီးတို့မှာ ဓာတ်ခွဲစမ်းသပ်မှု စုစုပေါင်း ၁,၅၉၉ ခုလုပ်ခဲ့ပြီး လူနာသစ် ၇ ဦးတွေ့ခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီသတင်းမှာ ပြောထားပါတယ်။
ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော ၂ စင်းဖြစ်တဲ့ USS Nimitz နဲ့ USS Ronald Reagan တို့ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအတွက် စိုးရိမ်နေကြတဲ့ကြားက သမ္မတ Donald Trump နဲ့ အစိုးရအဖွဲ့ကတော့ မီးရှူးမီးပန်းတွေ အကြီးအကျယ်ဖောက် ဆင်နွှဲဖို့ စီစဉ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မြောက်ကိုရီးယားအဆို သူတို့အပေါ် ရန်လိုတဲ့ မူဝါဒကို မစွန့််လွှတ်မချင်း အမေရိကန်နဲ့ အဏုမြူလက်နက်ဆိုင်ရာ ဆွေးနွေးမှု လုပ်ဖို့မရှိဘူးလို့ မြောက်ကိုရီးယားက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ၂၂,၀၀၀ ကျော်နဲ့ နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့ တရက်တည်းမှာတင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၄၂ ယောက်ရှိတယ်လို့ ပြောပါတယ်။
ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ ကူးစက်သူအရေအတွက် ၁၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်