(Zawgyi/ Unicode) အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူ ၂ ဦးရှိကြောင်း အစိုးရပိုင် သတင်းစာက ဖော်ပြလိုက်ပါတယ်။
(Zawgyi/ Unicode) တရုတ်အစိုးရက အမေရိကန် အခြေစိုက် Wall Street Journal သတင်းစာက သတင်းထောက် ၃ ဦးကို သတင်းယူခွင့်လိုင်စင် ရုပ်သိမ်းလိုက် ပါတယ်။
ကမ္ဘာတဝန်း ဘဏ္ဍာငွေကြေးဆိုင်ရာ မသာမှုတွေကို စောင့်ကြည့်နေတဲ့အဖွဲ့ရဲ့ စောင့်ကြည့် Gray list စာရင်းထဲမှာ မြန်မာနိုင်ငံ ထည့်သွင်းခံရဖို့ ရှိနေတယ်လို့ Reuters သတင်းတပုဒ်က ဖော်ပြလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံ Aleppo မြို့ အနောက်မြောက်ပိုင်းက ရွာပေါင်း ၁၂ ရွာကျော်ကို အစိုးရတပ်တွေ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။
ထိုင်းနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်တဦး လူအများအပြားကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ကျူးလွန်ပြီးတဲ့နောက်မှာ ထိုင်းစစ်တပ်ဟာ ပြည်သူလူထုရဲ့ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပါကစ္စတန် သုံးရက်ကြာခရီးကို တနင်္ဂနွေနေ့မှာ စတင်လိုက်ပြီး စစ်ဒဏ်သင့် အာဖဂန်နစ္စတန်က သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ဆက်ပြီးလက်ခံထားတဲ့ နိုင်ငံတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပံ့ပိုးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဖိအားပေးမှုတွေကြောင့်တော့ အမေရိကန်နဲ့ ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ Hassan Rohani က တနင်္ဂနွေနေ့မှာလုပ်တဲ့ Tehran က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီး ယိုကိုဟားမားဆိပ်ကမ်းမှာ သီးခြားခွဲပြီး ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ပါရှိသူ အမေရိကန်နိုင်ငံသား ၄၀၀ အနက် အယောက် ၄၀ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ပျံ့နှံ့နေရာ တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာ တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် လူ ၁၀၀ ထပ်မံ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ အရေအတွက် ၁,၇၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
ဓာတ်ခွဲခန်း အတည်ပြုချက်တွေအရ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်ဟာ ၅၀၅၈၀ ရှိပြီး အဲဒီထဲက အများစုဖြစ်တဲ့ ၅၀၀၅၄ ယောက်ဟာ တရုတ်နိုင်ငံကဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က စနေနေ့ နှောင်းပိုင်းမှာ ပြောလိုက်ပါတယ်။
ယီမင်နိုင်ငံ မြောက်ပိုင်းက တောင်ထူထပ်ရာ ဒေသအပေါ် စနေနေ့က ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၃၀ ကျော် သေဆုံးကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ အကြီးအကဲက ပြောဆိုပြီး တုန်လှုပ်ချောက်ချားဖွယ် တိုက်ခိုက်မှုအဖြစ် သုံးနှုန်း ပြောဆိုသွားပါတယ်။
အမေရိကန်ရဲ့ အလားအလာရှိ ရန်သူများစာရင်းမှာ တရုတ်က ထိပ်တန်းမှာ ရှိနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာ တနင်္ဂနွေနေ့က ၁၃၉ ဦး ထပ်မံသေဆုံးပြီး ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ထိ ရှိသွားပါပြီ။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဇာတ်ခုံပေါ်ကနေ နောက်ဆုတ်သွားတယ်လို့ ဥရောပဘက်က ရှုမြင်နေတဲ့အပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် ကမ္ဘာလှည့်ခရီးသွားတဦး ပြင်သစ်နိုင်ငံမှာ သေဆုံးသွားပါတယ်။ အသက် ၈၀ အရွယ် အဲဒီ တရုတ်အမျိုးသားဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပမှာ သေဆုံးခဲ့တဲ့ ပထမဆုံးလူနာလည်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ ဒီဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နောက်ထပ် ၂၅၄ ယောက်ရှိကြောင်း ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
(Zawgyi / Unicode) အီရန်နိုင်ငံကို တိုက်ခိုက်ချင်ရင် လွှတ်တော်ကို အရင် အသိပေး အကြောင်းကြားရမယ် ဆိုတဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော်အနေနဲ့ ပယ်ချပေးဖို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
(Zawgyi / Unicode) တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေကို ဗုဒ္ဓဟူးနေ့က ဆင့်ခေါ်ပြီး Coronavirus တိုက်ဖျက်ရေးကိစ္စ ဆက်လက် ဆောင်ရွက်ဖို့အတွက် ပြောဆိုခဲ့တဲ့ တချိန်ထဲမှာဘဲ အားလျော့လာနေတဲ့ တိုင်းပြည်စီးပွား ပြန်လည် ဦးမော့လာရေးနဲ့ဆိုင်တဲ့ နည်းလမ်းတွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
(Zawgyi / Unicode) တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ဟာ အဆိုးဆုံး အခြေအနေကို ကျော်လွှားပြီလို့ ပြောဖို့ အချိန်စောသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောလိုက်ပါတယ်။
(Zawgyi / Unicode) လူမှုကွန်ရက်တွေမှာ မရိုးသားတဲ့ လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့က အကောင့်တွေကို ပိတ်လိုက်ကြောင်း Facebook က ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်