(Zawgyi/ Unicode) အမေဇုံဒေသတွင်း တရားဟောဆရာ ရှားပါးနေတဲ့အတွက် အိမ်ထောင်ပြုပြီးတဲ့ အမျိုးသားတွေကို သိက္ခာတော်အပ်နှင်းပေးဖို့ တောင်းဆိုချက်ကို ပုပ်ရဟန်းမင်းကြီး Francis က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၁,၁၀၀ ကျော်သွားပြီလို့ တရုတ် ကျန်းမာရေးတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကမ်းလွန်ပင်လယ်၊ Saint Martin ကျွန်းနားမှာ အင်္ဂါနေ့က တိမ်းမှောက်သွားတဲ့ လှေပေါ်မှာပါသူ ရိုဟင်ဂျာ မွတ်ဆလင်တွေထဲက အသက်မသေ ကျန်ရစ်သူ နောက်ထပ် ရိုဟင်ဂျာ တဦးကို ကယ်တင်လိုက်နိုင်တယ်လို့ ဗွီအိုအေ၊ ဘင်္ဂလားဌာနရဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းထောက်တဦးက သတင်းပို့ပါတယ်။
ပြည်ပနိုင်ငံတွေကို ပေးမယ့် အမေရိကန်ရဲ့ အကူအညီတွေကို လျှော့ချဖို့ သမ္မတ Donald Trump က အဆိုပြုထားတဲ့ကြားကပဲ မဟာဗျူဟာအရ အရေးပါတဲ့ ဦးစားပေးနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။
တရုတ်နိုင်ငံတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အင်္ဂါနေ့မှာ ၁,၀၁၁ ယောက်ထိ ရောက်ရှိသွားပြီ ဖြစ်ပြီး အဆိုးရွားဆုံး ဖြစ်နေတဲ့ Hubei ပြည်နယ်ထဲမှာ ၁၀၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း မကြာခင် အချိန် ဟူးဘေ ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၄,၂၀၀၀ ကို ပြန်ခေါ်ဖို့ ဆော်ဒီအစိုးရကနေ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးနေပါတယ်။
အမေရိကန်ပြည်ထောင်စု Los Angeles မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ Oscar အကယ်ဒမီဆုပေးပွဲမှာ ကိုရီးယားရုပ်ရှင်ကား Parasite က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ရရှိသွားပါတယ်။ ဒါဟာ Oscar ဆုသမိုင်းမှာ အင်္ဂလိပ်စကားပြော မဟုတ်တဲ့ ရုပ်ရှင်က ပထမဆုံးအကြိမ် အကောင်းဆုံး ဇာတ်ကားဆု ရရှိတဲ့ သမိုင်းတွင်ခဲ့တာ ဖြစ်ပါတယ်။
အာဖရိကသမဂ္ဂရဲ့ နှစ်ပတ်လည် ထိပ်သီးညီလာခံကို တနင်္ဂနွေနေ့က စတင်ကျင်းပနေပြီး အာဖရိကတိုက်တဝန်း ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ အာဖရိကသမဂ္ဂအနေနဲ့ ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ခေါင်းဆောင်တွေက ကတိပြုလိုက်ကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ် Sherzas ဒိစတြိတ်မှာ တနင်္ဂနွေနေ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်စစ်သည် နှစ်ဦးရဲ့ နာမည်တွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အီရန်နိုင်ငံလုပ် Zafar ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်ဖို့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။
အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအတွက် ဆန်ကာတင် ရွေးထားတဲ့အထဲမှာ ပထမကမ္ဘာစစ်ကို နောက်ခံရိုက်ကူးထားတဲ့ 1917 ဇာတ်ကားဟာ ထိပ်တန်းက ပြေးနေတယ်လို့ ရုပ်ရှင်လောကသားတွေက ဆိုကြပါတယ်။
တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တနင်္ဂနွေနေ့က သေဆုံးသူ ၉၁ ဦး ထပ်တိုးခဲ့ကြောင်း တနင်္လာနေ့ မနက်ခင်း မကြာသေးခင်ကပဲ ပြည်နယ် ကျန်းမာရေးကော်မရှင်က သူ့ရဲ့ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံ ပြည်မကြီးမှာ သေဆုံးသူ အရေအတွက်ဟာ စနေနေ့နှောင်းပိုင်းအထိ ၈၁၁ ယောက် ရှိသွားပြီဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့အစောပိုင်းက ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က နိုင်ငံတဝှမ်းက ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့နေရာမှာ ရှိလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရချက်ဆီးမား မြို့မှာ မနေ့က လူ ၂၀ ကျော်ကို ပစ်သတ်ပြီး Terminal 21 ဈေးဝယ် စင်တာ ထဲမှာ ပုန်းအောင်းနေတဲ့ စစ်သားကို လုံခြုံရေးတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးရမိပါတယ်။
တရုတ်နိုင်ငံမှာ အဓိကပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကြောင့် လူထုကြား ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်စေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာလုပ်တဲ့ စနေနေ့က နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၆ နိုင်ငံကို ဒေါ်လာ ၂ သန်း ပေးအပ်မှာဖြစ်ကြောင်း ADB က ဖေဖော်ဝါရီ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက ခိုရတ်လို့ အသိများကြတဲ့ နခွန်းရချက်ဆီးမားမြို့မှာ လူ ၂၀ ကိုပစ်သတ်ပြီး ရှော့ပင်းမောလ်ထဲမှာ ပုန်းအောင်းနေတဲ့စစ်သားကို တနင်္ဂနွေနေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းတာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တာကြောင့် အခုဆို သေဆုံးသူ ၂၁ ဦးထိ ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
အသက် ၆၀ အရွယ် အမေရိကန်နိုင်ငံသားတဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးကုသမှု ခံယူနေတုန်း ကြာသပတေးနေ့က ဝူဟန်မြို့မှာ သေဆုံးသွားခဲ့တယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း Nakhon Ratchasima ခရိုင်ထဲက ဈေးဝယ်စင်တာကြီးတခုမှာ ဒီကနေ့ ညနေခင်းမှာပဲ စစ်သားတဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ထိုင်းရဲတို့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်