အမေရိကန်သမ္မတ Donald Trump အပေါ် အရေးယူ အပြစ်ပေးဖို့အတွက် ကြားနာစစ်ဆေးမှုတွေမှာ ထွက်ဆိုခဲ့တဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူ ၂ ယောက်ကို သမ္မတ Trump က သောကြာနေ့မှာ ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံသားတဦး ရောဂါစတင်ပျံ့နှံ့ရာ ဝူဟန်မြို့မှာ သေဆုံးသွားတယ်လို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ အမေရိကန်သံရုံးက ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ သမ္မတ Donald Trump နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ်မှာ မိန့်ခွန်းစာရွက် မိတ္ထူကို လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ဆုတ်ဖြဲခဲ့တာဟာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် သမ္မတကပြောလိုက်ပါတယ်။
တရုတ်နိုင်ငံအပါအဝင် Coronavirus ကူးစက်ခံနေရတဲ့ နိုင်ငံတွေကို အမေရိကန် ပြည်ထောင်စုက ဒေါ်လာ သန်း ၁၀၀ အထိ အကူအညီပေးမယ်လို့ ပြောပါတယ်။
(Zawgyi / Unicode) တူရကီနိုင်ငံ အရှေ့ပိုင်းမှာ တောင်ပေါ်က နှင်းထုတွေ ၂ ကြိမ် ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၈ ဦး သေဆုံးသွားကြောင်း အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
(Zawgyi / Unicode) ရုရှားနိုင်ငံနဲ့ နျူကလီးယားလက်နက်အရေး ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံပါ ပူးပေါင်းပါဝင်ဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။
(Zawgyi / Unicode) လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တွေမှာ အင်တာနက် ဆက်သွယ်မှုတွေ နောက်တကြိမ် ဖြတ်တောက်လိုက်တဲ့ အပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခု ဖြစ်တဲ့ Human Rights Watch က သတိပေးလိုက်ပါတယ်။
(Zawgyi/ Unicode) တရုတ်နိုင်ငံမှာ စတင်တဲ့ Coronavirus လက်ရှိထက်ပိုပြီး ကူးစက် ပျံ့နှံ့တာကို ဟန့်တားနိုင်ရေးအတွက် WHO အနေနဲ့ အမေရိကန်ဒေါ်လာ ၆၇၅ သန်း လိုအပ်တယ်လို့ ပြောပါတယ်။
(Zawgyi/ Unicode) အာဏာအလွဲသုံးစားမှု၊ ကွန်ဂရက်လွှတ်တော်ရဲ့ လုပ်ငန်းတွေကို နှောက်ယှက်မှုနဲ့ အမေရိကန်သမ္မတ Donald Trump အပေါ် အရေးယူနိုင်ဖို့ အောက်လွှတ်တော် ဒီမိုကရက်တွေရဲ့ ကြိုးပမ်းမှုတွေ ၄ လအကြာမှာပဲ အခုနောက်ဆုံး အထက်လွှတ်တော်က သမ္မတမှာ အပြစ်မရှိကြောင်း မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄၂၇ ယောက်အထိ ရှိသွားပြီဖြစ်သလို ဒီရောဂါပိုး တိုက်ဖျက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမယ့်အကြောင်း တရုတ်သမ္မတ ရှီကျင်းဖျင်က တနင်္လာနေ့က ထပ်မံပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး စုစုပေါင်းစိုက်ပျိုးဧက ၈၂,၀၀၀ နီးပါးသာ ရှိတော့ကြောင်း မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေး ဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ဒီကနေ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ Wuhan မြို့က စတင်တဲ့ Corona ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု တားဆီးတဲ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားတားမြစ်ချက်တွေ လုပ်စရာမလိုဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲက ပြောကြားလိုက်ပါတယ်။
ဆိုမာလီယာနိုင်ငံမှာ သဲကန္တာရ ကျိုင်းကောင်တွေ တဟုန်ထိုး များပြား ပျံ့နှံ့လာတာကြောင့် အစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေတရပ်ကို စနေနေ့က ကြေညာခဲ့ပါတယ်။
ဂျပန်နိုင်ငံက လိုအပ်နေတဲ့ လောင်စာဆီသယ်ဆောင်ရာမှာ တင်းမာမှုတွေရှိပေမယ့် မသုံးမဖြစ်သုံးရမယ့် အရှေ့အလယ်ပိုင်း ရေကြောင်းလမ်း လုံခြုံရေးအတွက် စောင့်ရှောက်ဖို့ ဂျပန်နိုင်ငံက စစ်သင်္ဘောတစင်းကို စေလွှတ်လိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တနင်္ဂနွေနေ့က လူ ၂ ဦးကို ဓားနဲ့ထိုးခဲ့တဲ့ အမျိုးသားတဦးကို ရဲက ပစ်ခတ်တာကြောင့် သေဆုံးသွားပါတယ်။ ဒီတိုက်ခိုက်မှုဟာဆိုရင် အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်နဲ့ ဆက်စပ်နိုင်တယ်လို့လည်း အာဏာပိုင်တို့က ပြောဆိုထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ပျံ့နှံ့ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ ပြန်လည်ကယ်ထုတ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို သီးသန့်ခွဲခြားထားဖို့ တနင်္ဂနွေနေ့က Natuna ကျွန်းကို ဆိုက်ရောက်လာချိန်မှာပဲ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံ Hubei ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် တနင်္ဂနွေနေ့မှာ နောက်ထပ် လူ ၅၆ ဦး သေဆုံးခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ၃၅၀ ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးကော်မရှင်က တနလာၤနေ့မှာ ပြောတာကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။
သြစတြေးလျအိုးပင်းတင်းနစ် အမျိုးသား တဦးချင်းပြိုင်ပွဲမှာတော့ ဆားဘီးယားနိုင်ငံသား Novak Djokovic က အနိုင်ရပြီး ၈ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုလာမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာတွေကို ယာယီရပ်ဆိုင်းထားလိုက်တယ်လို့ မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတောင်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာဒေသကို ဒီကနေ့မနက် အစောပိုင်းက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်