ကနေဒါနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ လစ်ဘရယ်ပါတီက အမတ်နေရာ လုံလုံလောက်လောက် ရလိုက်ပြီးနောက်မှာတော့ လက်ရှိ ဝန်ကြီးချုပ် Justin Trudeau အနေနဲ့ ဒုတိယသက်တမ်း ဆက်အုပ်ချုပ်ခွင့် ရသွားပါတယ်။
ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းက ရေနံ လုပ်ကွက်တွေကို အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွတွေ သိမ်းယူသွားမယ့် အရေးကနေ ကာကွယ်ပေးဖို့ အတွက် အဲဒီ အနီးတဝိုက်မှာ အမေရိကန် တပ်ဖွဲ့ တချို့ ဆက်လက် တပ်ချထားကြောင်း ကာကွယ်ရေး ဝန်ကြီး Mark Esper က တနလာၤနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဂျပန် လုပ်ငန်းရှင်တွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ကျင်းပတဲ့ ဒုတိယ အကြိမ် မြန်မာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲမှာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေကို အလေးထား ဖိတ်ခေါ် သွားတာပါ။
အီရန်နဲ့ တင်းမာနေတဲ့ ဆော်ဒီအာရေးဗျမှာ အမေရိကန် တပ်ဖွဲ့တွေ တိုးမြှင့်ချထားမယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ကြေညာပြီးနောက် ရက်ပိုင်း အကြာမှာဘဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Mark Esper ဆော်ဒီအာရေးဗျကို တနလာၤနေ့က ကြိုတင် မကြေညာဘဲ ရောက်ရှိနေကြောင်း AFP သတင်းက ဖော်ပြပါတယ်။
၂၀၁၆ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက ရခဲ့တဲ့ သင်ခန်းစာကို ကြည့်ပြီး လာမယ့် ၂၀၂၀ ပြည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Facebook ကို အသုံးချပြီး ကြိုးကိုင်ချယ်လှယ်မှုကို ကာကွယ် ဟန့်တားသွားမှာဖြစ်တယ်လို့ တနင်္လာနေ့က Facebook ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ထိုင်းဘုရင် မဟာဝဂျီရာလောင်ကွန်းဟာ သိပ်မကြာသေးခင်က တရားဝင်ဘုရင့်ကြင်ယာတော် အဖြစ် ရွေးကောက်လိုက်တဲ့ သူရဲ့ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိုင်းတော်ဝင်တပ်မတော်က ဗိုလ်မှူးကြီး Sineenat Wongvajirapakdi ကို ကြင်ယာတော်အဖြစ် ကနေသာမက သစ္စာမဲ့မှုနဲ့ သူ့ရဲ့ တပ်ရာထူးကိုလည်း တနင်္လာနေ့က ရုပ်သိမ်းလိုက်ပါတယ်။
ဆီးရီးယား အရှေ့မြောက်ပိုင်းကနေ ရုပ်သိမ်းလိုက်တဲ့ အမေရိကန်တပ်တွေရဲ့ စစ်ယာဉ်တန်းတခုဟာ ဆီးရီးယားကနေ အီရတ်နိုင်ငံကို ဒီကနေ့ တနင်္လာနေ့ မနက်မှာ ဝင်ရောက်လာခဲ့ပါတယ်။
Australia နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်တဲ့ ဥပဒေတွေကိုကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ထုတ်ဝေတဲ့ အထင်ကရ သတင်းစာကြီးတွေရဲ့ မျက်နှာဖုံးတွေမှာ စာသားတွေကို မှင်အမည်းတွေနဲ့အုပ်ပြီး အကြီးအကျယ် ဆင်ဆာဖြတ်ခံထားရတဲ့ ပုံစံမျိုး ထုတ်ဝေခဲ့ကြပါတယ်။
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ ဒီကနေ့တွေ့ဆုံကြတာမှာ ရခိုင်ပြည်နယ် အခြေအနေ တိုးတက်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်ကို အစွမ်းကုန် အားပေးကူညီသွားမယ်လို့ ဝန်ကြီးချုပ် Abe က ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာ အမေရိကန်စစ်သည်တွေ လိုက်ပါလာတဲ့ သံချပ်ကာကားနဲ့ မတော်တဆမှုအတွင်း စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း အမေရိကန်စစ်တပ်က ကြေညာချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။
ပါကစ္စတန်နဲ့ အိန္ဒိယနယ်စပ်မှာ နှစ်ဖက်တပ်တွေကြား စနေနေ့ညနှောင်းပိုင်းက အပြန်အလှန် ပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၆ ဦးနဲ့ စစ်သား ၃ ဦး သေဆုံးသွားပါတယ်။
တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ ကြိုးပမ်းနေချိန်မှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ကြေညာမထားပဲ တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်နိုင်ငံကို ရုတ်တရက် ရောက်ရှိသွားပါတယ်။
ဆီးရီးယားနိုင်ငံတွင်းက အမေရိကန်ရဲ့ အကြီးဆုံး အခြေစိုက်စစ်စခန်းက အမေရိကန် တပ်ဖွဲ့တွေ တနင်္ဂနွေနေ့မှာ ရုပ်သိမ်းလိုက်ပါပြီ။
ဂျပန်ဧကရာဇ် နာရူဟီတို (Naruhito) ရဲ့ ထီးနန်းတက်ပွဲ အခမ်းအနား တက်ရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကို တနင်္ဂနွေနေ့က ဆိုက်ရောက်သွားပါပြီ။
ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး (Brexit) နဲ့ ပတ်သက်ပြီး EU အနေနဲ့ စောင့်ဆိုင်းပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က စနေနေ့ နှောင်းပိုင်းမှာ တောင်းဆိုလိုက်ပါတယ်။
သမ္မတ Trump အနေနဲ့ လာမယ့် G7 စက်မှုထိပ်သီး အစည်းအဝေးကို ဖလော်ရီဒါ မိုင်ယာမီက သူပိုင်တဲ့ ဂေါက်ဖ် အပန်းဖြေစခန်းမှာလုပ်ဖို့ အစီအစဉ် ဖျက်လိုက်ပြီလို့ စနေ့ညတုန်းက Twitter အကောင့်ကနေ ရေးသားပါတယ်။
ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၂၀ လောက် တန်ဖိုးရှိတဲ့ Methamphetamine စိတ်ကြွဆေးအိတ်တွေကို ကပ္ပလီပင်လယ်ထဲမှာ ငါးဖမ်းသမားတွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက AFP သတင်းဌာနကို ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ထောင်ဂဏန်းလောက်ဟာ သူတို့ကို ရွှေ့ပြောင်းပေးဖို့ သဘောတူ လက်ခံထားတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
လာအိုနိုင်ငံမှာ မဲခေါင်မြစ်ကြောင်းကိုဖြတ်ပြီး ရေအားလျှပ်စစ်ထုတ်မယ့် Luang Prabang ရေကာတာ တည်ဆောက်ဖို့ အာဏာပိုင်တွေ အတည်ပြုပေးထားတာကို ဖျက်သိမ်းပေးဖို့ သဘာဝဝန်းကျင်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။
ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်ခွဲထွက်ရေး အဆုံးအဖြတ်ပေးဖို့ ဗြိတိန်လွှတ်တော်က ဒီကနေ့ပဲ ရွှေ့ဆိုင်းလိုက်တဲ့အတွက် ဒီလကုန် နောက်ဆုံးထား ခွဲထွက်ရေး အစီအစဉ်လည်း မရေမရာ ဖြစ်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်