ချီလီနိုင်ငံမှာ မီးရထားခတွေ ဈေးတက်သွားတဲ့အပေါ် မကျေမနပ်ဖြစ်ရာက စတင်ခဲ့တဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့် သမ္မတ Sebastian Pinera က မြို့တော် Santiago မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ခြမ်း Nangarhar ပြည်နယ်က ဗလီမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းချိန်အတွင်း ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူ ၆၉ ဦးမက သေဆုံးသွားရပြီး ဒီကနေ့မှာတော့ အပျက်အစီးပုံအောက်မှာ ရုပ်အလောင်းတွေ ထပ်ပြီးတော့ ရှာတွေ့ဖို့ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ လုပ်ဆောင်နေကြပါတယ်။
တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ်ရဲ့ ခြံဝင်းထဲကို တောင်ကိုရီးယား ဆန္ဒပြသူ ၂၀ လောက် သောကြာနေ့က ကျူးကျော်ဝင်ရောက်ခဲ့ကြတဲ့အတွက် သံတမန်တွေရဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေးဖို့ အမေရိကန် တာဝန်ရှိသူတွေ တောင်းဆိုလာကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ AID နိုင်ငံတကာအထောက်အကူပေးရေး အေဂျင်စီ အသစ်တခုကို ထူထောင်လိုက်ကြောင်း အင်ဒိုနီးရှားအစိုးရက သောကြာနေ့က ကြေညာပါတယ်။
အမေရိကန် အမျိုးသမီးအာကာသယာဉ်မှူး ၂ ဦးဟာ ISS အပြည်ပြည်ဆိုင်ရာ အာကာသစခန်း အပြင်ဘက်က ပျက်နေတဲ့ ဓါတ်အားထိန်းချုပ်တဲ့ စနစ်ကို အစားထိုးဖို့ အာကာသထဲ လမ်းလျှောက်ထွက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံရေးအတွက် ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေးဝန်ကြီးက ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးလကြား ဆက်ဆံရေး ခိုင်မာမှုရှိကြောင်းနဲ့ အီရန်အပေါ် တုံ့ပြန်ဖို့ ပူးပေါင်းကြိုးပမ်းမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ထပ်မံအတည်ပြု ပြောဆိုလိုက်ပါတယ်။
အမေရိကန်ရဲ့ စေ့စပ်ညှိနှိုင်းမှုကြောင့် တူရကီနိုင်ငံက ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ ဆိုပေမဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပုံရပါတယ်။
အမေရိကန် ကမ်းရိုးတန်းစောင့်သင်္ဘောကြီး USCGC Stratton ဟာ ဖိလစ်ပိုင်နဲ့ ဂျပန်ရေတပ်သင်္ဘောတွေနဲ့ အတူ Spratly ကျွန်းစုတွေရှိရာ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပြင်နားမှာ ပူးတွဲရေကြောင်းလေ့ကျင့်မှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
ဥရောပသမဂ္ဂ EU ထဲကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး Brexit နဲ့ ပတ်သက်ပြီး အခုနောက်ဆုံးရ လိုက်တဲ့ သဘောတူညီချက်ကို စနေနေ့ ဗြိတိသျှပါလီမန်အစည်းအဝေးမှာ လွှတ်တော်အမတ်တွေ ထောက်ခံမဲပေးကြမယ်လို့ EU ခေါင်းဆောင်တွေက မျှော်လင့် နေပါတယ်။
ထိုင်းနိုင်ငံမှာ လူမှောင်ခိုကူးခံရသူတွေကို ကျူးလွန်သူတွေက နစ်နာကြေးပေးဖို့ တရားရုံးတွေက ဆုံးဖြတ်ချက်ချထားတဲ့ မကြာ သေးခင်နှစ်တွေက အမှုပေါင်း ၉၉% ကျော်မှာ ကျူးလွန်သူတွေဟာ တရားရုံးဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး နစ်နာကြေး မပေးကြ သေးဘူးလို့ Thomson Reuters ဖောင်ဒေးရှင်းက အချက်အလက်တွေမှာ တွေ့ရပါတယ်။
အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းမှာ သြဇာညောင်းသူတယောက်ဖြစ်တဲ့ အောက်လွှတ်တော်အမတ် Elijah Cummings ဟာ အသက် ၆၈ နှစ်မှာ ကွယ်လွန်သွားပါတယ်။
EU ဥရောပသမဂ္ဂနဲ့ ဗြိတိန်အစိုးရကြား နုတ်ထွက်ရေးဆိုင်ရာ သဘောတူညီမှုသစ် ရရှိသွားပြီလို့ ၂ ဘက် ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။ ဗြိတိန်ဘက်က ကိုယ်တိုင်ပြန်လည် ထိန်းချုပ်နိုင်မယ့် သိပ်ကိုကောင်းမွန်တဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ဖော်ပြပြောဆိုပါတယ်။
နီပေါသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၂ နိုင်ငံကြား ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ လိုက်ကြပါတယ်။
ပင်လယ်ကွေ့ဒေသမှာ ရုတ်တရက် စစ်ဖြစ်လာနိုင်ခြေကို လျှော့ချရေးအတွက် နှစ်ဘက်အငြင်းပွားနေတာတွေကို သံတမန်ရေးနဲ့ စေ့စပ်ညှိနှိုင်းတာတွေကနေတဆင့် ဖြေရှင်းချင်တယ်ဆိုတာ ဆော်ဒီအာရေးဗျ နဲ့ အီရန် နှစ်နိုင်ငံစလုံးက သဘောထားရှိကြ တယ်လို့ ပါကစ္စတန်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
ဆန္ဒပြပွဲတွေ ရပ်သွားမယ့် အရိပ်လက္ခဏာမျိုး လက်ရှိအချိန်ထိ မတွေ့ရသေးတဲ့ ဟောင်ကောင်ကျွန်းက အခြေအနေကို ညင်သာတဲ့ နည်းလမ်းနဲ့ဖြေရှင်းဖို့ အမေရိကန် တာဝန်ရှိသူတွေက ထပ်ပြီး တောင်းဆိုကြပါတယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ တူရကီ-ဆီးရီးယား နယ်စပ်အရေး တွေ့ဆုံဆွေးနွေးပွဲကနေ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေ ရုတ်တရက် ပြန်ထွက်သွားကြပါတယ်။ သမ္မတက အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်အမတ် Nancy Pelosi ကို “တတိယတန်းစား နိုင်ငံရေးသမား” လို့ ခေါ်တဲ့အကြောင်း တက်ရောက်သူတွေကပြောပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တူရကီစစ်တပ်ရဲ့ ထိုးစစ်တွေ ရပ်တန့်အောင် ဖိအားပေး ပြောဆိုမယ့် တူရကီနိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် ဒုတိယသမ္မတ Mike Pence နဲ့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့ကို တူရကီသမ္မတ Recep Tayyip Erdogan လက်ခံတွေ့ဆုံမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
၄ လကြာ ဆန္ဒပြပွဲတွေ ကြုံနေရတဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီရေး လိုလားသူ လွှတ်တော်အမတ်တွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေကြောင့် လွှတ်တော်မှာ ဒီကနေ့ အုပ်ချုပ်ရေးမှူး Carrie Lam ရဲ့ နှစ်ပတ်လည် အခြေပြ မိန့်ခွန်းကို တဝက်တပျက်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။
ရိုဟင်ဂျာတွေ ဌာနေပြန်ပို့နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရပြုစုထားတဲ့ လူ ၅၀,၀၀၀ ပါ နောက်ထပ်စာရင်းအသစ်တခုကို မြန်မာအာဏာပိုင်တွေ စိစစ်ဖို့ ပေးအပ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ကပြောတာကို ကိုးကား ပြီး ဘင်္ဂလားဒေ့ရှ် BSS သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်