AHRC အဖွဲ့ဝင် မြန်မာ၊ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်တွေက ဒေသတွင်း နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ မီးခိုးလွှမ်းမှုပြဿနာကို ဖြေရှင်းဖို့နဲ့ အနာဂတ်မှာ ထပ်မံ မဖြစ်ပွားအောင် အဖွဲ့ဝင်နိုင်ငံတွေအကြား ပိုမို ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲတွေအတွက် အင်္ဂါနေ့က မနီလာမြို့တော်မှာ အုပ်စုအသီးသီးခွဲတာမှာ မြန်မာအသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်အသင်းနဲ့ အတူ အုပ်စု A မှာကျပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို တူရကီတပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးမယ့်အကြောင်း သံတမန်တွေက ပြောပါတယ်။
ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ စနေနေ့ကဝင်ရောက်ခဲ့တဲ့ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ သေဆုံးသူ အရေအတွက် ဒီကနေ့ ထပ် တိုးလာနေပါတယ်။
စပိန်နိုင်ငံမှာ Catalonia ဒေသကို လွတ်လပ်ရေးကြေညာပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံတခုထူထောင်ဖို့ ၂၀၁၇ ခုနှစ်က ကြိုးစားခဲ့သူ ခွဲထွက်ရေး ခေါင်းဆောင် ၉ ယောက်ကို စပိန်တရားရုံးချုပ်က ၉ နှစ်ကနေ ၁၃ နှစ်ကြား ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်းကိုဝင်တိုက်တဲ့ တူရကီတပ်တွေကို ပြန်တိုက်ဖို့ ဆီးရီးယားနိုင်ငံထဲက Kurd လူမျိုးတွေနဲ့ သဘောတူမှုရခဲ့ပြီး နောက်တရက်မှာပဲ ဆီးရီးယားတပ်တွေ တူရကီနဲ့နယ်စပ်မြို့တခုကို ဒီကနေ့ ရောက်ရှိလာပါတယ်။
ပြည်ပရောက် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy နိုင်ငံကို ပြန်လာရင် စစ်တပ်ကို တပ်ဖြန့်ချထားမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က သတိပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်နေတဲ့ ကမ္ဘောဒီးယား အတိုက်အခံတွေကိုလည်း လုံခြုံလိမ့်မယ် မဟုတ်ဘူး၊ ဖမ်းပြီး ပြန်ခေါ်လာမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ပါကစ္စတန်ရဲ့အိမ်နီးချင်း အီရန်နိုင်ငံဟာ ဆော်ဒီအာရေဗျနဲ့ရော အမေရိကန်နဲ့ပါ တင်းမာမှု မြင့်နေတာကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ အီရန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး သံတမန်ရေး ထိုးစစ်တရပ်ကို စတင်လိုက်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဘာသာရေး မစွက်ဖက်တဲ့ နိုင်ငံရေးနဲ့ ဖန်ဆင်းရှင် ဘုရားသခင်ကို မကိုးကွယ်ခြင်းအကြောင်း စာအုပ်တွေ ထုတ်ဝေသူတဦးကို သတ်ဖြတ်မှုမှာ တားမြစ်ပိတ်ပင်ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ဒါကာမြို့တော် တရားရုံးတရုံးက စွဲချက်တင်လိုက်ပါတယ်။
ဆီးရီးယား ကာ့ဒ်တွေကို တူရကီစစ်တပ်က ကျူးကျော်တိုက်ခိုက်မယ့်အရေးကို ကူညီ တွန်းလှန်နိုင်ဖို့အတွက် တူရကီ နယ်စပ်တလျှောက်မှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေ ချထားမယ့်အကြောင်း ကာ့ဒ်တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။
ဟောင်ကောင်အစိုးရ အာဏာပိုင်တွေက ဆန္ဒပြပွဲတွေဟာ အများပြည်သူ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေပြီး ဆန္ဒပြသူတွေဘက်က အကြမ်းဖက်မှုတွေကို ပြည်တွင်း အကြမ်းဖက်ဝါဒအဖြစ် ပြောဆိုလာနေတာကြောင့် ဟောင်ကောင်က ဒီမိုကရေစီရေး ထောက်ခံသူတွေဟာ အခုတပတ်အတွင်းမှာ ဆန္ဒပြပွဲတွေကို အရှိန်လျှော့ပြီးတော့ လုပ်ဆောင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီကနေ့ ထိုးသတ်ခဲ့တဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ (Century of One Championship) ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသား အောင်လအန်ဆန် အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းအတွင်း ပိတ်မိနေတဲ့သူတွေနဲ့ ရေကြီးမှုဒဏ် ခံနေရတဲ့သူတွေကို ကယ်တင်နိုင်ဖို့အတွက် ဂျပန်အစိုးရက တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် သောင်းနဲ့ချီပြီး ဒီကနေ့မှာ စေလွှတ်လိုက်ပါတယ်။
အာဖဂန်နစ္စတန် အမျိုးသမီး ဘောလုံးသမားတွေက သူတို့ကို လိင်ပိုင်း မတော်မတရား ပြုမူတာတွေ ရှိတယ်လို့ တိုင်ကြားတာကို အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဖဂန်ဘောလုံးအဖွဲ့ချုပ် (AFF) က အကြီးတန်း တာဝန်ရှိသူဟောင်းတဦးကို FIFA က ၅ နှစ် ပိတ်ပင်ကန့်သတ်လိုက်တဲ့အပေါ် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံက ကော်ဖီဆိုင်တွေမှာ အများပြည်သူသုံးဖို့ ပေးထားတဲ့ Wi-Fi အင်တာနက်ဆက်သွယ်ရေး သုံးတဲ့သူတွေရဲ့ အွန်လိုင်းမှာ ပြုမူလုပ်ဆောင်ချက်တွေကို မှတ်တမ်းတင် သိမ်းဆည်းထားဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။
ဟောင်ကောင်မှာ ဥပဒေနဲ့မညီတဲ့ စုဝေးဆန္ဒပြတာတွေ မလုပ်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားတဲ့ကြားမှာပဲ စနေနေ့က နေရာအတော်များများမှာ ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားခဲ့ပါတယ်။
တရုတ်သမ္မတ Xi Jinping ဟာ စနေနေ့မှာ နီပေါလ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်သမ္မတတဦးရဲ့ ပထမဆုံး နီပေါလ်ခရီးစဉ်ဖြစ်သလို နှစ်နိုင်ငံကြား ပင်မအခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးမယ်လို့လည်း ခန့်မှန်းကြပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို တူရကီတပ်တွေ ကျူးကျော်တိုက်ခိုက်နေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁ သိန်းထက်မနည်း ရှိသွားပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (WFP) က ပြောပါတယ်။ အဲဒီ ထွက်ပြေးလာသူတွေဟာ Ras al-Ayn နဲ့ Tal Abyad မြို့တွေက ဖြစ်တယ်လို့ WFP က ပြောပါတယ်။
တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာ အိန္ဒိယအတွက် ကြီးမားတဲ့ပြဿနာဖြစ်တဲ့ ကုန်သွယ်ရေးလိုငွေပြမှုနဲ့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အားကောင်းအောင် တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။
အီရန်နိုင်ငံရဲ့ ရန်လိုတဲ့ အပြုအမူတွေကို ဟန့်တားနိုင်ဖို့အတွက် အမေရိကန်က ဆော်ဒီနိုင်ငံကို နောက်ထပ် တပ်ဖွဲ့ဝင် ရာပေါင်းများစွာ စေလွှတ်သွားမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်