ဂျပန်နိုင်ငံ တိုကျိုမြို့တော်နဲ့ အနီးတဝိုက်ကို နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး တိုင်ဖုန်းမုန်တိုင်းကြီး စတင်ဝင်ရောက်ပါပြီ။ ဟာဂီဘိစ် (Hagibis) မုန်တိုင်းဟာ ဒေသစံတော်ချိန်၊ စနေညပိုင်းမှာ တိုကျိုမြို့ အနောက်တောင်ပိုင်းကနေ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်တာ ဖြစ်ပါတယ်။
ဆီးရီးယားပိုင်နက်ထဲမှာ ကျူးကျော်တိုက်ခိုက်တဲ့ တူရကီနိုင်ငံအပေါ် သိပ်ကိုပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ အမေရိကန်သမ္မတ Donald Trump အစိုးရက ပြင်ဆင်ထားပေမယ့် လက်တွေ့ ဒဏ်ခတ်အရေးယူတာတော့ မလုပ်သေးပါဘူး။
ကက်ရှ်မီးယားဒေသကိစ္စ အငြင်းပွားဖွယ် ဖြစ်နေချိန်မှာပဲ တရုတ် သမ္မတ ရှီဂျင်းပင်းနဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရိမ်ဒရာ မိုဒီတို့ဟာ အိန္ဒိယနိုင်ငံ Mahabalipuram မြို့မှာ အောက်တိုဘာလ ၁၁ ရက်နေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။
တူရကီနိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ ထိုးစစ်ဆင်တာတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ NATO မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ဒုံးကျည်ထိမှန် ပေါက်ကွဲမှုကြောင့် ရေနံတင်သင်္ဘောရဲ့ စတိုခန်း နှစ်ခု ပျက်စီးသွားခဲ့ပြီး ရေနံတွေ ပင်လယ်နီထဲကို ယိုစိမ့်ထွက်ခဲ့တယ်လို့ အီရန်အစိုးရပိုင်ရုပ်သံ IRNA က သတင်းထုတ်ပြန်ပါတယ်။
၂၀၁၉ ခုနှစ်အတွက် Nobel ငြိမ်းချမ်းရေးဆုကို အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed Ali ကရရှိသွားပါတယ်။ အိမ်နီးချင်း Eritrea နိုင်ငံငြိမ်းချမ်းရေးအတွက် သုံးရဲ့အားထုတ်မှုတွေကြောင့် သူ့ကိုရွေးချယ်လိုက်တာလို့ Norwegian Nobel Committee ဥက္ကဋ္ဌက ခုလိုကြေညာခဲ့ပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့မှာလုပ်မယ့် ဂျပန်ဧကရာဇ် Naruhito နန်းတက်ပွဲ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်ဆိုတာ ဂျပန် NHK ရုပ်သံသတင်းဌာနရဲ့ အွန်လိုင်းသတင်းတပုဒ်မှာ ရေးထားပါတယ်။
အီရန်အမျိုးသမီးတွေဟာ နှစ်ပေါင်း ၃၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘောလုံးပွဲလက်မှတ်တွေကို ကိုယ်တိုင်ဝယ်ပြီး ကွင်းထဲဝင်ပြီးတော့ ဘောလုံးပွဲကြည့်ခွင့် ကြာသပတေးနေ့က ရခဲ့ကြပါတယ်။
အောက်တိုဘာလ (၁၀) ရက်နေ့ဟာ ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့ ဖြစ်တဲ့ အလျောက် ကမ္ဘာတလွှား စစ်ရေးနဲ့ အကြမ်းဖက်မှု ပဋိပက္ခ တွေ ဖြစ်ပွားရာဒေသတွေက စိတ်ဒဏ်ရာရနေသူ လူသန်းပေါင်းများစွာကို စိတ်ပိုင်း၊ လူမှုရေးပိုင်း အရ အကူအညီပေးကြဖို့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC က တိုက်တွန်းလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တူရကီစစ်တပ်ရဲ့ ထိုးစစ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ ကာဒ်တပ်ဖွဲ့တွေကတော့ လူမျိုးတုန်းအောင် ရှင်းလင်းခံရမယ့် အဖြစ်ကနေ ကယ်တင်ဖို့ အကူအညီ တောင်းခံထားတာပါ။
၂၀၁၉ ခုနှစ်အတွက် စာပေဆိုင်ရာ Nobel ဆုကို Austria နိုင်ငံက စာရေးဆရာ Peter Handke နဲ့ ၂၀၁၈ ခုနှစ်အတွက် စာပေဆိုင်ရာ Nobel ဆုကို Poland နိုင်ငံကစာရေးဆရာမ Olga Tokarczuk တို့ကို ရွေးချယ်လိုက်ပါတယ်။
ဆန္ဒပြပွဲတွေ ဘယ်မှာ ရှိနေတယ်။ ရဲလုံခြုံရေးတွေ ဘယ်နားမှာ ရှိနေတယ်။ ဘယ်နားမှာ လမ်းတွေ ပိတ်ထားတယ်ဆိုတာကို သုံးစွဲသူတွေကြား အချိန်နဲ့တပြေးညီ အသိပေးပြသတဲ့ HKmap.live app တွေကို ရယူ download လုပ်နိုင်တဲ့ app store ကနေ Apple ကုမ္ပဏီက ဖယ်ရှားလိုက်တာပါ။
ကမ္ဘာပေါ်မှာ အမြင်အာရုံ ချို့ယွင်းသူ ဒါမှမဟုတ် မျက်လုံးကွယ်နေသူ လူပေါင်း ၂ ဒသမ၂ ဘီလီယံ ထက်မနည်း ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်တဲ့ အစီရင်ခံစာ အသစ်တခုမှာ ဖော်ပြထားပါတယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို အရေးယူဖို့ ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း Joe Biden က ပထမဆုံးအကြိမ် အဖြစ် လူသိရှင်ကြား တောင်းဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၁၁၅ သန်းတုန်းက ရှင်သန်ခဲ့တဲ့ အင်မတန်ကြီးမားတဲ့ အသားစား ဒိုင်နိုဆောကြီးတကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ သိပ္ပွံ ပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဆီးရီးယားနိုင်ငံတွင်းက ကာဒ်တပ်ဖွဲ့တွေအပေါ် စစ်ဆင်ရေးတွေ စတင်လိုက်ပြီဖြစ်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ခရီးသွားရင်း ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၃၀ ကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က တောင်းဆိုလိုက်ပါတယ်။
Lithium-ion ဘက်ထရီတီထွင်ခဲ့ကြတဲ့ သိပ္ပံပညာရှင် ၃ ယောက်ကို ၂၀၁၉ ခုနှစ်အတွက် ဓါတုဗေဒဆိုင်ရာ Nobel ဆုပေးဖို့ ရွေးချယ်လိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဆင်းရဲတဲ့နိုင်ငံ ၄ နိုင်ငံက ပထမဆုံးရင်သွေးမွေးဖွားသူ မိခင်တွေရဲ့ သုံးပုံတပုံကျော်ဟာ မီးဖွားချိန်အတွင်း အကြမ်းပတမ်း ပြုမူ ပြောဆို ဆက်ဆံတာကို ခံကြရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် The Lancet ဆေးပညာဆိုင်ရာဂျာနယ်ထဲမှာပါတဲ့ လေ့လာချက်တခုမှာ ဖော်ပြထားပါတယ်။
ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို ကိုင်တွယ်တဲ့နေရာမှာ တရုတ်ပြည်မကြီးရဲ့ အကူအညီယူဖို့ကိစ္စကို လုံးဝပယ်ချမထားပေမယ့် ဒီကိစ္စအတွက် အဖြေတရပ်ကို ကိုယ့်ဖာသာ ရှာနိုင်မယ်လို့တော့ အခိုင်အမာယုံကြည်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှုး Carrie Lam က အင်္ဂါနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်