ဆီးရီးယားမြောက်ပိုင်းကို ဝင်သိမ်းပြီး Kurds တပ်တွေကို နှင်ထုတ်ဖို့ ကာလကြာရှည် စီစဉ် ထားတာကို စတင်ဖို့ အဆင်သင့်ပဲလို့ တူရကီစစ်ဘက်အရာရှိတွေက ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump ကို အရေးယူဖို့ စုံစမ်းစစ်ဆေးတဲ့အထိ ဖြစ်လာခဲ့တဲ့ သမ္မတ Trump နဲ့ ယူကရိန်းအစိုးရ အရာရှိတွေကြား ဆက်သွယ် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဥရောပဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gordon Sondland ကို လွှတ်တော်ရှေ့မှောက် စစ်ဆေး မေးမြန်းတာကို လက်မခံဖို့ သမ္မတ Trump အစိုးရက ညွန်ကြားထားပါတယ်။
စကြဝဠာ အဆင့်ဆင့်ပြောင်းလဲလာမှုနဲ့ နက္ခတ်တာယာတွေထဲ ကမ္ဘာမြေတည်ရှိမှုကို နားလည်သိရှိလာအောင် ကြိုးပမ်းခဲ့ကြတဲ့ သိပ္ပံပညာရှင် သုံးဦးကို နိုဘဲလ်ကော်မတီက ဒီနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆု ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။
ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက အမေရိကန် တပ်ဖွဲ့တွေကို ပြန်လည် ရုပ်သိမ်းမယ်ဆိုတဲ့ အမေရိကန် သမ္မတ Donald Trump ရဲ့ ကြေညာချက် အပေါ် အမေရိကန် အဓိက နိုင်ငံရေး ပါတီကြီး ၂ခုရဲ့ အရေးပါတဲ့ လွှတ်တော် အမတ်တွေက အပြင်းအထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။
ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အချေခြသူတွေအပေါ် ရန်လို ဆန့်ကျင်မှုနဲ့ အမျိုးသားရေး ဝါဒ မြင့်တက် လာနေမှုဟာ ကမ္ဘာတစ်လွှား နိုင်ငံမဲ့ ပပျောက်ရေး အစီအစဉ်တွေကို အန္တရာယ် ဖြစ်စေတယ် လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောလိုက်ပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan ဟာ ဒီနေ့ အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို နိုင်ငံတော် အလည်အပတ်ခရီး သွားရောက်မှာ ဖြစ်ပါတယ်။
ဆဲလ်တွေက အောက်စီဂျင် ဘယ်မှာရှိတယ်ဆိုတာ သိအောင်လုပ်ပြီး ရယူအသုံးချပုံကို ရှာဖွေတွေ့ရှိခဲ့တဲ့ အမေရိကန်သိပ္ပံပညာရှင် နှစ် ယောက်နဲ့ ဗြိတိန်သိပ္ပံပညာရှင် တ ယောက်ကို ၂၀၁၉ ခုနှစ်အတွက် ဆေးပညာရပ်ဆိုင်ရာ Nobel ဆုပေးဖို့ ရွေးချယ်လိုက်ပါတယ်။
ဆီရီးယားနိုင်ငံမြောက်ပိုင်းက IS စစ်သွေးကြွတွေအပေါ် နှိမ်နှင်းတဲ့ စစ်ဆင်ရေးမှာ အမေရိကန်တပ်တွေ ပါဝင်တော့မှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲ ဓားစားခံအဖြစ် ဖမ်းဆီးခံရတဲ့ အိန္ဒိယနိုင်ငံသား ၃ ဦးနဲ့ လဲလှယ်ဖို့အတွက် အာဖဂန်မှာရှိတဲ့ အာဖဂန်-အမေရိကန် ပူးတွဲအကျဉ်းထောင်ကနေ အရေးပါတဲ့ တာလီဘန်အဖွဲ့ဝင် ၁၁ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။
အီရတ်နိုင်ငံက အစိုးရဆန့်ကျင်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ကြား ထိပ်တိုက်ဖြစ်ကြတဲ့ ဆန္ဒပြပွဲ ၆ ရက်မြောက် တနင်္ဂနွေနေ့မှာတော့ သေဆုံးသူ ၁၀၄ ဦး ရှိသွားခဲ့ပြီး ဆန္ဒပြပွဲတွေ နောက်နေ့အထိ ဆက်ဖြစ်မယ့် အခြေအနေ ရှိပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို ကျူးကျော်ဖို့ တူရကီဘက်က ဆက်လက် ခြိမ်းခြောက်နေတဲ့ အပေါ်မှာ အထူးပဲစိုးရိမ်ကြောင်း အမေရိကန်တို့ ထောက်ပံ့ထားတဲ့ ဆီးရီးယား ကာ့ဒ်လူမျိုးစု တိုက်ခိုက်ရေးအဖွဲ့တွေက ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်နဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ယူကရိန်းနိုင်ငံအပေါ် ဖိအားပေးခဲ့တာနဲ့ ပတ်သက်ပြီး တိုင်ကြားသူ နောက်တယောက် ထွက်ပေါ်လာတယ်လို့ အဲဒီလူရဲ့ ရှေ့နေက ပြောလိုက်ပါတယ်။
ဟောင်ကောင်မှာ မျက်နှာဖုံးမတပ်ဆင်ဖို့ တားမြစ်ထားတဲ့ အရေးပေါ်ဥပဒေ ထုတ်ပြန်ထားတာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြတဲ့သူ ထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဒါကို ရဲတပ်ဖွဲ့က နေရာအတော်များများမှာ မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကျောက်ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက် ဘောလုံးအသင်းက ကျောင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြအကြောင်း အဓိကထား ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ကို စနေနေ့က ပထမဆုံး ရုံတင်ပြသပါတယ်။
အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ၂ လကြာ ရှိခဲ့ပြီဖြစ်တဲ့ အငြင်းပွားဖွယ် ကန့်သတ်ထိန်းချုပ်မှုတွေကို အိန္ဒိယအစိုးရက ဖယ်ရှားပေးရေး ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယား ဒေသခံတွေ စနေနေ့က ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ချီတက် တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား နျူကလီးယားအရေးဆိုင်ရာ အဆင့်မြင့်အရာရှိတွေရဲ့ အလုပ်သဘော ဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ စနေနေ့က ပြန်စခဲ့ပေမယ့် ဆွေးနွေးပွဲစတင်ပြီး ခဏအကြာမှာပဲ ပြီးဆုံးသွားတယ်လို့ မြောက်ကိုရီးယား နျူကလီးယား ညှိနှိုင်းရေးမှူး Kim Myong Gil က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး အဆင်ပြေစေဖို့ တကယ်ကြီးမားတဲ့ ကြိုးစားလုပ်ဆောင်မှု လိုအပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြကြောင်း ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတကို တရားစွဲဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာတွေရဲ့ အရင်းခံအကြောင်းဖြစ်တဲ့ ယူကရိန်းနိုင်ငံနဲ့ ပတ်သက်လို့ သမ္မတရဲ့ အစိုးရအဖွဲ့ လုပ်ဆောင်မှုတွေကို နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကာကွယ်ပြောဆိုသွားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းအဆင့် ဆွေးနွေးပွဲတွေ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပြန်စတင်တော့မှာပါ။
ဟောင်ကောင်မှာ ဒီကနေ့ ဆန္ဒပြပွဲတွေက အကြမ်းဖက်တဲ့အထိ ဖြစ်လာပြီးတဲ့နောက် ရထားတွေနဲ့ မြေအောက်ရထား ပြေးဆွဲနေတာတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်