အိန္ဒိယနိုင်ငံက လူဦးရေ သန်း ၆၀၀ အတွက် ၅ နှစ်အတွင်း ယင်လုံအိမ်သာ အလုံးရေ စုစုပေါင်း သန်း ၁၁၀ ထိ လက်ရှိအစိုးရက ဆောက်လုပ်ပေးခဲ့ပါတယ်။
သမ္မတ Donald Trump ကို တရားစွဲဆိုနိုင်ရေး စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်နေတဲ့ စာရွက်စာတမ်းတွေ ပေးအပ်ဖို့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက သမ္မတ အိမ်ဖြူတော်ကို ဆင့်ခေါ်တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ အဖွဲ့ဟာ ကျူးဘားနိုင်ငံကို သွားရောက်ခဲ့ပြီး ကျူးဘားကျန်းမာရေးဝန်ကြီး Jose Angel Portal နဲ့ တွေ့ဆုံခဲ့ကြောင်း ကျူးဘားသတင်းဌာန ACN က သောကြာနေ့မှာ ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်အတွင်း အာဖဂန်နစ္စတန် နိုင်ငံတလွှား လုံခြုံရေးအခြေအနေ ယိုယွင်းလာတဲ့ အတွက်ကြောင့် ကလေးသူငယ်ပေါင်း ၃၅၀၀ နီးပါး အသတ်ခံရပြီး ၊ ၉ ထောင်ကျော် ဒဏ်ရာရရှိခဲ့တာ အပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုပေါင်း ၁ သောင်းခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တစောင်မှာ ဖေါ်ပြထားပါတယ်။
Facebook Messenger နဲ့ Instagram တို့မှာတယောက်နဲ့ တယောက်ပို့ကြတဲ့ Message တွေကို ကြားဖေါက်ခိုးယူလို့မရနိုင်အောင် encryption လုပ်ဖို့ စီစဉ်နေချိန်မှာ တချို့ Message တွေကို ကြားဝင်ထောက်လှမ်းနိုင်ခွင့်ပေးဖို့ ကန်၊ ဗြိတိန်နဲ့ Australia အစိုးရက တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြပွဲအရှိန်ပိုမြင့်လာတဲ့ ဟောင်ကောင်မှာ ဆန္ဒပြသူတွေ မျက်နှာဖုံးစွပ် ဆန္ဒပြတာကို တားမြစ်မိန့်ထုတ်ပြန်လိုက်ပါတယ်။ စနေနေ့၊ အောက်တိုဘာ ၅ ရက်ကနေ စတင်အသက်ဝင်မယ့် ဒီတားမြစ်ချက်ကို ဟောင်ကောင်အစိုးရအကြီးအကဲ အုပ်ချုပ်ရေးမှူး Carrie Lam က ဒီကနေ့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက် ကိုယ်စားလှယ် သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေသူ အမေရိကန် အထက်လွှတ်တော် အမတ် Bernie Sanders ဟာ ဗုဒ္ဓဟူးနေ့က နှလုံးသွေးကြောပိတ်ဆို့မှုကို ကုသခံယူခဲ့ပြီးနောက် အခုအခါ ကောင်းကောင်မွန်မွန်နဲ့ ပြန်လည် နာလန်ထူနေပြီဖြစ်ကြောင်း သူ့ရဲ့ ဇနီးဖြစ်သူ Jane က ပြောလိုက်ပါတယ်။
ရန်ကုန်ကက်သလစ် ခရစ်ယာန်သာသနာပိုင် ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက “အပြစ်မဲ့ပြန်သူတွေကို မထိကြပါနဲ့တော့” ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်ပွဲဖြစ်ရာဒေသတွေမှာ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက် ဘာသာရေးခေါင်းဆောင်တွေက ပါဝင်ပြောဆိုပေးဖို့ တိုက်တွန်းထားတဲ့ ကြေ ညာချက်ကို အောက်တိုဘာလ၊ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယားကြားဆွေးနွေးမှုတွေပြန်စဖို့ အစီအစဉ်တွေလုပ်နေတဲ့ ကြားက လတ်တလော မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ မလိုအပ်ပဲ တမင်သက်သက်ရန်စတဲ့လုပ်ရပ် အဖြစ် အမေရိကန်နဲ့ ဂျပန်က ဝေဖန်လိုက်ပါတယ်။
အမေရိကန် အစိုးရ အထောက်အပံ့ခံ သတင်းဌာနတွေ ဖြစ်ကြတဲ့ VOA အမေရိကန်အသံနဲ့ လွတ်လပ်တဲ့ ဥရောပအသံ Radio Free Europe တို့ကို အစားထိုးဖွဲ့စည်းသင့်တယ်လို့ ကြာသပတေးနေ့ ဖလော်ရီဒါလူထုကို မိန့်ခွန်းမှာ သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ဟာ ၄ ရက်ကြာ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရေး စာချုပ်တွေကို လက်မှတ်ရေးထိုးဖို့ ရှိသလို ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကိုပါ ဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ရဲဌာနချုပ်မှာ အလုပ်သမားတယောက်က ဓားနဲ့ တိုက်ခိုက် မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ သမဂ္ဂကပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်သူကိုတော့ အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့သမဂ္ဂ တာဝန်ရှိသူ Loic Travers က ပြောဆိုခဲ့တာပါ။
ဟောင်ကောင်မှာ ဇွန်လကစလို့ ဆန္ဒပြပွဲတွေ အကြီးအကျယ် ကြုံနေရတာတွေကို နှိမ်နင်းဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဆန္ဒပြသူတွေ မျက်နှာဖုံး စွပ်တာတွေကို တားမြစ်တာ အပါအဝင် အရေးပေါ်စီမံချက် ဥပဒေ ပြဌာန်းဖို့ အာဏာပိုင်တွေ စဉ်းစားနေပါတယ်။
အိန္ဒိယနိုင်ငံမှာ ၁၈၆၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က မွေးဖွားခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီး မဟတ္တမဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့ ကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ကြပါတယ်။
အမေရိကန် သမ္မတလောင်းဖြစ်လာနိုင်ဖွယ်ရှိတဲ့ အထက်လွှတ်တော်အမတ် Bernie Sanders ဟာ နှလုံးသွေးကြော ပိတ်ဆို့မှုကြောင့် ဆေးကုသမှု ခံနေရတယ်လို့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
ဥရောပ လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီ Airbus ကို ဥရောပ သမဂ္ဂ EU က တရားမဝင် ထောက်ပံံ့ကြေးတွေ ပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ကို တိုင်ကြားထားတဲ့ ကိစ္စမှာ အမေရိကန် ဘက်က အနိုင်ရရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အတွက် အထောက်အထား စုဆောင်းမှုတွေနဲ့ သက်သေတွေကို မေးမြန်းဖို့ ကြိုးပမ်းမှုတွေမှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဟန့်တားဖို့ ကြိုးပမ်းနေတယ်လို့လည်း အောက်လွှတ်တော် ရေးရာ ကော်မတီတွေရဲ့ အကြီးအကဲတွေက စွပ်စွဲနေကြတာပါ။
အမေရိကန်နဲ့ မြောက်ကိုရီးယားကြား အလုပ်သဘော အဆင့် ဆွေးနွေးမှုတွေ စနေနေ့မှာ ပြုလုပ်မယ်လို့ ကြေညာပြီးနောက် နာရီပိုင်း အကြာမှာဘဲ မြောက်ကိုရီးယားဘက်က နောက်ထပ် ဒုံးကျည်တွေ ထပ်မံ စမ်းသပ်ခဲ့တဲ့ အနေအထား ရှိပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အသစ် အဖြစ် ဆွီဒင်နိုင်ငံက Ola Almgren ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်လိုက်ကြောင်း အင်္ဂါနေ့မှာဘဲ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်
အရှေ့တောင် အာရှဒေသအတွင်း ဒုက္ခသည်တွေ ရွှေ့ပြောင်းသွားလာမှုှုတွေ ၁၈ လအတွင်း သိသိသာသာ ထိုးကျသွားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အင်္ဂါနေ့က ဘန်ကောက်မြို့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်