အမေရိကန် ပြည်ထောင်စုက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း လက်ခံခဲ့တဲ့ ကမ္ဘာတလွှားက ဒုက္ခသည်တွေထဲမှာ မြန်မာ ဒုက္ခသည်က ဒုယတိ အများဆုံး ဖြစ်ပါတယ်။
တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်တဲ့ အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ တရုတ်အစိုးရက သူ့ရဲ့စစ်ရေးအင်အားကို ဒီကနေ့ ထုတ်ဖော်ပြသလိုက်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုန်း တချိန်ကဝတ်ခဲ့တဲ့ ယူနီဖောင်းဝတ်စုံကို ဝတ်ပြီး သမ္မတ ရှီကျင်းပင် ဒီကနေ့ အခမ်းအနားကို တက်ပါတယ်။
မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုကြား နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းပွဲတွေကို အောက်တိုဘာလ ၅ ရက်နေ့မှာ ပြန်စဖို့ သဘောတူထားပြီးဖြစ်တဲ့အကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် KCNA သတင်းဌာနက ဒီကနေ့ပြောပါတယ်။
အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုရေး စုံစမ်းနေတဲ့ အောက်လွှတ်တော် ဒီမိုကရက် အမတ်တွေက ယူကရိန်းနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေ အတွက် သမ္မတရဲ့ ရှေ့နေ Rudy Giuliani ကို ဆင့်ခေါ်လိုက်ပါတယ်။
အမေရိကန် ရွေးကောက်ပွဲတွေမှာ ရုရှားရဲ့ ကြားဝင်နှောင့်ယှက်မှုတွေနဲ့ ဆက်စပ်ပြီး Internet Research Agency နဲ့ ဒီလုပ်ငန်း အတွက် ငွေကြေး မတည်ပေးသူ Yevgeny Prigozhin တို့နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေ အပေါ် အမေရိကန် အစိုးရက ပြစ်ဒဏ်ခတ် အရေးယူမှု ချမှတ်ပါတယ်။
အခုအချိန်ဟာ အိန္ဒိယနိုင်ငံအတွင်း မုတ်သုံရာသီ ဆုတ်ခွာချိန်ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၃ ရက်အတွင်း မိုးအကြီးအကျယ် ရွာသွန်းခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရသလို ရထားလမ်းတွေနဲ့ ကားလမ်းတွေ ရပ်တန့်ခဲ့ရပါတယ်။
ရုရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အစိုးရ ဆန့်ကျင်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၂၀,၀၀၀ လောက် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ အရင်က အာဏာပိုင်တွေ ဆန္ဒြုပခွင့် ပိတ်ပင်ထားခဲ့တဲ့ မော်စကိုမြို့လယ်မှာ ချီတက်ဆန္ဒပြခဲ့သူတွေက အားလုံးပြန်လွှတ်ပေးလို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တွေထဲက နယ်မြေဒေသ တချို့မှာ အင်တာနက် ပိတ်ပင်ထားတာကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံထဲ လူဖြူကြီးစိုးရေးဝါဒီ အတော်များများပါဝင်တဲ့ နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ စုဝေး ဝင်ရောက်နေတာနဲ့ပတ်သက်လို့ အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့အစည်းတွေအကြား သတိထားစရာဖြစ်လာနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ခိုလှုံနေရတဲ့ မြန်မာဘက်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေကို နိုင်ငံသား အသိအမှတ်ပြု မှတ်ပုံတင် ထုတ်ပေးမှာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ NVC ကတ်တွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ဦးကျော်တင့်ဆွေက ပြောဆိုသွားပါတယ်။
ဆော်ဒီဘုရင် Salman ရဲ့ လူသားချင်းစာနာ အထောက်အကူပေးရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့ဖြစ်တဲ့ KSrelief ကနေ ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ထက်မနည်း ကောက်ခံရရှိခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေနဲ့ ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံရေးစနစ် နှစ်ခုစလုံးကို ပစ်မှတ်ထားတဲ့ နွေရာသီ ဆန္ဒပြမှုတွေရဲ့ အရှိန်မျိုး ပြန်ရရေး တနင်္ဂနွေနေ့က သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ အေးခဲနေတဲ့ မိုးရွာသွန်းမှုကို ကြံံံ့ကြံ့ခံပြီး မော်စကိုမြို့လယ် ရင်ပြင်ကို ပိတ်ဆို့သွားအောင် ချီတက်ခဲ့ကြပါတယ်။
သမ္မတ Trump ကို တရားစွဲနိုင်ရေး လွှတ်တော်က စုံစမ်းဖို့ ဖြစ်လာစေခဲ့တဲ့ အတွင်းသတင်းကို တာဝန်သိသိ တိုင်ကြားခဲ့သူ အမည်မဖော်လိုသူဟာ မကြာခင် အောက်လွှတ်တော် စုံစမ်းရေးကော်မတီရှေ့ ထွက်ဆိုဖို့ သဘောတူခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌ ဒီမိုကရက် အောက်လွှတ်တော်အမတ် Adam Schiff က မနေ့ တနင်္ဂနွေနေ့က အတည်ပြု ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြေရှင်းရေး ရည်ရွယ်တဲ့ ၁၃ ကြိမ်မြောက် ဆွေးနွေးပွဲကို တရုတ် ဒုတိယဝန်ကြီးချုပ် Liu He ဦးဆောင်မယ်လို့ တရုတ်ဘက်က ပြောဆိုလိုက်ပါတယ်။
စနေနေ့က ကျင်းပတဲ့ အာဖဂန်သမ္မတရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရှိသူ လူဦးရေ ၉ သန်းကျော်ထဲက ၂၀ ရာခိုင်နှုန်းပဲ မဲပေးခဲ့တယ်လို့ အာဖဂန်ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကိုတော့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။
ဟောင်ကောင်မှာ ဆန္ဒပြနေကြတဲ့ ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့က ဒီကနေ့မှာ မျက်ရည်ယိုဗုံးတွေ သုံးပြီးတော့ နှိမ်နင်းခဲ့ပါတယ်။ ဟောင်ကောင်မြို့လယ်ခေါင်က Causeway Bay ဈေးဝယ်စင်တာနေရာမှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တို့ ဒီကနေ့ ထိပ်တိုက်တွေ့ပြီး အခုလို ရဲတပ်ဖွဲ့ဘက်က နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုတွေကြားက ကျင်းပတဲ့ စနေနေ့ သမ္မတရွေးကောက်ပွဲအတွင်း လုံခြုံရေးအရ အခြေအနေ သိပ်ဆိုးဆိုးဝါးဝါး မကြုံတွေ့ရပေမယ့် မဲလာပေးသူ အရေအတွက်ကတော့ နည်းနေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ချေရှိတဲ့အတွက် ခရီးသွားသတိပေးချက် ထုတ်ပြန်ထားတဲ့ အမေရိကန်ပြည်ထောင်စုလိုပဲ ဗြိတိန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေကလည်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းက အတင်းအဓမ္မ မောင်းထုတ်ခံရတဲ့ လူပေါင်းများစွာအရေးနဲ့ အခြေခံဇာစ်မြစ်ကို ဖြေရှင်းနိုင်ရေး အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ဘက်က တက်ကြွထိရောက်စွာ ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guteress က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ တဖက်သတ် ဖိအားပေးမှုတွေကို လက်မခံဘဲ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းသာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်