အာဖဂန်နစ္စတန်မှာ ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဖဂန်တွေ နေရပ်ရင်းပြန်ပြီး မဲပေးနိုင်ဖို့ ပါကစ္စတန်အစိုးရက နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ သောကြာနေ့တုန်းက ရာထူးက နုတ်ထွက်သွားတယ်လို့ အိမ်ဖြူတော်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အမေရိကန်ပြည်ထောင်စု ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marie Royce ဟာ စက်တင်ဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ထိုင်း နဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်အပေါ် တရားစွဲဆိုနိုင်ရေး စုံစမ်းနေတဲ့ အမေရိကန်အောက်လွှတ်တော်က ယူကရိန်းနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ လာရောက် ထွက်ဆိုဖို့ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုကို ဆင့်ခေါ်လိုက်ပါတယ်။
နှစ်နိုင်ငံကြား နျူကလီးယားစစ်ပွဲဖြစ်မယ့်အရေးကို ဟန့်တားကြဖို့ ပါကစ္စတန် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်သမ္မတရဲ့ လုပ်ရပ်ဟာ နိုင်ငံ့လုံခြုံရေးကို ထိခိုက်လာတဲ့အတွက် Democrat တွေဖက်က တရားစွဲဖို့ စုံစမ်းမှု စတင်ခဲ့ရတာဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံထဲက လူနည်းစုတိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအပေါ် အစိုးရရဲ့ ပြုမူဆောင်ရွက်ပုံတွေ တိုးတက်မှုမရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လမ်းကြောင်းလွဲနေပြီလို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အကြီးအကဲ Mark Green က ဝေဖန်သွားပါတယ်။
မြန်မာ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေအကြား ချိတ်ဆက် လှုပ်ရှားနေတဲ့ လူမှောင်ခို ဂိုဏ်းတစ်ဂိုဏ်းကို မလေးရှားရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ရာမှာ မလေးရှား လူမျိုးဂိုဏ်း ခေါင်းဆောင် အပါအဝင် လူ ၇၇ ဦးကို ဖမ်းဆီး ရမိခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လမ်းဖွင့်ထားကြောင်း နယူးရောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
အာဖဂန် နစ္စတန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ စနေနေ့မှာ ကျင်းပဖို့ ရှိနေချိန်မှာပဲ ဆန္ဒမဲပေးမှုတွေကို အနှောင့်အယှက်ပေးမယ်လို့ အာဖဂန် တာလီဘန်တွေက ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ကို အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမယ့်အထိ ဖြစ်လာခဲ့တဲ့ အတွင်းလူတယောက်ရဲ့ တိုင်ကြားချက်ကို မထုတ်ပြန်ဖို့ ဟန့်တားခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေးဌာန ယာယီညွှန်ကြားရေးမှူးဟာ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီရှေ့မှောက် ဒီကနေ့ ထွက်ဆိုမှာ ဖြစ်ပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ဘူလ်ဂေးရီးယားစီးပွါးရေးပညာရှင် တယောက်ကို ခန့်အပ်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အင်္ဂါနေ့ဆွေးနွေးပွဲတွေ အတွင်းမှာပဲ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ရိုဟင်ဂျာပြဿနာကို အမြန်ဖြေရှင်းရေး အတွက် နိုင်ငံတကာက ပါဝင်ကြဖို့ ပန်ကြားခဲ့ပါတယ်။
ကမ္ဘာ့တဝန်း ကုန်သွယ်ရေးနှေးကွေးနေသလို၊ ရင်းနှီးမြှပ်နှံမှုပိုင်းမှာလည်း အားနည်းနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် အာရှဒေသက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းမယ်လို့ အာရှဖွံ့ဖြိုးရေဘဏ် ADB ကခန့်မှန်းလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်း၊ နောက် မြန်မာနိုင်ငံတွင်းမှာ အိုးအိမ်စွန့်ခွာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေနဲ့ သက်ရောက်မှု ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေ အတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁၂၇ သန်းကျော် ထပ်ပြီး ထောက်ပံ့မယ့် အကြောင်း ကြေညာလိုက်ပါတယ်။
၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည် ရွေးကောက်ခံရရေး အတွက် အမေရိကန် သမ္မတ Trump က နိုင်ငံခြား အစိုးရ တရပ်ရဲ့ အကူအညီရဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သမ္မတ Trump အပေါ် တရားစွဲဆိုနိုင်ရေး တရားဝင် စုံစမ်းစစ်ဆေးမှုတရပ်ကို အောက်လွှတ်တော်ဥက္ကဌ ဒီမိုကရက်လွှတ်တော်အမတ် Nancy Pelosi က ကြေညာပါတယ်။
အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ အသံလွှင့် ဌာန အကြီးအကဲအဖြစ် သမ္မတ ထရမ့် အစိုးရက အမည်စာရင်း တင်သွင်းထားသူ Michael Pack အနေနဲ့ သူ့ပိုင် အမြတ်အစွန်း မယူတဲ့ လူမှုရေးအလှူရှင်အဖွဲ့တစ်ခုနဲ့ သူတည်ထောင်ထားတဲ့ မှတ်တမ်းတင် ရုပ်သံ ကုမ္ပဏီတို့ အကြား ငွေရေးကြေးရေးအရ ဆက်နွယ်မှုတွေနဲ့ စစ်ဆေးခံရဖို့ ရှိနေပါတယ်။
ကုလသမဂ္ဂရဲ့ အဓိကအခြေခံ အုတ်မြစ်ဖြစ်တဲ့ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို ဝေဖန်ပြီး ကမ္ဘာလုံးဆိုင်ရာတည်ရှိမှုကို ဆက်လက် ဆန့်ကျင်နေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံမှာတော့ ဒီကနေ့ တက်ရောက် မိန့်ခွန်းပြောပါတယ်။
ဗြိတိသျှ ပါလီမန်ကို သီတင်း ၅ ပတ်ကြာ ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ် Boris Johnson ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ မညီကြောင်းနဲ့ ပယ်ဖျက်လိုက်ကြောင်း တရားရုံးချုပ်က ဒီကနေ့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံက အစိုးရအရာရှိတွေ တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ အပြန်ဘန်းမှာ သီးခြားတွေ့ဆုံခဲ့ကြပြီး ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အချက်သုံးချက်အပေါ် သဘောတူညီမှု ရယူခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်