အစ္စရေးလ် ရွေးကောက်ပွဲ အပြီး သီတင်းတပတ်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် နိုင်ငံ အနေနဲ့တော့ ဝန်ကြီးချုပ်သစ် ဘယ်သူ ဖြစ်လာမလဲ ဆိုတာ သိရှိဖို့ အခုအချိန်ထိ မနီးစပ်သေးပါဘူး။
သမ္မတ Trump နဲ့ ယူကရိန်း သမ္မတကြား တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို ကြာသပတေးနေ့မှာ လွှဲပြောင်းပေးဖို့ သြဇာကြီးတဲ့ အောက်လွှတ်တော် ခေါင်းဆောင် သုံးဦးက ဝန်ကြီး Pompeo ကို တောင်းဆိုလိုက်ပြီး ဒီလိုမှ မဟုတ်ရင် လွှတ်တော်ရဲ့ ဆင့်ခေါ်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောဆိုထားပါတယ်။
အရေးကြီးတဲ့ ကမ္ဘာ့ရေးရာတွေကို ဆွေးနွေးတဲ့ Concordia နှစ်ပတ်လည်ညီလာခံမှာ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စကို အမေရိကန်သမ္မတရဲ့ သမီး Ivanka Trump က ဒီကနေ့ ဦးဆောင်နွေးမှာဖြစ်ပါတယ်။
နှစ်ပေါင်း ၁၇၈ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ ဗြိတိန်ခရီးသွားလုပ်ငန်းကုမ္ပဏီ Thomas Cook ဟာ ငွေကြေး အခက်အခဲတွေကြောင့် ပြိုလဲသွားတဲ့နောက် ကမ္ဘာအဝှမ်း အားလပ်ရက်ခရီးသွား ၆ သိန်းကျော်ရဲ့ ခရီးစဉ်တွေ အခု တနလာၤနေ့မှာ ဖျက်သိမ်းလိုက်ရပါတယ်။
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အာဖဂန် တာလီဘန် ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့က တရုတ်အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
ရာသီဥတုဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာမှာ ရာသီဥတု ဘေးအန္တရာယ်ကို ကာကွယ်တားဆီးဖို့ ကမ္ဘာကြီးအနေနဲ့ အလွန်ကို နောက်ကျနေပြီး ဆိုးကျိုးရလဒ်အနေနဲ့ အပူချိန်မြင့်မားမှု လွန်ကဲမှုဟာ ပျမ်းမျှ ငါးနှစ်တကြိမ် တိုင်းတာချက်အရ အခု ၂၀၁၅-၂၀၁၉ ခုနှစ် ငါးနှစ်တာကာလအတွင်း အပူချိန်အမြင့်ဆုံးထိ ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန် အသိုင်းအဝိုင်းနဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကို အမေရိကန်သမ္မတ Donald Trump က ချီးကျူး ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဗြိတိန်နိုင်ငံက စတာလင်ပေါင် ၈၇ သန်း ထပ်မံပေးအပ်မယ်လို့ တနင်္ဂနွေနေ့မှာပဲ ကြေညာလိုက်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ရိုဟင်ဂျာပဋိပက္ခ စတင်ပြီးနောက်ပိုင်း ဗြိတိန်ရဲ့ ထောက်ပံ့မှုက စတာလင်ပေါင် ၂၂၆ သန်းထိ ရှိသွားပြီ ဖြစ်ပါတယ်။
ပါရှန်းပင်လယ်ကွေ့ထဲမှာ ပြည်ပကတပ်တွေ ရှိနေခြင်းဟာ ဒေသတွင်းမှာ မလုံခြုံမှုတွေကို ဖန်တီးလာနိုင်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဟောင်ကောင် နိုင်ငံတကာလေဆိပ်ကို ပြေးဆွဲနေတဲ့ ရထားနဲ့ ဘတ်စ်ကားခရီးစဉ်တွေကို ဟောင်ကောင်အာဏာပိုင်တွေ ဒီကနေ့မှာ လျှော့ချလိုက်ပါတယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်တဝန်းမှာ ရဲစစ်ဆေးရေးဂိတ်တွေ အများအပြား ချထားတာကြောင့် စနေနေ့မနက်ပိုင်း လမ်းတွေပေါ်မှာ ယာဉ်အသွားအလာ ကျပ်တည်းနေပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE တို့ကို အမေရိကန်က စစ်အင်အားနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ထပ်ပြီး ပေးပို့စေလွှတ်ဖို့ သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်အပေါ် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ဝေဖန်လိုက်ပါတယ်။
အီရတ်နိုင်ငံမှာ ရှီယာတွေရဲ့ ဘာသာရေးမြို့ဖြစ်တဲ့ Karbala မှာ လူပေါင်း ၁၂ ဦး သေဆုံးခဲ့ရတဲ့ ဗုံးဖောက်ခွဲမှုကို သူတို့လုပ်ဆောင်တာလို့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က စနေနေ့မှာ ကြေညာပါတယ်။
ဟောင်ကောင်ကျွန်းရဲ့ တရုတ်နဲ့ နယ်စပ်ဒေသမှာ စနေနေ့က ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ ဘဏ္ဍာရေး လုပ်ငန်းတွေရဲ့ အချက်အချာ ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေက သုံးလကျော် ရှိခဲ့ပါပြီ။
ဆော်ဒီအာရေဗျနိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE တို့ကို အမေရိကန်က စစ်အင်အားနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ထပ်ပြီး ပေးပို့စေလွှတ်သွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့ညမှာ ပြောပါတယ်။
ကမ္ဘာတဝှမ်း စွန့်ပစ်နေတဲ့ အမှိုက်ထုထည် ဘယ်လောက်များသလဲဆိုတာ အာရုံစိုက်လာစေရေးအတွက် အာရှတိုက်က ပင်လယ်ကမ်းခြေတွေနဲ့ မြစ်ရိုးတလျှောက် ထောင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ စုပေါင်းပြီး အမှိုက်ကောက်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့၊ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဗွီဒီယိုကနေတဆင့် သဝဏ်လွှာစကား ပေးပို့ထားပါတယ်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာတဝှမ်း ဆန္ဒပြ လှုပ်ရှားနေကြတာမှာ လူပေါင်းတသန်းကျော် ပါဝင်မယ်လို့ ဆန္ဒပြရေး စည်းရုံးလှုံ့ဆော်သူတွေက ပြောပါတယ်။
အီရန် ဗဟိုဘဏ်ကို ပိတ်ဆို့ အရေးယူမယ့် စာရင်းထဲ ထည့်သွင်းကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာ နေ့မှာ ကြေညာလိုက်တာကြောင့် အီရန်အပေါ် စီးပွားရေးအရ ဖိအားပေးမှု ထပ်မံ တိုးမြင့်သွားပါတယ်။
တိုက်ပွဲမှာဖမ်းဆီးရမိထားတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေကို ပြန်လည်ခေါ်ယူဖို့ ဆက်ငြင်းနေမယ်ဆိုရင် ဥရောပက သူတို့လာရောက်ရာ ဌာနေနိုင်ငံတွေဆီကို ပြန်ပို့မယ်လို့ အမေရိကန်သမ္မတ Donald Trump က ထပ်မံ ခြိမ်းခြောက်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်