ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး Fazilatunnesa Indira က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဓနသဟာယအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံမှုကို တောင်းခံခဲ့ပါတယ်။
စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်အကူအမျိုးသမီးကို နှိပ်စက်လို့ ထောင်ကျနေတဲ့ ဇနီးမောင်နှံကို နောက်ထပ် အင်ဒိုနီးရှားအိမ်အကူကို နှိပ်စက်မှုနဲ့ ထပ်ပြီး ထောင်ဒဏ်အပြစ်ပေးခံရပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကိုတားဆီးနိုင်ဖို့ တာဝန်ရှိသူတွေ ကိုင်တွယ်ဆောင်ရွက်ကြဖို့တောင်းဆိုတဲ့ ကမ္ဘာတဝန်း ဆန္ဒပြပွဲတွေကို ဒီကနေ့ ပြုလုပ်နေကြပါတယ်။ တနင်္လာနေ့ကျရင် New York မြို့မှာကုလသမဂ္ဂရုံးချုပ်မှာ စတင်မယ့် ရာသီဥတုဆိုင်ရာ ညီလာခံမတိုင်ခင် နိုင်ငံစုံမှာ ဆန္ဒပြပွဲတွေကို အချိန်ကိုက်ပြုလုပ်နေကြတာပါ။
ဆီရီးယားနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကြာသပတေးနေ့က ပူးတွဲ ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို အမေရိကန် လွှတ်တော်မှာ လာရောက် သက်သေခံထွက်ဆိုဖို့ အတွက် ဖိတ်ကြားတဲ့အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန် လွှတ်တော်အမတ်တွေကို ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေ တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ခရီးသည် ၁၅၀ လိုက်ပါမယ့် ဂျက်လေယာဉ်တစင်းကို စက်ချို့ယွင်းအောင် လုပ်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လေယာဉ် စက်ပြင်ဆရာတစ်ဦးကို အာမခံ ပေးဖို့ ဖလော်ရီဒါပြည်နယ် တရားရုံးတစ်ခုက ငြင်းပယ်ခဲ့ပါတယ်။
အာဖဂန်အစိုးရ အနေနဲ့ ပြည်သူတွေ အပေါ်ပိုပြီး တာဝန်ယူ၊ တာဝန်ခံမှုရှိဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ အာဖဂန်အတွက် အကူအညီတွေကနေ အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံကျော် ဖြတ်တောက်ရတဲ့ အကြောင်း ကို အမေရိကန် အကြီးတန်း သံအရာရှိတဦးက အောက်လွှတ်တော် ကော်မတီ ကြားနာပွဲမှာ မနေ့ကြာသပတေးနေ့က ရှင်းလင်းပြောကြားခဲ့ ပါတယ်။
သမ္မတ Trump နဲ့ နိုင်ငံခြားခေါင်းဆောင် တယောက်ကြား ဆက်သွယ်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ခဲ့သူတယောက်က ထောက်လှမ်းရေးကို အတွင်းသတင်းပေး တိုင်ကြားခဲ့မှုနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အသိုင်းအဝိုင်းရဲ့ စစ်ဆေးရေးမှူးချုပ် Atkinson ကို အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှာ ဒီနေ့ တခါးပိတ်မေးခွန်းထုတ်ဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် စစ်တပ်က ကျုးလွန်တဲ့ လုပ်ရပ်တွေ အပါအဝင် အတိတ်နဲ့ လက်ရှိအချိန်မှာ ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ဥရောပပါလီမန်က ဒီကနေ့ပဲ တခဲနက် ဆုံးဖြတ်လိုက်ပါတယ်။
ဖမ်းဆီးရမိတဲ့ ထောင်နဲ့ချီတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ အခြေအနေဟာ ဆိုးဝါးတဲ့ အနေထားကို ရောက်လာတဲ့ပုံ တွေ့နေရတာဟာ အိုင်အက်စ် အဖွဲ့ရဲ့ ဆီးရီးယားနဲ့ အီရတ်မှာ သူတို့ ပြန်ပြီး အင်အားခိုင်မာအောင် လုပ်ဆောင်ဖို့ အတွက် အထောက်အကူပေးလာနိုင်ချေ ရှိနေပါတယ်။
အစ္စရေး နိုင်ငံမှာ ပြီးခဲ့တဲ့ ၅ လတုန်းက ဒုတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့တာအတွက် ဘယ်သူ အနိုင်ရတယ် ဆိုတာကို အင်္ဂါနေ့အထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။
တောင်ကိုရီးယားနိုင်ငံဟာ ယခင်ကကြေညာထားခဲ့တဲအတိုင်း မနေ့ ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံကို သူ့ရဲ့ ကုန်သွယ်ဖက် အခွင့်အရေးပေးတဲ့ နိုင်ငံ စာရင်း White Listထဲက ပယ်ဖျက်လိုက်ပါတယ်။
အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်ပွါးလာနိုင်ခြေရှိတဲ့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဝက် အကောင်ရေ ၂၀၀ ကျော်ကို သုတ်သင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက အင်္ဂါနေ့မှာ အတည်ပြုပါတယ်။
ရာထူးက ထုတ်ပယ်ခံရသူ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ John Bolton နေရာမှာ အစားထိုးဖို့ Robert O’ Brian ကို ခန့်အပ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ကြေညာလိုက်ပါတယ်။
E-cigarettes သောက်သူတွေကြား အဆုတ်ကိုထိခိုက်တဲ့ ကျန်းမာရေးစိုးရိမ်မှုတွေ ရှိနေချိန်မှာ India တနိုင်ငံလုံးမှာ e-cigarettes ထုတ်လုပ် ရောင်းချမှုကို ပိတ်ပင်ဖို့ India အစိုးရအဖွဲ့ အတည်ပြုလိုက်လိုက်ပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံက ရေနံလုပ်ငန်းတွေကို တိုက်ခိုက်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆော်ဒီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဒီကနေ့ပဲ Jeddah မြို့ကို သွားနေပါတယ်။
ဟောင်ကောင်အရေးနဲ့ပတ်သက်လို့ အမေရိကန်အပါအဝင် ပြည်ပနိုင်ငံတွေက ဝင်မစွက်ဖို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။ ေ
နယူးယောက်မြို့မှာ စတင်နေပြီ ဖြစ်တဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဘေးပန်းမှာမြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံတို့ သုံးနိုင်ငံ သီးခြားတွေ့ဆုံပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးရာ လွှတ်တော် အမြဲတမ်းကော်မတီရဲ့ ဥက္ကဌ က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
၂၀၁၉ ကုလသမဂ္ဂ ရေရှည် ဖွံ့ဖြိုးမှု ဦးတည်ချက်များ ( STG ) ဆိုင်ရာ စီးပွားရေး ရှေ့ဆောင်လူငယ် ၁၀ ဦးအနက် မြန်မာနိုင်ငံက သဘာဝ ကြက်မွေးမြူရေး စွန့်ဦးတီထွင်လုပ်ငန်းရှင် ကိုဇော်ရဲနောင် ပါဝင်ကြောင်း ကုလသမဂ္ဂ Global Compact အဖွဲ့ကြီးက အင်္ဂါနေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဆော်ဒီအာရေးဗျရဲ့ ရေနံလုပ်ငန်းကြီးတွေ အပေါ် တိုက်ခိုက်ခဲ့တဲ့ မောင်းသူမဲ့ ဒရုန်းယာဉ် တစင်းနဲ့ ဒုံးကျည်က အီရန်ဘက်ကနေ မှောင်ရိပ်ခိုပြီး ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ပိုထွက်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်