အမေရိကန် စစ်တပ်ဘက်က အီရန် အပေါ် စစ်ရေး အရ တိုက်ခိုက်မှု ရှိခဲ့မယ်ဆိုရင်တော့ အဲဒီ တိုက်ခိုက်မှုက ဆော်ဒီအာရေးဗျက ရေနံ လုပ်ငန်းတွေ အပေါ် တိုက်ခိုက်ခဲ့မှုနဲ့ အချိုးအစား ညီမျှတဲ့ တိုက်ခိုက်မှု ဖြစ်မယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က အင်္ဂါနေ့ ရွေးကောက်ပွဲမှာ သူ ပြန်အရွေးခံရရင် အနောက်ဖက်ကမ်းက ဂျုး အခြေချ စခန်းတွေ အားလုံးကို အစ္စရေးလ်နိုင်ငံ ပိုင်နက်အတွင်း သွတ်သွင်းမယ်လို့ တနင်္လာနေ့က ပြောလိုက်ပါတယ်။
ဆော်ဒီ အာရေးဘီးယားနိုင်ငံက ရေနံလုပ်ငန်းနဲ့ဆိုင်တဲ့ နေရာနှစ်ခုကို စနေနေ့က တိုက်ခိုက်မှုကြောင့် ရေနံစိမ်းတစည်ဈေးဟာ ဒေါ်လာ ၁၀၀ အထိ တက်သွားနိုင်တယ်လို့ လေ့လာသူတွေက သတိပေးလိုက်ပါတယ်။ ဒါ့အပြင် အီရန်နဲ့ အမေရိကန်ကြား စေ့စပ် ညှိနှိုင်းရေး အလားအလာပေါ်လည်း ထိခိုက်သွားတဲ့ပုံရှိပါတယ်။
Geneva မှာလုပ်နေတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ပါမောက္ခ Yanghee Lee က သူစုံစမ်းတွေ့ရှိထားတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အရပ်ရပ်နဲ့ ပတ်သက်လို့ ကောင်စီအစည်းအဝေးအတွင်း အစီရင်ခံနေပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေအပေါ် အတိအကျပြောမထားတဲ့ “ခြိမ်းခြောက်မှုနဲ့ အခက်အခဲတွေ” ဆိုတာကို ဖြေရှင်းပေးမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးချင် တယ်လို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။
ဆော်ဒီအာရေဗျရဲ့ ရေနံလုပ်ကွက်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ အမေရိကန်က အဆင်သင့် ပြင်ဆင်ထားပြီလို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Borneo ကျွန်းမှာ သီတင်းတပတ်ကြာ တောမီး ဆက်တိုက်လောင်ကျွမ်းနေတဲ့အတွက် ထွက်လာတဲ့ မီးခိုးတွေကြောင့် လေထုညစ်ညမ်းတဲ့ အခြေအနေဟာ အန္တရာယ်အဆင့်ကို ရောက်ရှိလာနေပြီး အဲဒီဒေသရဲ့ မြို့နှစ်မြို့မှာ ကျောင်းတွေကို တပတ်ကြာ ပိတ်ထားမှာဖြစ်ကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ခရိုင်က Ghotki မြို့မှာ တနင်္ဂနွေနေ့က ဟိန္ဒူဘုရားကျောင်း အများအပြားကို အမျက်ဒေါသထွက်နေတဲ့ အကြမ်းဖက်လူအုပ်ကနေ ဖျက်ဆီးခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံပိုင် Aramco ရေနံလုပ်ငန်း နေရာနှစ်ခုကို ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်တွေက တိုက်ခိုက်တာကြောင့် ဆော်ဒီရဲ့ ရေနံထုတ်လုပ်မှု ထက်ဝက်လျော့ကျသွားပြီလို့ ဆော်ဒီစွမ်းအင်ဝန်ကြီးက စနေနေ့မှာ ပြောပါတယ်။
ဟောင်ကောင်မှာ ဒီကနေ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပါတယ်။ ဥပဒေပြုကောင်စီ အဆောက်အဦနားမှာ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို လောင်စာထည့် မီးလောင်ဘူးတွေ၊ အုတ်ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း အပြာရောင်အမှုန့် ထည့်ဖျော်ထားတဲ့ ရေတွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွဲပါတယ်။
ဗြိတိန်နိုင်ငံက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် Blenheim နန်းတော်ရဲ့ အနုပညာ ပြခန်းတခုထဲက ၁၈ ကာရက်ရွှေနဲ့ လုပ်ထားတဲ့ အိမ်သာတလုံးကို စနေနေ့က ဖောက်ထွင်းသူတစုက ခိုးယူခဲ့လို့ ရေတွေလျှံကျခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသတချို့ကို သိမ်းယူမယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က တနင်္ဂနွေနေ့မှာ အရေးပေါ်အစည်းအဝေးတခု ကျင်းပမှာပါ။
အမေရိကန်နဲ့ အာဖဂန် တာလီဘန်ကြား ညှိနှိုင်းမှု ပျက်သွားခဲ့ပြီးနောက် တာလီဘန် ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောဆိုပါတယ်။
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ဒေသတဝှမ်းက အမေရိကန်ပြည်ထောင်စုရဲ့ တန်ပြန်အကြမ်းဖက် စစ်ဆင်ရေးအတွင်း အကြမ်းဖက်အဖဲ့ွအစည်းတွေကြား အထင်ကရပုဂ္ဂိုလ်တဦး ဖြစ်လာတဲ့ အယ်လ်ခိုင်းဒါးခေါင်းဆောင် Hamza bin Laden သေဆုံးသွားကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။
ဘဟားမားကျွန်းအနီးမှာ တိုက်ခတ်နေတဲ့ Humberto အပူပိုင်းမုန်တိုင်းတခုဟာ အားကောင်းလာနေပြီး လာမယ့်ရက်ပိုင်းအတွင်း ဟာရီကိန်းမုန်တိုင်းအဆင့်ထိ ရောက်လာမယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက မနေ့ သောကြာနေ့ညမှာ ပြောဆိုပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရေကြီးမှုတွေကြောင့် နေအိမ်တွေ၊ လမ်းတွေနဲ့ တံတားတွေ ရေနစ်မြုပ်ကုန်ပြီး လူ ၂ သောင်း ၃ ထောင်လောက် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။ ဒါ့အပြင် ထိုင်းအစိုးရဘက်က ရေဘေးကယ်ဆယ်ရေး အကူအညီတွေ နှောင့်နှေးနေတဲ့ အပေါ်မှာလည်း ဒေသခံတွေ ဒေါသထွက်နေကြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံထဲက Saudi Aramco ရေနံကုမ္ပဏီပိုင် ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံနဲ့ ရေနံလုပ်ကွက်တွေကို ဒရုန်းယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တာ သူတို့လက်ချက်ဖြစ်တယ်လို့ ယီမင် ဟူသီသူပုန်တွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
တရုတ်အစိုးရကို ထောက်ခံတဲ့ ဟောင်ကောင် ဆန္ဒပြသူတွေနဲ့ တရုတ်အစိုးရရဲ့ စွက်ဖက်မှုကို ကန့်ကွက်နေကြတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူ လူအုပ်ကြီးကို နံပါတ်တုတ်တွေ ကိုင်ဆောင်ထားကြတဲ့ ဟောင်ကောင်ရဲတွေက ဒီကနေ့ ဝင်ပြီး လူစုခွဲခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက တာဝန်ရှိသူတစ်ဦးလုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း နယ်စပ်မြို့မှာ ရဲတပ်ဖွဲ့က နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ဦးကို သောကြာနေ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တာလီဘန်တိုက်ခိုက်ရေးသမား ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သမ္မတ Ashraf Ghani က ရွေးကောက်ပွဲ လူထုစုဝေးပွဲမှာ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ ပြတ်သားတဲ့ အဖြေရှာနိုင်ရေးအတွက့် အာဖဂန်အစိုးရနဲ့ အတူလုပ်ဆောင်ဖို့လည်း တာလီဘန်တွေကို ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်