သူ့သတင်းအစအန ဘာမှမသိရဘူး ကျနော်တို့လိုက်ရှာတယ်သူ့ကို ဘယ်နေရာမှာ ထိန်း သိမ်းထားလည်း ဘယ်လိုကျွေးတယ်၊ ဘယ်အနေအထားရှိလည်းလို့ အဲတာကို သွားပြီးမှ ကျ နော်တို့က မေးကြည့်တယ်။
ရန်ကုန်မြို့ကနေ မုံရွာမြို့ကိုသွားတဲ့ ခရီးသည်ယာဉ်လိုင်းပေါ်မှာ လက်နက်ခဲယမ်းတချို့ကို ရှာဖွေတွေခဲ့ပြီးတဲ့နောက် ကုန်စည်တချို့ကို တနယ်ကနေ တနယ်ပေးပို့မရလို့ စစ်ကောင်စီက ကန့်သတ်လိုက်ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုရဲမွန် ကတင်ပြပါမယ်။
စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းတာတွေကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ အခြေခံစားသောက်ကုန်အသုံးအဆောင်တွေလိုအပ်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်ဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်တပ်ဖွဲ့အကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကျေးရွာ ၄ရွာက ဒေသခံ ၂၅၀ကျော်လောက်တိမ်းရှောင်နေရပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပြီး ကိုရဲမွန် က တင်ပြထားပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အကြား တနေကုန်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့သိရတယ်။ ဒေသခံတွေ မရှိသလောက်နည်းသွားပြီး ထွက်ပြေးနေရသူတွေအတွက်လည်း အကူအညီတွေလိုအပ်နေပါတယ်။ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်က ပြောပြမှာပါ။
မြန်မာနိုင်ငံကိုရောက်လာမယ့် ကမ္ဘာဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် Mr.Hun Sen နဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ဝေဖန်မှုတွေ အမျိုးမျိုးရှိနေကြပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတချို့ကို မေးမြန်းတင်ပြထားတဲ့ ရန်ကုန်က ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြမှာပါ။
စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ် ဂဟဲရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာ တွေပြုလုပ်ခဲ့ပါတယ်။ လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသခံ ကျေးရွာသားတွေ သေဆုံးဒဏ်ရာ ရတာတွေရှိပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရတာ ၇၄ နှစ်ပြည့်ချိန်၊ လွတ်လပ်ရေး ဆုံးရှုံးနေသလို ခံစားနေရတယ်လို့ ပြည်သူတချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက မုံရွာမြို့နဲ့ မဝေးတဲ့ ချောင်းဦးမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွ့ဲတွေ ပထမဆုံးအကြိမ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် အနားက နေရာတွေထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
ကိုဗစ် 19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ဖြစ်လာတဲ့ အသွားအလာ ကန့်သတ်မှုတွေနဲ့ အကျပ်အတည်းတွေအကြောင်း သတင်းတွေ လွှမ်းမိုးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ စိတ်ဝင်စားစရာ၊ လူတွေ အမှတ်မထင် ပြုံးရီစရာဖြစ်ခဲ့ရတဲ့ သတင်းတချို့လည်း ရှိခဲ့ပါတယ်။ ကိုရဲမွန်နဲ့ မမြသဇင်အောင်တို့ စုစည်းတင်ပြထားပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီခရိုင် လေးကေကော်မြို့သစ်ကနေ စတင်လိုက်တဲ့ တိုက်ပွဲတွေ ဒီထက် ပိုမို မကျယ်ပြန်စေဖို့ဆိုရင် လက်ရှိ စစ်ကောင်စီဘက်က ထိုးစစ်တွေ ရပ်ဆိုင်းဖို့ လိုအပ်ကြောင်း KNU ဘက်က တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြထားပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တခုရဲ့ မြေစာပုံပြိုကျမှုကြောင့် လူအနည်းဆုံး ၅ ဦးသေဆုံးနိုင်တယ်လို့ ဖားကန့်ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူက ဗွီအိုအေ ကိုပြောပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့နယ် အိန္ဒိယနယ်စပ်မှာ ဇိုမီးတော်လှန်ရေးအဖွဲ့ZRAနဲ့ ချင်းအမျိုး သားတပ်ဦးCNFအဖွဲ့တိုအကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရွာသားတွေထိခိုက်မှုရှိသလို ဘေးလွတ်ရာ တိမ်းရှောင်နေရကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။
လူအစုလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာအနီးမှာ ဒီနေ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ မျက်မြင်တွေက VOA ကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် က.တင်ပြပါမယ်။
ငွေစက္ကူရိုက်နှိပ်တဲ့ စက္ကူတွေ ပြည်တွင်းကိုရောက်ရှိနေပြီး မကြာခင်မှာ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်တော့မယ်ဆိုတဲ့သတင်းတွေမှာ မဟုတ်မှန်ဘူးလို့ ဗဟိုဘဏ်က ပြောကြားပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုရဲမွန် က ပြောပြပေးမှာပါ။
တရုတ်-မြန်မာ နယ်စပ်ဂိတ် ၂ ခုကို အင်္ဂါနေ့မှာ ပြန်ဖွင့်ပေးဖို့ သဘောတူထားပေမယ့် တရုတ်နိုင်ငံဘက်က ဖွင့်မပေးသေးတာကြောင့် မြန်မာဘက်က ကုန်စည်တွေ တင်ဆောင်လာတဲ့ ကားတွေ နယ်စပ်မှာ စောင့်ဆိုင်းနေကြရတယ်လို့ ကန်ပိုက်တည် နယ်စပ်ကုန်သည်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဗီဇပြောင်း Omicron ကိုဗစ်ပိုးသစ် ကူးစက်သူတွေ အိန္ဒိယနိုင်ငံမှာပါ ရှိနေပြီမို့ သူနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ပျံသန်းပြေးဆွဲတဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ အားလုံးကို ရက်အကန့်အသတ်မရှိ ပြေးဆွဲခွင့် ပိတ်ထားပါတယ်။
ကြက်သွန်နီသယ်လာတဲ့ မြန်မာကုန်ကားအစီး ၁၄၀၀ လောက်ဟာ တရုတ်ပြည်ထဲကို ဝင်ခွင့်ရဖို့အတွက် စက်တင်ဘာလကတည်းက မူဆယ်နယ်စပ်မှာ စောင့်ဆိုင်းနေခဲ့တာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြပေးမှာပါ။
ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကိုရောက်နိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ အချိန်အခါ မဟုတ်မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနတာဝန်ရှိသူက ဗီအိုအေကိုပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
စစ်ကောင်စီက နယ်မြေရှင်းလင်းခဲ့တဲ့ ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာမှာ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေနဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်းထားတဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်