မြန်မာနိုင်ငံမှာ ဒီလ ဒုတိယပတ်အတွင်းကျင်းပမယ့် အိန္ဒိယ၊ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်မယ့် အိန္ဒိယဝန်ကြီးချုပ်က ကုန်သွယ်ဘက်နိုင်ငံတွေကြား ချိတ်ဆက် ဆောင်ရွက်ရေးနဲ့ ယဉ်ကျေးမှုရေးရာကိစ္စတွေ အဓိကထားဆွေးနွေးမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ခါကာဘိုရာဇီတောင်ထိပ်မှာ တလကြာပျောက်နေတဲ့ တောင်တက်သမားနှစ်ဦးကို ရှာဖွေနေဆဲဖြစ်ပြီး မနေ့ကတော့ လူသုံးဦးလိုက်ပါသွားတဲ့ ရိက္ခာပို့လေယာဉ်ဟာ ပျံသန်းပြီး မိနစ် ၂၀ အကြာမှာ အဆက်အသွယ်ပြတ်တောက်နေပါတယ်။
ပျောက်ဆုံး တောင်တက်သမား နှစ်ဦးရှာဖွေရေး စက်တင်ဘာ ၂၇ ရက်မှာ နောက်ဆုံးဖြစ်မယ်လို့ သတ်မှတ်လိုက်ပေမယ့် အခုထိတော့ ရာသီဥတုဆိုးရွားနေတဲ့အတွက် ရှာဖွေရေးအတွက် ခါကာဘိုရာဇီတောင်ပေါ်ကို တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။
ခါကာဘိုရာဇီတောင်ပေါ်မှာ မြန်မာ တောင်တက်သမား ၂ ဦး ပျောက်ဆုံးနေတာဟာ ဒီကနေ့ဆိုရင် ၁၆ ရက်ရှိသွားပြီ ဖြစ်ပြီး သူတို့အတွက် အကူအညီတွေ မရောက်ခင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုအပါအဝင် ရာသီဥတုဒဏ် ကြံ့ကြံ့ခိုင်နိုင်ရေးတို့အတွက်ပါ စိုးရိမ်မှုတွေ ရှိနေပါတယ်။
ခါကာဘိုရာဇီ ရေခဲတောင်ထိပ်မှာ ပျောက်ဆုံးနေတဲ့ မြန်မာ တောင်တက်သမား ၂ ဦးကို ကူညီရှာဖွေဖို့ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ ရောက်နေပေမယ့် ရာသီဥတုဆိုးဝါေးနေတဲ့အတွက် တောင်ခြေကိုတောင် မရောက်နိုင်သေးဘဲ ဖြစ်နေပါတယ်။
ခါကာဘိုရာဇီ တောင်ထိပ်ကို ရောက်ရှိပြီး အဆက်အသွယ် ပြတ်နေတဲ့ တောင်တက်သမား နှစ်ဦးကို ကယ်ဆယ်ရေးအတွက် တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်း၊ ထူးဖောင်ဒေးရှင်းနဲ့ ကချင်ပြည်နယ် ဒေသအာဏာပိုင်တို့ ပူးပေါင်း ဆောင်ရွက်နေပေမယ့် လည်း ရာသီဥတု အခြေအနေကြောင့် ခါကာဘိုရာဇီ တောင်ခြေကို ရောက်အောင် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။
လွှတ်တော်က အတည်ပြုထားပြီး သမ္မတ လက်မှတ်ရေးထိုး အတည်ပြုပြီးရင် ဥပဒေအဖြစ် အသက်ဝင်လာတော့မယ့် အခု အမျိုးသား ပညာရေးဥပဒေကိုသာ ကျင့်သုံးမယ်ဆိုရင်တော့ မြန်မာ့ပညာရေးဟာ အောင်မြင်မှုရှိမှာမဟုတ်ကြောင်း မြန်မာ့ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေး ကြိုးပမ်းနေသူ ပညာရှင်တွေက ပြောပါတယ်။
အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံး ရခိုင်ပြည်နယ်မှာ ပြည်ထောင်စုအစိုးရက ချထားပေးတဲ့ အသုံးစရိတ်ဘတ်ဂျက် ပိုလျှံတယ်ဆိုပြီး ပြည်ထောင်စု အစိုးရထံကို ကျပ်ငွေ သန်းပေါင်း ၁ သောင်း ၃ ထောင်ကျော် ပြန်လည် အပ်နှံလိုက်ပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုအတွင်း အစိုးရဘက်က ဖယ်ဒရယ်ပြည်ထောင်စု ဆိုတာကို မူအားဖြင့် သဘောတူလိုက်ပေမယ့်လည်း အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ မစခင် ကြားကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ ရပ်တည်ချက်အပေါ်မှာတော့ အစိုးရဘက်က သဘောမတူသေးပါဘူး။
တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းရေး အာဆီယံအဖွဲ့နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ တာဝန်ရှိတယ်လို့ အမေရိကန် ထိပ်တန်းသံတမန်က ပြောလိုက်ပါတယ်။
Bi မွန်းတည့်နေ သတင်းဂျာနယ်က အယ်ဒီတာတဦးကို ဒီကနေ့ တရားရုံးထုတ်စဉ်မှာ ပြန်လွှတ်ပေးလိုက်ပြီး ကျန်တဲ့ ဂျာနယ် တာဝန်ရှိသူ ၅ ဦးကိုလည်း ပြစ်ဒဏ်သက်သာတဲ့ ပုဒ်မတွေ ပြောင်းလဲတရားစွဲဆိုတာဟာ မီဒီယာအပေါ် တင်းမာမှု လျော့ကျလာတဲ့ လက္ခဏာအဖြစ် သုံးသပ်ကြပါတယ်။
"မရတာကတော့ နှစ်ချက်လောက်ရှိတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ ငါးနှစ်လောက် ကင်းရှင်းရမယ်ဆိုတဲ့ဟာမျိုးပေါ့။ ...ဒီဟာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး နည်းဥပဒေပြဌာန်းခွင့် မရှိလို့ပါ ဆိုတဲ့ ဟာမျိုးပေါ့။" (ဦးဝင်းမြင့်-NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
"ဘယ်လိုဘက်ကနေ လှည့်ပတ် ကွေ့ကောက်ပြီးတော့ပဲ ပြောပြော ဆွေးနွေး တိုင်ပင်ပြီးတော့ ညှိနှိုင်းပြီးတော့ မညှိနှိုင်းပဲနဲ့ ဘယ်တော့မှ သဘောတူညီချက်မရဘူး။ အဲ့လိုဆွေးနွေးညှိနှိုင်း တိုင်ပင်ပြီးတော့ ရလာတဲ့ သဘောတူညီချက်အရသာ နို်င်ငံတနိုင်ငံမှာ တကယ့်ပြန်လည်ရင်ကြားစေ့ရေးနဲ့ တကယ့်ပဋိပက္ခ ပြေငြိမ်းရေးကို လုပ်နိုင်မယ်။"
မြန်မာ အစိုးရသစ် လက်ထက်မှာ မြောက်ကိုးရီးယား နိုင်ငံနဲ့ စစ်ရေး ဆက်ဆံရေး အသစ်တွေ မရှိတော့ပေမဲ့ အရင် မြန်မာ စစ်အစိုးရ ဟောင်းနဲ့ လုပ်ခဲ့တဲ့ စစ်ရေး ဆက်ဆံမှု အဟောင်းတွေတော့ ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာ အကြီးတန်း အရာရှိ တဦးက ပြောပါတယ်။
"ရခိုင်ပြည်နယ်မှာက စည်းကမ်းချိုးဖောက်မှုတွေ အလွန်များပြားတယ်။ ဘက်လိုက်မှုတို့ ဘက်လိုက်တယ်လို့ ယူဆစရာ လုပ်ဆောင်ချက်တွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ ဒီ MOU အသစ်ဆွေးနွေးတဲ့ အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအားလုံးကို ပြန်လည် သုံးသပ်ဆွေးနွေးမှာပါ။" ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်
"မတ်လ ပထမပတ်ထဲမှာ စတင်မယ့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့ကြား ဆွေးနွေးပွဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လောခီးလာတိုင်းရင်းသားပေါင်းစုံ ညီလာခံမှာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး မူဝါဒတွေ အပေါ်မှာ ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် အတော်လေးကို အတားအဆီးဖြစ်စေတဲ့ ၂၀၀၈ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ အမီ ပြင်ဆင်နိုင်မယ့် လက္ခဏာတွေ အခုချိန်မှာ တွေ့နေရပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ လှေစီးပြေး ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတာတွေမှာ ထိုင်းရေတပ် ပါဝင်ပတ်သက်နေတယ်လို့ ရေးသားခဲ့တဲ့ ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် သတင်းထောက် နှစ်ဦးကို ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
ကချင်ဒေသက စစ်ပွဲ ချက်ချင်းရပ်ပစ်ဖို့၊ သိန်းချီတဲ့ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရန်ကုန်မြို့တော်မှာ ပြည်သူတွေ ချီတက်တောင်းဆိုခဲ့ကြပါတယ်။
သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ဆောင်ကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်