လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချမှတ်ထားတဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေကို အကောင်အထည်ဖေါ်ခြင်းမရှိတဲ့အပြင် စစ်ကောင်စီဖိနှိပ်မှုအောက်မှာ မြန်မာပြည်သူတွေရဲ့အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အစိုးရလက်နက်ကိုင်တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ်သားတွေဟာ ဒီလ ၁၃ရက်နေ့ နေ့ခင်း ၁၂နာရီလောက်မှာ ပလက်ဝမြို့နယ် ရွှေလိုက်ဝရွာ အတွင်းကို ဝင်ရောက်ခဲ့တာပါ။
“အခုထိတော့ ကျွန်တော် ဖွင့်တယ်လို့တော့ မကြားသေးဘူးဗျ။ ဘယ်သူမှလဲ မသွားရဲဘူးဖြစ်နေတာ။ ၁၀ ရက်နေ့ကို ပြန်ဖွင့်တယ်လို့ပဲ ပြောတာပါဗျာ။ ဒါပေမယ့် ဘယ်သူမှလဲမသွားရဲ၊ မလာရဲတော့ ဖွင့်တယ်လို့တော့ မကြားမိသေးဘူး။ သွားလို့လာလို့လည်း မရသေးဘူး။ သွားလို့လာလို့ရနေတာကတော့ သူတို့တွေချည်းပါပဲ။ "
“ ဒေသခံတွေ အကုန်လုံးထွက်ပြေးနေကြတာ။ ၂၀၁၉ကတည်းက အကုန်လုံးထွက်ပြေးနေကြတာ အခုထိ ပြန်မရောက်သေးဘူးဗျာ။ ကျနော်တို့ ပြေးလာတုန်းက အိမ်တွေလည်း မီးရှို့ခံထားရတာ၊ ဘယ်သူ့အိမ်တွေ ပါသွားလဲတော့ မသိဘူး၊ မီးမရှို့ပဲ ကျန်ရှိတဲ့အိမ်တွေဟာလည်းရှိမယ်မထင်ဘူး လူပြုပြင်မှု မရှိ ခြတွေဘာတွေ စားပြီးတော့ အကုန်ပြိုနေပြီထင်တယ်။”
မြန်မာ့အရေးဆုံးဖြတ်ချက်တွေ တိုးတက်မှုရှိမရှိသုံးသပ်မယ့် လုံခြုံရေးကောင်စီရဲ့ တနင်္လာနေ့ ဆွေးနွေးပွဲမှာ ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Woodward က ပြောကြားလိုက်ပါတယ်။
မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီအတိုက်အခံတွေကို ချေမှုန်းဖို့ အွန်လိုင်းက အကြမ်းဖက်လှုပ်ရှားမှုတွေကို ကြိုးကိုင်ဆောင်ရွက်နေပြီး လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေကို လက်နက်သဖွယ်သုံးပြီးတိုက်ခိုက်နေတယ်လို့ ကုလသမဂ္ဂက မတ်လ ၁၃ ရက်နေ့က ပြောလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီ အမေရိကန် ဒေါ်လာ ၂၄ သန်းနီးနီး အမေရိကန်အစိုးရက ထပ်မံချထားပေးလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မတ်လ ၁၃ ရက်နေ့ မှာ ကြိုဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီဟာ အမျိုးသမီးတွေအပါအဝင် လူထုအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေပြီး ဒါကို နိုင်ငံတကာအနေနဲ့မျက်ကွယ်ပြုမထားဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တခါးပိတ်ဆွေးနွေးပွဲမတိုင်ခင်လေးမှာပဲ နယူးယောက် ကုလဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ မြန်မာအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းခဲ့ပါတယ်။
တနင်္သာရီတိုင်မှား မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေနဲ KNU ပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်တိုက်ပွဲဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေက ရနောင်းဘက်ကို တိမ်းရှောင်နေကြတဲ့အတွက် ထိုင်း-မြန်မာနယ်စပ် ကရပ်ဘူရီနယ်ခြားတလျှောက်မှာ ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားပြီး ၂၄ နာရီမပြတ် အထူးစောင့်ကြပ်ကင်းလှည့်နေကြပါတယ်။
မြန်မာဘက်က အစိုးရချင်းသဘောတူညီမှုနဲ့ တရားဝင်စေလွှတ်လိုက်တဲ့ မြန်မာ MoU လုပ်သားတွေဟာ ထိုင်းရောက်တဲ့အခါမှာ အလုပ်မရဘဲ ရက်သတ္တပတ်များစွာ စောင့်ဆိုင်းနေရကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားရေး ဖြေရှင်းနေသူတွေက ပြောပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက စိန်ကန့်လန့်ကျေးရွာမှာ ဒီကနေ့မနက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တချို့ပျက်ဆီးခဲ့သလို ကရင်ပြည်နယ်၊ သာမညတောင်ခြေမှာလည်း အလားတူ မိုးသည်းပြီး လေပြင်း တိုက်ခတ်တာကြောင့် သစ်ပင်တွေကျိုးကျပြီး နေအိမ်တချို့ ပျက်ဆီးခဲ့ပါတယ်။
"မြို့တွင်းလုံခြုံရေးက အခုက ဆိုင်ကယ်တွေနဲ့ပါ ပေါ်တင်လုယက်၊ မြို့လယ်ခေါင်တင် လုယက်နေတာဆိုတော့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ အခုလောလောဆယ်က လုံခြုံရေးပိုင်းကတော့ အရမ်းလိုအပ်နေတာပေါ့။ ဒေသခံတွေ အနေအထားကလည်း လောလောဆယ်မှာ သွားသတိ၊ စားသတိ၊ အမြဲတမ်း သတိဝီရိယနဲ့တော့ သွားလာနေထိုင် နေကြရတာပေါ့။"
နောက်ထပ်ကြည့်ရှုရန်