မြန်မာနိုင်ငံမှာ အရင် အာဏာရပါတီဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖျက်သိမ်းလိုက်တဲ့အတွက် စိုးရိမ်မိကြောင်း ဂျပန် နဲ့ သြစတေးလျနိုင်ငံတို့က ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောဆိုပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်ရောက် လာပြီးတဲ့နောက်၊ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပေမဲ့ ပြည်သူရှိသ၍ ပါတီရှိနေမယ့်အကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ၂ ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ထိုင်းနိုင်ငံဘက်က တောမီးရှို့တဲ့ အခြေအနေကြောင့် မြို့ထဲမှာ မီးခိုးမြူငွေ့ ညစ်ညမ်းတာ နှစ်စဉ်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးခိုးငွေ့ကြောင့် မျက်လုံးနီရဲ စပ်ဖျဉ်းတာ၊ လည်ချောင်းယားတာတွေက အပြင်မထွက်ဘဲ နေအိမ်ထဲမှာတင် ခံစားနေရတဲ့ အခြေအနေလို့ တာချီလိတ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာဘက်ကို ဦးတည်သွားတဲ့ အင်အားတစ်ရာလောက်ရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းကြောင့် ဒေသခံအများအပြား ရှောင်တိမ်းခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်အဖွဲ့တွေကတော့ ထွက်ပြေးရသူ ဒေသခံ တစ်သောင်းလောက် ရှိနိုင်တယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂစင်မြင့်မှာ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေရဖို့ ဒီထက်ပို စွမ်းဆောင်နိုင်ဖို့ လိုနေတယ်လို့ ကုလအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ Cornell တက္ကသိုလ် အရှေ့တောင်အာရှရေးရာအစီအစဉ်က ကျင်းပတဲ့မြန်မာ့အရေးဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။
ကုလသမဂ္ဂစင်မြင့်မှာ မြန်မာ့ဒီမိုကရေစီဘက်တော်သားတွေ အထိုက်အလျောက် နေရာယူထားနိုင်ပေမယ့် ထိရောက်တဲ့ဆုံးဖြတ်ချက်တွေရရှိဖို့ ဒီထက်ပို စွမ်းဆောင်နိုင်ဖို့လိုနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တာဟာ ကုလသမဂ္ဂကလိုလားတဲ့ လားရာမဟုတ်ဘူးလို့ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က အင်္ဂါနေ့ ကုလသမဂ္ဂမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်ရောက်လာပြီးတဲ့နောက် အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
လင်ချန်း- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးကိုပြန်စဖို့ တရုတ် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အာဏာပိုင်တွေ အားထုတ်နေပေမဲ့ မြန်မာဘက်မှာတော့ ဘာမှပြင်ဆင်တာတွေ မရှိသေးဘူးလို့ တရုတ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်