ကရင်ပြည်နယ်မှာ မကြာသေးခင်ရက်တွေက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သလို၊ ဖမ်းဆီးမိသူတွေ ရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပြင် ဒီအဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပါ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ဦး အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်တခုကို တနင်္လာနေ့က ရောက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာစစ်တပ်က တပ်မတော်နေ့အဖြစ် စစ်အင်အားပြတဲ့ အခမ်းအနားတွေ ကျင်းပတဲ့နေ့နဲ့ တိုက်ဆိုင်ပြီး ဗြိတိန်နိုင်ငံက နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေကို ချမှတ်ကြောင်း ကြေညာလိုက်ပါတယ်။
စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်က ဒေါတမကြီး၊ ဒေါညင်းခူ၊ ဒေါဆိုဖျ ကျေးရွာတွေမှာ ဒေသခံတွေအကုန်လုံး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြတာပါ။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို အောင်မြင်အောင် ချေမှုန်းသွားမယ့်အကြောင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပတဲ့တဲ့ မတ်လ ၂၇ ရက်နေ့ ဒီနေ့ နေပြည်တော်က အခမ်းအနားမှာ ပြောဆိုပါတယ်။
မြန်မာ စစ်ဘေးရှောင်တွေ ထွက်ပြေးလာမှာ စိုးရိမ်တဲ့အတွက် အိန္ဒိယ−မြန်မာနယ်စပ်မှာ မဏိပူရအစိုးရက နယ်စပ်ဒေသမှာ လုံခြုံရေးတွေ တိုးမြင့်ချထားပါတယ်။
ကရင်ပြည်နယ်ကော့ကရိတ် နဲ့ ကျုံဒိုးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူကာကွယ်ရေးတပ်စစ်ကြောင်းတွေဟာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
“အထိအခိုက်အနည်းဆုံးဖြစ်အောင့်လုပ်ကြရင်းနဲ့ပဲ ကျနော်တို့ဘက်က- ပူးပေါင်းတပ်ဖွဲ့ဘက်ကပေါ့လေ ငါးဦးကျဆုံးခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့တန်ပြန်တိုက်ခိုက်မှု၊ ထိုးစစ်ဆင်မှုမှာဆိုလို့ရှိရင် စစ်ကောင်စီဘက်က အကျအဆုံးအများကြီးရှိတယ်။ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ဒေါတမကြီးတိုက်ပွဲအတွင်း ၉၀ လောက်ကိုသေတယ်။” KNDF ပြန်ကြားရေး
“ကရင်ပြည်နယ် မြဝတီတို့၊ ကျုံဒိုးတို့ ဘာတို့မှာပေါ့။ အဲဒီနေရာတွေမှာ မာရှယ်လော ထုတ်ထားတယ်။ ည ၁၀ နာရီကနေ မနက် ၄ နာရီထုတ်ထားတယ်။ အခုည ၁၀ နာရီထိုးလောက်ကတည်းကနေ ပစ်နေတယ်။ ည ၁၂ နာရီလောက်ထိက ပစ်နေတယ်။ နာရီဝက်တခေါက် ၁၅ မိနစ်တခေါက်တော့ ပစ်နေတယ်။ ဘယ်နေရာကနေ ကျနေလဲတော့မသိဘူး။” (နယ်စပ်နေဒေသခံပြည်သူ)
တရုတ်အစိုးရဟာ သူ့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စီပွားရေးနဲ့ နယ်စပ်အရေးကိစ္စတွေမှာ ဆက်ဆံရေးပြန်ဆောက်ဖို့ တွန်းတွန်းတိုက်တိုက် ပြန် လုပ်လာနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက မြို့နယ် ၃ ခုမှာ ဒီကနေ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲကြား တနေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ြ
နောက်ထပ်ကြည့်ရှုရန်