ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေထဲက ၁၀၀၀ လောက်ကို နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ် တစိတ်တပိုင်းအဖြစ် လက်ခံဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ နေရပ်ပြန်ရေး အစီအစဉ်အပေါ် သံသယရှိနေကြတာပါ။
စစ်တပ်ထောက်ခံသူ ပျူစောထီးတွေ တပ်စွဲထားတဲ့ ပုလဲမြို့နယ်က ဇီးဖြူကုန်းကျေးရွာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့သလို အရပ်သား သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ဒေသတွေမှာ အဓိကတောင်ယာ စပါး စိုက်ပျိုးရေးလုပ်ငန်းတွေ ဆုတ်ယုတ်လာရာကနေ အခုအခါမှာတော့ အားလုံးနီးပါးလောက် မလုပ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။
ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို အသုံးပြုပြီးတော့ ရခိုင်နဲ့အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်မှုတွေ ရှိနေပြီလို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။
မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ မကြာခင်မှာ ထပ်မံ ချမှတ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ALP ရဲ့ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို ပါတီစည်း မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ALP ပါတီက မနေ့က ထုတ်ပြန်ခဲ့ပြီး ဒေါ်စောမြရာဇာလင်းကတော့ အထုတ်ခံရတာမဟုတ်ဘဲ သူကိုယ်တိုင်ထွက်ပြီး ပါတီသစ်ဖွဲ့လိုက်တာလို့ ပြောပါတယ်။
၅ ရက်အတွင်း ပြည်နယ်သုံးခုမှာ အထောက်အထားမဲ့ဝင်ရောက်လာတဲ့ မြန်မာ ၁၀၀ ကျော်ကို ဖမ်းမိထားပြီး လတ်တလောမှာလည်း ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ လူကုန်ကူးလာတဲ့ပစ်ကပ်ကားတစီးကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ကားပေါ်ကပါလာသူ မြန်မာ ၁၂ ဦး ဖမ်းဆီးခံရပါတယ်။
စင်္ကာပူရောက်မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးဖို့ လျှောက်ထားတာမှာ အဆင်မပြေမှုတွေ ကြုံနေရကြောင်း မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကိုပြောပါတယ်။ ဒါပေမဲ့ ကြားခံလူတချို့ကို ငွေကြေးတစုံတရာပေးပြီး အလွယ်တကူ လျှောက်ထားနိုင်တာကိုတော့ အများစုက မေးခွန်းထုတ်နေကြပါတယ်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှု ၅၀၅(က) ပုဒ်မစတဲ့အမှုတွေကို ဧပြီလ ပထမပတ်ထဲမှာ အပြီးသတ်အမိန့်ချဖို့ ရှိနေပါတယ်။
“အိမ်ခြေကတော့ ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ ၂၇၅ အိမ်ပေါ့။ လူနေအိမ်ဆိုရင်တော့ ၂၇၃ အိမ်ပေါ့၊ ဘုန်းကြီးကျောင်းက သံဃာဆောင်တစ်ဆောင်ရယ်၊ ဆွမ်းစားဆောင်တစ်ဆောင်ရယ် အဲ့ဒါရောပေါင်းမှ ၂၇၅ အိမ်ပေါ့။ ဘုန်းကြီးကျောင်းကိုလည်း ပစ်မှတ်ထားတဲ့ပုံပါဘဲ။ ရည်ရွယ်ချက်ရှိရှိ ရှို့တဲ့သဘောပါဘဲ အရာကြည့်ရတာကတော့။ “
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောကြားလိုက်ပါတယ်။ မတ်လ ၂၀ ရက်၊ တနင်္လာနေ့က ကျင်းပတဲ့ လွှတ်တော်အမေးအဖြေကဏ္ဍမှာ အလုပ်သမားပါတီက လွှတ်တော်အမတ် Hougang Dennis Tan ရဲ့အမေးကိုစာနဲ့ရေးသားပြီး ပြန်လည် ဖြေကြားခဲ့တာပါ။
ရခိုင်ပြည်နယ်မှာရှိတဲ့ လေဆိပ်တွေထဲက စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ်တို့ကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲနိုင်အောင်အထိ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်