စစ်မက်ပဋိပက္ခဖြစ်ပွားဖြစ်နေတဲ့ ကယားပြည်နယ် လွိုင်ကော် ကက်သလစ် ဂိုဏ်းအုပ်သာသနာတော်ရဲ့ သာသနာပိုင် ဆရာတော်အဖြစ် ဘုန်းတော်ကြီး ချဲလ်ဆိုဘရွှေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့က ခန့်အပ်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံသားသုံးယောက် သေဆုံးတဲ့ကိစ္စနဲ့ ဆက်စပ်ပြီး မြန်မာနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်လမ်းတချို့ကို မီဇိုရမ်ပြည်နယ်က ဩဇာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က မနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။
“လမ်းဖွင့်တယ်၊ ကျနော်တို့တက်လာတယ်။ အခုတော့ လမ်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ညီနောင်ဘက်မှာ ဖြစ်နေတယ်။ တိုက်ပွဲဖြစ်ချိန်တော့ သူတို့ကတော့ ခဏပိတ်ထားတာပေါ့။”
ရခိုင်ပြည်နယ်မှာ အသင်းအဖွဲ့မှတ်ပုံတင်ပြီး လုပ်ကိုင်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ကို ပြီးခဲ့တဲ့ စစ်ကောင်စီက ခေါ်ယူတွေ့ဆုံပြီး မတရားအသင်းတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ မပတ်သတ်ဖို့နဲ့ ငွေကြေးထောက်ပံ့တာတွေမလုပ်ဖို့ ခေါ်ယူသတိပေးထားတယ်လို့ သတိပေးခံရတဲ့ အရပ်ဖက်အဖွဲ့အသည်း တာဝန်ရှိသူတဦးက ပြောပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့အပေါ် အမေရိကန်၊ ဗြိတိန်၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံတို့က အပြစ်တင်လိုက်ပါတယ်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ ၅ မိုင်ကွာဝေးတဲ့ ခွါဖိုးရွာကို မတ်လ ၃၀ ရက် ဒီကနေ့မနက် ၁၀ နာရီကျော်မှာ စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ဝန်းကျင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြန်မာ့အာဏာရပါတီဟောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်းမှုအပေါ် အမေရိကန်၊ ဗြိတိန်၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့က စိုးရိမ်ကြောင်းပြောဆိုထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးလုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေ ပိုပြီး ပါဝင်မှုရှိစေဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အရင် အာဏာရပါတီဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖျက်သိမ်းလိုက်တဲ့အတွက် စိုးရိမ်မိကြောင်း ဂျပန် နဲ့ သြစတေးလျနိုင်ငံတို့က ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောဆိုပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်ရောက် လာပြီးတဲ့နောက်၊ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပေမဲ့ ပြည်သူရှိသ၍ ပါတီရှိနေမယ့်အကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ၂ ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ထိုင်းနိုင်ငံဘက်က တောမီးရှို့တဲ့ အခြေအနေကြောင့် မြို့ထဲမှာ မီးခိုးမြူငွေ့ ညစ်ညမ်းတာ နှစ်စဉ်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးခိုးငွေ့ကြောင့် မျက်လုံးနီရဲ စပ်ဖျဉ်းတာ၊ လည်ချောင်းယားတာတွေက အပြင်မထွက်ဘဲ နေအိမ်ထဲမှာတင် ခံစားနေရတဲ့ အခြေအနေလို့ တာချီလိတ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်