ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးအပြီး နယ်စပ်ဒေသတွေကတဆင့် ပြည်ပ နိုင်ငံတွေကို ရောက်သွားခဲ့ကြတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ အင်အားစုတွေ ကနေ့အချိန်ထိ တကွဲတပြားစီ ဖြစ်နေကြဆဲပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ထင်သလောက် ခရီးမရောက် ဖြစ်နေတဲ့အချိန်မှာ ပြည်တွင်းမှာရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်ပရောက်နေကြသူတွေ ပူးပေါင်း လုပ်ဆောင်ရင် ပိုပြီး အဆင်ပြေ ခရီးတွင်မလား၊ ဒီအင်အားစုတွေ အနာဂတ်မှာ ဘယ်လို ပူးပေါင်း လုပ်ဆောင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး၊ အမေရိကန်အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ တင့်ဆွေ၊ ပြည်ပအခြေစိုက် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ ဒေါက်တာ နိုင်အောင်တို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေး တင်ပြထားပါတယ်။
Your browser doesn’t support HTML5