မြန်မာ့ဒီမိုကရေစီအရေးကို တရားဝင်ထိထိရောက်ရောက်ကူညီနိုင်ဖို့ တိုးချဲ့ပြင်ဆင်လိုက်တဲ့ မူကြမ်းတရပ်ကို အမေရိကန်အထက်လွှတ်တော်က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အတည်ပြု လိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ်မှာလူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အပေါ်စွဲဆိုထားတဲ့အမှုကို အာဂျင်တီးနားတရားရုံးမှာကြားနာစစ်ဆေးနေပါတယ်။ အမှုအသွားအလာအခြေအနေတွေကိုသိရှိနိုင်ဖို့ ဦးထွန်းခင် နဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးတို့ကိုဆက်သွယ်ပြီး၊ ကိုဇော်မိုး ကျော်ကတင်ပြပေးပါမယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး အခြေအနေတွေ ကျဆင်းလာနေတဲ့အပေါ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာပဲ ကုလသမဂ္ဂ တာဝန်ရှိသူတွေ သတိပေးပြောဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေနဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေး တင်းကျပ်ထားပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ အများစု အပါအဝင် မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ဝင်လာနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၉ ရက်နဲ့ ၁၀ ရက် မှာ သမ္မတ Joe Biden က ဦးဆောင်ပြီး အွန်လိုင်းကနေ ဒီမိုကရေစီ ထိပ်သီး ဆွေးနွေးပွဲတရပ် ကျင်းပဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲကို ကမ္ဘာ့ခေါင်း ဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ နဲ့ ပုဂ္ဂလိက ကဏ္ဍက ကိုယ်စားလှယ်တွေ ပါဝင်တက် ရောက်ကြမှာ ဖြစ်ပါတယ်။ ကိုဇော်မိုးကျော်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ရာထူးကဖယ်ရှာခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှု စွဲချက်သစ်နဲ့ အာဏာပိုင်တွေက အရေးယူလိုက်ကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ဒီအမှုဟာ သက်သေအထောက်အထားနဲ့ အကြောင်းခြင်းရာတွေ မခိုင်လုံဘဲ နိုင်ငံရေးအရ အပြစ်ပေးချင်လို့ တမင်ဖန်တီးထားတာသာ ဖြစ်တယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပြောဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ကျွန်းတကျွန်းမှာ စွန့်ပစ်ခံခဲ့ရတဲ့ မြန်မာရေလုပ်သား ၁၀ ယောက်ဟာ ပြန်လည်လွတ်မြောက်လာတာ ၁ နှစ်ကျော်ရှိလာတဲ့ အချိန်အထိ နေရပ်ပြန်ရေး အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။
အခြေအနေတွေဒီထက်ဆိုးမသွားခင် ကိုဗစ်ကာကွယ်ဆေးတွေကိုအရှိန်မြှင့် ထိုးပေးနေပြီး နိုင်ငံတွေဟာသူ့ထက်ငါ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင် ဖို့ကြိုးပမ်းနေကြပါတယ်။ ဒီလိုအချိန်ကာလမှာ မြန်မာနိုင်ငံအနေနဲ့ရော ဘယ်လိုအခြေ အနေတွေကိုရင်ဆိုင်နေရပါသလဲ။
ပါကစ္စတန်နိုင်ငံမှာ အိမ်ကနေ ဝေးလံတဲ့နေရာတွေကို ကျောင်းသွားတက်ရတဲ့အတွက် မိန်းခလေးတွေ ပညာသင်ကြားနိုင်ဖို့ ပိုမိုအခက်အခဲဖြစ်ရပါတယ်။ ဒီပြဿနာကို ကူညီဖြေရှင်းပေးဖို့ ဆရာမလေးတဦးက သူ့ရဲ့ကျောင်းသူတွေကို စက်ဘီးစီးသင်ပေးနေပါတယ်။ ဒီအကြောင်း Muhammad Saqib ပေးပို့တဲ့သတင်းကို ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
အင်္ဂါနေ့ည ၉ နာရီ မိနစ် ၄၀ အချိန်မှာ ရန်ကုန်တိုင်းလှိုင်မြို့နယ် ပြည်လမ်းမကြီးပေါ်က အမေရိကန်သံအမတ်ကြီးနေအိမ်နဲ့ မလှမ်းမကမ်းမှာ၊ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံတနိုင်ငံဖြစ်နေပါတယ်။ လွတ်လပ်ရေး ရကတည်းက ပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၇၅ နှစ်ရှိပြီဖြစ်ပါတယ်။ ပြည်တွင်းစစ် တွေဟာ နိုင်ငံတွေအခြင်းခြင်းအကြားဖြစ်ပွားတဲ့စစ်ပွဲတွေထက်ရှည်ကြာတတ်ပါတယ်။ ဘာကြောင့်ပါလဲ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တာကြောင့် ဆန်းစစ်လေ့လာနေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တယား (IIMM) အကြီးအကဲက ပြောလိုက်ပါတယ်။
အာဆီယံမူ ၅ ချက်ကို အကောင်အထည် ဖေါ်ဖို့ဆက်လက်တိုက်တွန်းလိမ့်မယ်လို့မျှော်လင့်ပေမယ့်၊ အာဆီယံနဲပူးပေါင်းဆောင်ရွက်မှုဟာ စစ်ကောင်စီရဲ့သဘောထားအပေါ်မှာဘဲမူတည်နေတယ်လို့ အာဆီယံဆိုင်ရာ NUG သံအမတ်ကြီး ဦးဘိုလှတင့်ကပြောဆိုလိုက်ပါတယ်။
ဒီလက်ရှိတရားမဝင် စစ်အာဏာသိမ်း စစ်ကောင်စီကို သူတို့ကိုတရားဝင်အသိ အမှတ်ပြုတဲ့ ပုံစံမျိုးတွေသက်ရောက်သွားမယ့် အနေအထားမျိုးကို ကျနော်တို့လုံးဝမလိုလားပါဘူး။
ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီးရဲ့ နောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရ ကိုဗစ်ကပ်ဘေးအလွန်ကာလ ကမ္ဘာတဝန်း အလုပ်အကိုင် ရရှိမှု အလားအလာတွေ အားနည်းနေတာ တွေ့ရှိထားပါတယ်။ ILO ရုံးချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာကနေ VOA သတင်းထောက် Lisa Schlein က သတင်းပို့ထားတာကို ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်။
အောက်တိုဘာလ ၂၆ ရက်နေ့မှာ ASEAN အရှေ့တောင်အာရှထိပ်သီးအစည်းအဝေးကို အွန်လိုင်း ကနေစတင်နေဖြစ်ပါတယ်။ မြန်မာနိုင်ငံကစစ်ခေါင်းဆောင်တွေတက်ရောက်ခွင့်မရပါဘူး။ ဝန်ကြီးဦးအောင်မျိုးမင်းကို ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို စစ်ကောင်စီက အောက်တိုဘာ ၂၃ ရက် ညပိုင်းမှာ အင်အားသုံး ဖမ်းဆီးခဲ့ပြီးနောက် ဆေးရုံတင်ထားရတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။
COVID-19 ရိုက်ခတ်ချက်ကြောင့် ထိခိုက်ကျဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ စစ်အာဏာသိမ်းခဲ့ပြီးနောက်မှာ ပိုမိုထိခိုက် ကျဆင်းခဲ့ပါတယ်။ အဲဒီအထဲမှာ အလုပ်သမား ၅ သိန်းလောက်ကို အလုပ်ပေးထားတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းလည်း ပါဝင်ပါတယ်။ မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ ၃၀ ရာနှုန်းကျော်လောက် ကျဆင်းသွားခဲ့ပါတယ်။