အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မြန်မာ့အရေးကို မကြာခန ပွင့်ပွင့်လင်းလင်းဝေဖန်လေ့ရှိတဲ့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan တို့ စက်တင်ဘာ ၂၇ ရက် တနင်္လာနေ့က နဲ့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံအရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
အရှေ့အာရှနဲ့ Pacific ဒေသမှာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေး ပြန်လည် ဦးမော့လာနိုင်ရေးဟာ ကူးစက်မြန် Delta ကိုဗစ်ရောဂါပိုးကြောင့် ထိခိုက်နေပြီး အထိခိုက်ဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ တနင်္ဂနွေနေ့က အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီလို့ ကြေညာခဲ့တဲ့ ဗဟို လက်ဝဲယိမ်း Social Democrat (SPD) ပါတီခေါင်းဆောင် Olaf Scholz က Greens ပါတီ၊ Free Democrats (FDP) ပါတီတို့ပါဝင်တဲ့ ညွန့်ပေါင်းအစိုးရကို Christmas မတိုင်ခင် ဖွဲ့စည်းနိုင်ဖို့ ညှိနှိုင်းသဘောတူနိုင်မယ်လို့ ပြောခဲ့ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူအဖြစ်သိကြတဲ့ ယခင် ရဝမ်ဒါစစ်တပ် ဗိုလ်မှူးကြီး Theoneste Bagosora ဟာ လူသားထုတရပ်လုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအရ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရင်း စနေနေ့က မာလီ ဆေးရုံတရုံမှာ ကွယ်လွန်သွားပါတယ်။
ဥရောပသမဂ္ဂက နုတ်ထွက်ပြီးနောက် ဗြိတိန်မှာ လောင်စာပြတ်မှာစိုးရိမ်ပြီး ဝယ်ယူနေကြသူတွေကြောင့် မြို့ကြီးအတော်များများမှာ လောင်စာပြတ်လပ်နေတာကြောင့် ရေနံချက်စက်ရုံ ၆ ခု၊ လောင်စာသိုလှောင်တဲ့နေရာ ၄၇ ခု ရှိလို့ လောင်စာပြတ်လပ်မှုလုံးဝမရှိကြောင် သယ်/ပို့ဝန်ကြီးကပြောခဲ့ပြီး အစိုးရိမ်မလွန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
Australia နိုင်ငံမှာ လူဦးရေအထူထပ်ဆုံး New South Wales ပြည်နယ်မှာ လူဦးရေ ၇၀% ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးသွားလောက်ချိန် အောက်တိုဘာလ ဆေးအပြည့် ထိုးမထိုးပေါ်မူတည်ပြီး ဖြေလျော့မှုတွေလုပ်သွားမယ့် အစီအစဉ်တွေကို ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian ကဒီနေ့ တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဒီကနေ့ နောက်ဆုံး ပိုးစစ်ဆေးသူ ၁၈,၄၆၃ ယောက်၊ ပိုးတွေ့သူ ၁,၆၆၇ ယောက်၊ ပိုးတွေ့ရာနှုန်း ၉.၀၃%၊ သေဆုံးသွားသူ အယောက် ၇၀ ဦးနဲ့ သေဆုံးမှုရာနှုန်း ၃.၈၃% လို့ ပြောပါတယ်။
New York မြို့မှာ ဒီနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် Sheikh Hasina မိန့်ခွန်းပြောကြားတဲ့အခါ ဘင်္ဂလားဒေရှ့်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေအရေး ထည့်သွင်းပြောကြားမယ်လို့ ခန့်မှန်းထားပါတယ်။
စကားပြောဖို့ ဖြစ်စေ၊ ကိုယ်ကာယ လှုပ်ရှားဖို့ဖြစ်စေ အခက်အခဲရှိတဲ့ မသန်စွမ်းသူတွေအနေနဲ့ Android စနစ်သုံး ဖုန်းတွေကို မျက်နှာအမှုအရာလုပ်ပြီး လွယ်လွယ်ကူကူသုံးနိုင်ပြီလို့ Google ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
New York မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီနေ့ စက်တင်ဘာ ၂၄ ရက် သောကြာနေ့မိန့်ခွန်းပြောမယ့်သူတွေထဲ အမျိုးသမီးဝန်ကြီးချုပ် ၅ ဦးနဲ့ ဒုသမ္မတ ၃ ဦး စုစုပေါင်း အမျိုးသမီးခေါင်းဆောင် ၈ ဦးမိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေနဲ့ မြို့တော် နေပြည်တော်ရဲ့ တချို့နေရာတွေအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှာ လျှပ်စစ်မီးပြတ်ခဲ့တာ အာဏာပိုင်တွေက အတည်ပြုပြီး တနိုင်ငံလုံးကိုပို့တဲ့ ဓာတ်အားလိုင်းမကြီး စနစ်ချို့ယွင်းသွားကြောင်း လျှပ်စစ်ဌာနကပြောပေမယ့် ဒိထက်ပိုပြီးရှင်းလင်းထားတာတော့ မရှိပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကြာသပတေးနေ့က ဆွေးနွေးပါတယ်။
တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ စာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ စီးပွားရေး ပြိုကွဲမယ့် အခြေအနေကို ရှောင်ရှားနိုင်အောင် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အဆုံးသတ်ဖို့ ဖွံ့ဖြိုးတဲ့နိုင်ငံပေါင်း ၂၀ G-20 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အွန်လိုင်း အစည်းအဝေးမှာ တရုတ်ထိပ်တန်း သံတမန်က တိုက်တွန်းလိုက်ပါတယ်။
တရုတ်ရဲ့သြဇာကြီးထွားလာမှုကို ရင်ဆိုင်နေရတဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေး အတွက် ပူးပေါင်းဆောင်ရွက်တဲ့ အမေရိကန်၊ ဂျပန်၊ Australia နဲ့ အိန္ဒိယ ၄ နိုင်ငံ ပါဝင်တဲ့ QUAD အဖွဲ့ ခေါင်းဆောင်တွေဟာ သောကြာနေ့မှာ ဝါရှင်တန်ဒီစီမှာ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး ဖို့ရှိပါတယ်။
မဲမသမာမှုနဲ့ မူမမှန်တဲ့ စွပ်စွဲချက်တွေရှိတဲ့ သုံးရက်ကြာ ရုရှရွေးကောက်ပွဲပြုလုပ်ပြီးတဲ့နောက် လက်ရှိအာဏာရ ရုရှညီညွတ်ရေးပါတီဟာ အလွယ်တကူပဲ အောက်လွှတ်တော်မှာ အနိုင်ရမယ့်အခြေအနေရှိနေပါတယ်။
“လူထုကရော အဲဒါကို ယုံပါ့မလား...တဲ့။ ကျနော်တို့ကတော့ ယုံတာကတော့ မယုံပါဘူး...လို့ အဲလိုပဲ ပြောပြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူပြောပြတာက သူက အများပြည်သူ စိတ်အားငယ်စေမယ့်အလုပ်မျိုး ဘာတခွန်းမှ သူပြောမှာမဟုတ်ဘူးတဲ့၊ ပြောလည်းမပြောဘူးတဲ့- နံပါတ်တစ်က အဲဒါ ပြောပါတယ်။” (ရှေ့နေကဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကား)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့နယ်တွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး နှစ်ဘက်အကျဆုံးတွေရှိနေသလို ဒေသခံရွာတွေလည်း ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။
ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၈,၁၈၉ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၂,၉၃၂ ယောက်ရှိပြီး သေဆုံးသူ (၁၀၉ ) ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မနေ့ သောကြာနေ့ တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၁၀ သန်းထိ ထိုးပေးနိုင်ခဲ့တာဟာ ထူးခြားတဲ့အောင်ပွဲတရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီက ကြွေးကြော်ပါတယ်။
မန္တလေးမြို့မှာ ဒီကနေ့ သပိတ်စစ်ကြောင်းတခုကို စစ်တပ်နဲ့ရဲက အရပ်ဝတ်တွေနဲ့ အရပ်ကားတွေသုံးပြီး ပစ်ခိတ်ဖြိုခွဲတဲ့အတွက် မိန်းကလေးတဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး နောက် မိန်းကလေးတဦး အဖမ်းခံထားရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ကိုးကားပြီး ပြည်တွင်းကလာတဲ့သတင်းတွေမှာ ရေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်