လေဆိပ်တိုက်ခိုက်မှုဖြစ်ပြီး ၄၈ နာရီအတွင်းမှာပဲ အာဖဂန်နစ္စတန်နိုင်ငံထဲက IS အစွန်းရောက်အုပ်စုတခုကို ပစ်မှတ်ထားပြီး အမေရိကန်စစ်တပ်က အဝေးထိန်းဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အာဖဂန်-ကာဘူးလ်လေဆိပ်တိုက်ခိုက်မှုကို စီစဉ်ခဲ့သူလို့ ယုံကြည်ရတဲ့ လူတယောက် သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၆ လကျော် ကြာလာတဲ့အထိ အာဏာသိမ်းစစ်ကောင်စီကိုရော ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ ဧပြီ ၁၆ မှာဖွဲ့စည်းလိုက်တဲ့ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရကိုပါ နိုင်ငံတကာက အစိုးရအဖြစ် အသိအမှတ်မပြုသေးဘူးလို့ SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောပါတယ်။
အရှေ့တောင်အာရှခေရီးစဉ်နဲ့ စင်္ကာပူကိုရောက်ရှိနေတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris က မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မဖြစ်မနေ ကူညီဖို့ လိုအပ်တယ်ဆိုတာကို စကာၤပူ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ပါတယ်။
အငြင်းပွါးစရာဖြစ်နေတဲ့ ထိုင်ဝမ် ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို သမ္မတ Tsai Ing-wen တနင်္လာနေ့မှာ ပထမဆုံးထိုးနှံခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ လတ်တလောရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းမယ့် အထူးကော်မီတီမှာ ပူးပေါင်းပါဝင်ကြဖို့ အတိုက်အခံခေါင်းဆောင်တွေကို မလေးရှားဝန်ကြီးချုပ်သစ် Ismail Sabri Yaakob က ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
အမေရိကန် ဒုသမ္မတ Kamala Harris ဟာ အရှေ့တောင်အာရှ နှစ်နိုင်ငံကိုသွားရောက်တဲ့ ခရီးစဉ်ရဲ့ ပထမ ခရီးတထောက်အဖြစ်နဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ စင်္ကာပူနိုင်ငံကို ရောက်ရှိသွားပါပြီ။
အာဖဂန်မှာ လတ်တလောဖြစ်နေတဲ့ပဋိပက္ခကို ဆွေးနွေးကြဖို့နဲ့ အခြေအနေတွေ ဒီထက်ဆိုးမသွားစေရေး နိုင်ငံတကာအသိုင်းဝိုင်းက နည်းလမ်း ဝိုင်းရှာကြဖို့တို့အတွက် G-7 စက်မှု ထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေအနေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးကြဖို့ အစည်းဝေး ခေါ်ထား ကြောင်း ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က ပြောပါတယ်။
မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့ ၂၄ နာရီအတွင်းCOVID-19 ဓါတ်ခွဲနမူနာ ၈၉၉၁ ခု စစ်ဆေးခဲ့တာမှာ ကူးစက်သူ လူနာသစ် ၂,၁၇၃ ဦး ရှိတာကြောင့် အခုထိ ကူးစက်ထားသူ ပေါင်း ၃၇၃,၆၈၅ ဦး ရှိပြီဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၊ မြန်မာသံရုံးက CDM သံတမန်နှစ်ဦးနေရာမှာ စစ်ကောင်စီက အစားထိုးခန့်အပ်သူလူသစ်၂ဦးကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဂျပန်အစိုးရက ငြင်းပယ်လိုက်ကြောင်းနဲ့ လူသစ် ၂ ဦးကို ဗီဇာပေးရင် မြန်မာစစ်ကောင်စီကိုအသိအမှတ်ပြုရာရောက်မှာဖြစ်ကြောင်း အစိုးရအရာရှိတွေကို ကိုးကားပြီး ဂျပန်သတင်းတွေမှာ ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀%ဒီနှစ်မကုန်ခင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးနိုင်အောင် ရည်ရွယ်လုပ်ဆောင်နေတဲ့အကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားပေမဲ့ လက်တွေ့ဖြစ်လာဖို့မှာတော့ အခက်အခဲ အများအပြား ရှိနေပါတယ်။
မလေးရှားနိုင်ငံမှာ ရာထူးကနုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် Muhyiddin Yassin နေရာအတွက် ဒု ဝန်ကြီးချုပ် Ismail Sabri Yaakob ကို ဒီနေ့မှာပဲ မလေးရှားဘုရင် Al-Sultan Abdullah က တခြား ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးပြီး ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်လိုက်ပါတယ်။
မေလအတွင်း တိုကျိုမြို့ ဂျပန်နဲ့ မြန်မာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နိုင်ငံတော်သီချင်း သီဆိုချိန် စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒပြခဲ့ပြီးတဲ့နောက် ခိုလှုံခွင့်လျှောက်ထားခဲ့သူ လက်ရွေးစင် ဘောလုံးသမားဟောင်း ပြည့်သျှံအောင်ကို ဂျပန်နိုင်ငံက ဒုက္ခသည်အဖြစ် တရားဝင်ခိုလှုံခွင့်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ သိပ်ကိုဆိုးရွားနေပြီး နိုင်ငံရေးအကျပ်အတည်းသာမက COVID-19 ကပ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Radio NUG ဆိုတဲ့ အသံလွှင့်အစီအစဉ်တခုကို ဒီကနေ့စပြီးတော့ စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ထုတ်လွှင့်မယ်လို့ အသိပေးကြေညာထားတဲ့ ရက်ကတည်းက မြန်မာနိုင်ငံတွင်း အထူးသဖြင့် မြို့ကြီးတွေမှာ ရေဒီယိုဝယ်ယူသူ အများအပြားရှိခဲ့တယ်လို့ ပြည်တွင်းကလာတဲ့သတင်းတွေမှာ တွေ့ရပါတယ်။
မလေးရှားနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ လနဲ့ချီ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် တနင်္လာနေ့က နုတ်ထွက်လိုက်တဲ့ ဝန်ကြီးချုပ် Muhyiddin Yassin ကို မလေးရှားဘုရင်က လောလောဆယ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ယာယီဆက်ခန့် ထားပါတယ်။
အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်ကို တာလီဘန်တွေ ဝင်ရောက် ထိန်းချုပ်ခဲ့ပြီး တရက်အကြာမှာ တိုင်းပြည်ကထွက်ခွာဖို့ ကြိုးစားကြသူတွေ ထောင်နဲ့ချီပြီး ဒီကနေ့ ကဘူးနိုင်ငံတကာလေဆိပ်မှာ တရုန်းရုန်းဖြစ်နေတာကြောင်တ့ အမေရိကန်တပ်သားတွေက သတိပေးပစ်ခတ်ခဲ့ရပါတယ်။
လူမျိုးတုံးသတ်ဖြတ်ခံရမယ့်ဘေးကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ကြုံတွေ့ခံစားခဲ့ရတဲ့အတွေ့အကြုံတွေကိုပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားနိုင်ငံက တရားရုံးတခုမှာ ထွက်ဆိုခွင့်ရကြတော့မယ်လို့ ယူကေ အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ BROUK က ပြောပါတယ်။
လန်ဒန်မြို့ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ကြုံနေရတာကြောင့် လန်ဒန်မြို့ ရဲတပ်ဖွဲ့နဲ့ဗြိတိသျှနိုင်ငံခြားရေး ဓန သဟာယနဲ့ ဖွံ့ဖြိုးရေးရုံကို တိုင်ကြားထားတယ်လို့ Myanmar Accountability Project အဖွဲ့ ဒါရိုက်တာ Christopher Gunness က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၃,၄၀၀ ကျော်၊ သေဆုံးသူ ၂၁၂ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကို ၂ လကျော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ အခုချိန်ထိ လျော့ကျမသွားသေးဘဲ ၁ ရက်အတွင်း ကူးစက်အတည်ပြု ၃,၆၁၁ ဦးနဲ့ သေဆုံး ၂၃၈ ဦးရှိကြောင်း တရားဝင်စာရင်းထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်