မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ COVID-19 တကျော့ပြန်ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရချိန်မှာပဲ စားနပ်ရိက္ခာ သန်းနဲ့ ချီတဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့ လာမယ့် ၆ လအတွင်း ရန်ပုံငွေ မလုံမလောက် ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က ဒီကနေ့ သတိပေးလိုက်ပါတယ်။
အရှေ့တောင်အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးနေတဲ့တချိန်တည်းမှာ အိုလံပစ်အားကစားပွဲ ကျင်းပနေတဲ့ ဂျပန်နိုင်ငံမှာ ဒီကနေ့ COVID 19 ကူးစက်သူ ၁၅,၀၀၀ ကျော်ရှိခဲ့တာကြောင့် ဒီအားကစားပွဲတွေကျင်းပတဲ့အပေါ် ကျန်းမာရေးပညာရှင်တွေကလည်း ဝေဖန်ပြစ်တင်နေကြပါတယ်။
စစ်ကိုင်းတိုင်းတဝိုက်က ရွာတွေမှာ ပြီးခဲ့တဲ့လအတွင်း စစ်တပ်က လူအစုလိုက် ညှင်းပမ်း သတ်ဖြတ်တဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအတွင်းရေးမှူးချုပ် Antonio Guterres ထံ မနေ့က စာရေးပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID 19 ကူးစက်သူ လူနာသစ် ၄,၁၃၂ ဦး ရှိပြီး ဒီကနေ့ သေဆုံးသူ ၂၉၃ ဦး ထပ်တိုးတာကြောင့် အခုထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၀,၉၈၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ကိုဗစ် တတိယလှိုင်း အရှိန်မြင့်ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၂,၃၉၄ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၃,၆၈၉ ဦးကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
ကိုဗစ် တတိယလှိုင်း အရှိန်မြင့်ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင် ၁၂,၀၃၅ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၄,၆၃၀ ဦးကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
နိုင်ငံတကာမှာ လတ်တလော တကြော့ပြန် ကူးစက် ပြန်နှံ့နေတဲ့ Delta ကိုဗစ်-၁၉ မျိုးကွဲဟာ အာရှတိုက်မှာလည်း အရှိန်မြင့်ကူးစက်နေပြီး ဒီကနေ့ တနင်္လာတရက်ထဲမှာတင် တရုတ် ပြည်တွင်း ကူးစက်သူ ၄၀ ဦး အပါအဝင် ကိုဗစ်-၁၉ ကူးစက်သူ ၇၉ ဦး တွေ့ခဲ့ပြီး နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်မှာ သန်းနဲ့ချီပြီး စစ်ဆေးပေးနေပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်မှာလည်း မုတ်သုန်မိုးကြောင့် ရေကြီး၊ မြေပြိုတာတွေဆက်တိုက်ဖြစ်ပွါးခဲ့ပြီး အနည်းဆုံး လူ ၁၁၃ ဦးသေဆုံးခဲ့သလို ၅၀ ထက်မနည်း ဒဏ်ရာရပြီး လူ ၁၀၀ လောက်ပျောက်ဆုံးနေပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်နေ့ ည (၈) နာရီ ထုတ်ပြန်ချက်အရ - လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၂,၄၇၄ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၄,၉၉၈ ဦးကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၃၅၉ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၅,၆၅၇ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၂၉၇ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ရဲ့ အရှေ့တောင်အာရှဒေသခရီးဟာ ဂျိုးဘိုင်ဒန်အစိုးရရဲ့ ပထမဆုံး အဆင့်အမြင့်ဆုံး ခရီးစဉ်လည်းဖြစ်ပါတယ်။
COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ဖို့အတွက်ဆိုပြီး ဇူလိုင်လ ၁၇ ရက် နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ကြားမှာပဲ ရန်ကုန်အပါအဝင် ဒေသတချို့မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။
ICRC က အကျဉ်းထောင် သွားလေ့လာတာနဲ့ အကူအညီပေးလုပ်ငန်းတွေကို COVID-19 ရောဂါ စဖြစ်ချိန်ကတည်းက ရပ်ထားရပြီး အကျဉ်းချထားတဲ့နေရာတွေမှာ COVID-19 ရောဂါနဲ့ အထွေထွေကျန်းမာရေးဆိုင်ရာ အကူအညီတွေ ထောက်ပံ့ ပေးအပ်နိုင်ဖို့အတွက်လည်း ထပ်ပြီး ကမ်းလှမ်းထားပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲတော်မှာ အားကစားသမားတွေ အပါအဝင် COVID-19 ရောဂါ ကူးစက်ခံထားရသူ ၁၂၇ ယောက် ရှိသွားပြီလို့ အားကစားပွဲ ကြီးကြပ်သူတွေကပြောပါတယ်။
မြန်မာနိုင်ငံနဲ့နီးတဲ့ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ Jiangcheng ခရိုင်မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှာဖြစ်ပြီး လုပ်ငန်းတွေ၊ ကျောင်းတွေ၊ ဈေးတွေ အားလုံးနဲ့ ခရိုင် အဝင်အထွက် အသွားအလာတွေကိတနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ပိတ်ထားမယ်လို့ တရုတ်အစိုးရက ကြေညာထားပါတယ်။
ကချင်ပြည်နယ်တွင်းက ဝေးလံခေါင်သီတဲ့အရပ်တွေမှာပါ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားတာတွေဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်အရေအတွက် အများအပြားဆုံးရှုံးပြီး စီးပွားရေးပိုင်းထိခိုက်နေပြီလို့ ILO ကပြောတာကို စစ်ကောင်စီ အလုပ်သမားဌာနက ငြင်းချက်ပြန်ထုတ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အစားထိုးဖို့ မြန်မာ အာဏာသိမ်း စစ်ကောင်စီက ဆက်ပြီး ကြိုးပမ်းနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခုံရုံးတွေကနေ လူ ၆၅ ယောက်ကို သေဒဏ်တွေ ချမှတ်ခဲ့တယ်လို့ HRW ကပြောပါတယ်။
အမေရိကန်နိုင်ငံနဲ့ နိုင်ငံတချို့က စီးပွားရေးလုပ်ငန်းတွေရဲ့ ကွန်ပြူတာစနစ်တွေထဲ အကြီးအကျယ် ထိုးဖောက်ဝင်ရောက်ပြီး လုပ်ငန်းတွေရပ်ဆိုင်းသွားအောင် ပိတ်ဆို့ ထားတဲ့စနစ်တွေကို ပြန်ဖွင့်ပေးဖို့ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၇၀ နဲ့ညီတဲ့cryptocurrency ဒီဂျစ်တယ်ငွေကြေး ပေးရမယ်လို့ ငွေညှစ်တောင်းဆိုနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်